• Follow Us on
Latest News

Home NLD ပါတီမွ တစ္ၿမိဳ႕နယ္လွ်င္ စည္း႐ုံးေရးစရိတ္ သိန္း ၃၀ စတင္ခ်ေပး

NLD ပါတီမွ တစ္ၿမိဳ႕နယ္လွ်င္ စည္း႐ုံးေရးစရိတ္ သိန္း ၃၀ စတင္ခ်ေပး

Share this post

ရန္ကုန္၊ ဇန္န၀ါရီ – ၂၃

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီမွ ပထမအႀကိမ္စည္း႐ုံးေရးစရိတ္အျဖစ္ တစ္ၿမိဳ႕နယ္လွ်င္္ ေငြက်ပ္ သိန္း ၃၀ ကို ယခုလမွစတင္ကာ ထုတ္ေပးေနေၾကာင္း ပါတီျပန္ၾကားေရးေကာ္မတီ၀င္အတြင္းေရးမွဴး မံုရြာ ေအာင္ရွင္က People Media သို႔ေျပာသည္။

စည္း႐ုံးေရးစရိတ္ က်ပ္သိန္း ၃၀ ကို ၿမိဳ႕နယ္အလုပ္အဖြဲ႕အတြက္ က်ပ္သိန္း ၂၀ ႏွင့္ ၿမိဳ႕နယ္အမ်ိဳးသမီးလုပ္ငန္း ေကာ္မတီႏွင့္ ၿမိဳ႕နယ္လူငယ္လုပ္ငန္းအဖြဲ႕အတြက္ ေငြက်ပ္ ၅သိန္းစီ ခြဲေ၀သံုးစြဲရမည္ျဖစ္ေၾကာင္းလည္း ယခု လ ၂၀ ရက္ ရက္စြဲႏွင့္ ထုတ္ျပန္သည့္ NLD ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ထုတ္ျပန္ခ်က္တြင္ ေဖၚျပထား သည္။

“ဟုတ္ပါတယ္ ဒီကိစၥကို တနဂၤေႏြေန႔က အစည္းအေ၀းလုပ္ၿပီး ေဒါက္တာမ်ိဳးညြန္(NLDေျပာေရးဆိုခြင့္ရွိသူ) လည္း အတည္ျပဳၿပီးၿပီ”ဟု NLD ျပန္ၾကားေရးေကာ္မတီအတြင္းေရးမွဴး မံုရြာေအာင္ရွင္ကေျပာသည္။

NLD ၿမိဳ႕နယ္အလုပ္မႈေဆာင္အဖြဲ႕မ်ားအေနနဲ႔ ယခုထုတ္ေပးသည့္ ပထမအႀကိမ္စည္း႐ုံးေရးစရိတ္ အစီရင္ခံစာ ကို သက္ဆိုင္ရာတိုင္းေဒသႀကီးစာရင္းစစ္အဖြဲ႕၏ သေဘာထားမွတ္ခ်က္ႏွင့္အတူ ဧၿပီလ ၃၀ ရက္ ေနာက္ဆံုး ထား၍ ဗဟိုအလုပ္မႈေဆာင္အဖြဲ႕သို႔ တင္ျပရမည္ျဖစ္ကာ အခ်ိန္မီေပးပို႔လာသည့္ ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ မ်ားအတြက္ ဒုတိယအႀကိမ္စည္း႐ုံးေရးစရိတ္ထုတ္ေပးရာတြင္ ထည့္သြင္းစဥ္းစားေပးသြားမည္ျဖစ္ေၾကာင္း လည္းသိရသည္။

NLDပါတီ ဗဟိုအလုပ္မႈေဆာင္၏ ယခုလ ၂၀ ရက္ ထုတ္ျပန္ခ်က္ထဲတြင္ ယခုထုတ္ေပးေငြသည္ ၿမိဳ႕နယ္ စည္း႐ုံးေရးလုပ္ငန္းစဥ္အတြက္သာျဖစ္ၿပီး ေအာင္ႏုိင္ေရးအတြက္ လံုးမဟုတ္ေၾကာင္းလည္းေဖၚျပထားသည္။

Photo – NLD Central Online Media Team

#PeopleMedia

(Unicode)
NLD ပါတီမှ တစ်မြို့နယ်လျှင် စည်းရုံးရေးစရိတ် သိန်း ၃၀ စတင်ချပေး …………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပထမအကြိမ်စည်းရုံးရေးစရိတ်အဖြစ် တစ်မြို့နယ်လျှင် ငွေကျပ် သိန်း ၃၀ ကို ယခုလမှစတင်ကာ ထုတ်ပေးနေကြောင်း ပါတီပြန်ကြားရေးကော်မတီဝင်အတွင်းရေးမှူး မုံရွာ အောင်ရှင်က People Media သို့ပြောသည်။

စည်းရုံးရေးစရိတ် ကျပ်သိန်း ၃၀ ကို မြို့နယ်အလုပ်အဖွဲ့အတွက် ကျပ်သိန်း ၂၀ နှင့် မြို့နယ်အမျိုးသမီးလုပ်ငန်း ကော်မတီနှင့် မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့အတွက် ငွေကျပ် ၅သိန်းစီ ခွဲဝေသုံးစွဲရမည်ဖြစ်ကြောင်းလည်း ယခု လ ၂၀ ရက် ရက်စွဲနှင့် ထုတ်ပြန်သည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ထုတ်ပြန်ချက်တွင် ဖေါ်ပြထား သည်။

“ဟုတ်ပါတယ် ဒီကိစ္စကို တနင်္ဂနွေနေ့က အစည်းအဝေးလုပ်ပြီး ဒေါက်တာမျိုးညွန်(NLDပြောရေးဆိုခွင့်ရှိသူ) လည်း အတည်ပြုပြီးပြီ”ဟု NLD ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။

NLD မြို့နယ်အလုပ်မှုဆောင်အဖွဲ့များအနေနဲ့ ယခုထုတ်ပေးသည့် ပထမအကြိမ်စည်းရုံးရေးစရိတ် အစီရင်ခံစာ ကို သက်ဆိုင်ရာတိုင်းဒေသကြီးစာရင်းစစ်အဖွဲ့၏ သဘောထားမှတ်ချက်နှင့်အတူ ဧပြီလ ၃၀ ရက် နောက်ဆုံး ထား၍ ဗဟိုအလုပ်မှုဆောင်အဖွဲ့သို့ တင်ပြရမည်ဖြစ်ကာ အချိန်မီပေးပို့လာသည့် မြို့နယ် အလုပ်အမှုဆောင် များအတွက် ဒုတိယအကြိမ်စည်းရုံးရေးစရိတ်ထုတ်ပေးရာတွင် ထည့်သွင်းစဉ်းစားပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။

NLDပါတီ ဗဟိုအလုပ်မှုဆောင်၏ ယခုလ ၂၀ ရက် ထုတ်ပြန်ချက်ထဲတွင် ယခုထုတ်ပေးငွေသည် မြို့နယ် စည်းရုံးရေးလုပ်ငန်းစဉ်အတွက်သာဖြစ်ပြီး အောင်နိုင်ရေးအတွက် လုံးမဟုတ်ကြောင်းလည်းဖေါ်ပြထားသည်။

Photo – NLD Central Online Media Team

#PeopleMedia


Share this post