• Follow Us on
Latest News

Home NLD ပါတီဝင်ဟောင်းဖြစ်သူကို သတင်းပေး (ဒလံ) ဟုဆိုကာ နေ့အိမ်သို့ လာရောက်နှောက်ယှက်မှုဖြစ်ပွား

NLD ပါတီဝင်ဟောင်းဖြစ်သူကို သတင်းပေး (ဒလံ) ဟုဆိုကာ နေ့အိမ်သို့ လာရောက်နှောက်ယှက်မှုဖြစ်ပွား

Share this post

ရန်ကုန်၊ မတ် ၁၂ (PeopleMedia)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ NLD ပါတီဝင်ဟောင်းတစ်ဦး၏ နေအိမ်ကို ရပ်ကွက်သတင်းပေး (ဒလန်) ဟု သတ်မှတ်ကာ နေအိမ်သို့ လာရောက်နှောက်ယှက်မှုများရှိခဲ့ကြောင်း ကာယကံရှင် တစ်ဦးမှ PeopleMedia သို့ အတည်ပြုပြောသည်။

ဒဂုံမြို့နယ် ရဲသတင်းပေး (ဒလန်) ဟု ဆိုကာ နေအိမ်သို့ လာရောက် နှောက်ယှက်ခြင်း ၊ နေအိမ်ရှေ့တွင် ဖတ်ရှုရန် မသင့်တော်သင့် စာများလာရောက်ရေးသားခြင်း ၊ နေအိမ်ရှေ့တွင် အမှိုက်များ စုကာလာရောက်ပုံခြင်း ကိစ္စများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်က ဆိုသည်။

“မတရားစွပ်စွဲထားတာပါ ၊ အိမ်ကိုလည်းမင်းမဲ့စရိုက်ဆန်စွာဆေးများမှုတ်သွားပါတယ်၊ အိမ်ကိုလဲ အမှိုက်တွေလာချသွားပါတယ်” ဟု ကာယကံရှင် ပြောသည်။

အဆိုပါ Social Punishment ပြုလုပ်ရန်အတွက် ဒဂုံမြို့နယ်မှ NLD ပါတီဝင်တချို့က ရပ်ကွက်အတွင်းလိုက်လံစည်းရုံးကာ လူမှုကွန်ယက်များတွင် ရေးသားမှုများပြုကာ ၎င်းမိသားစု နှင့် ဆက်ဆံခြင်းမပြုလုပ်ရန် စည်းရုံးမှုများကာ သတိပေးစာများကပ်နှံမှုများရှိခဲ့ကြောင်း ၎င်းကဆိုသည်။

” မဟုတ်ပဲနဲ့ အစွပ်စွဲခံရတဲ့အခါကျတော့ နစ်နာတယ်။ အများကြီး နစ်နာတယ် လုံခြုံရေးအပိုင်းရော မိသားစု အတွက်ရော အများကြီးနစ်နာတယ်” ဟု ကာယကံရှင် ကပြောသည်။

Social Punishment ပြုလုပ်ခံရသော NLD ပါတီဝင်သည် ဒဂုံမြို့နယ် တွင် NLD ပါတီဝင်အဖြစိ ၁၅ နှစ်ခန့် ပါတီတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် ပါတီမှ နှုတ်ထွက်ခဲ့သူ တစ်ဦးဖြစ်သည်။

CDM လှုပ်ရှားမှုများ အရှိန်မြှင့်လာသည် နှင့် အမျှ မြို့နယ်တချို့တွင် အမြင်မတူသည့် လူပုဂ္ဂိုလ်များကို ရဲသတင်းပေး(ဒလန်) ဟု သတ်မှတ်ကာ Social Punishment ပြုမှုများလဲရှိနေသည်။

#PeopleMedia #Social Punishment


Share this post