NLD ပါတီ၊ NLD အစုိးရႏွင့္ အတုိင္ပင္ခံကုိ ပုတ္္ခတ္ေျပာဆုိ္ေနသည့္ Orchid Hotel ပိုင္ရွင္ဦးေဌးေအာင္အား အေရးယူဖို႔အခ်ိန္တန္ၿပီ ျဖစ္ေၾကာင္း NLD ဗဟိုျပန္ၾကားေရးေကာ္မတီ၀င္ မံုရြာေအာင္ရွင္ေျပာဆုိ

PUBLISHED - August 10, 2020
ရန္ကုန္၊ ၾသဂုတ္ – ၁၀
NLD ပါတီ၊ NLD အစုိးရႏွင့္ အတုိင္ပင္ခံကုိ ပုတ္ခတ္ေျပာဆုိ္ေနသည့္ Orchid Hotel ပိုင္ရွင္ဦးေဌးေအာင္အား အေရးယူဖို႔အခ်ိန္တန္ၿပီ ျဖစ္ေၾကာင္း NLD ဗဟိုျပန္ၾကားေရးေကာ္မတီ၀င္ မံုရြာေအာင္ရွင္ေျပာဆုိလုိက္သည္။
ဦးေဌးေအာင္သည္ ေရြးေကာက္ပဲြနီးလာၿပီျဖစ္၍ NLD အေပၚျပည္သူလူထုအထင္မွားေစေအာင္ေျပာဆိုေနျခင္း၊ NLD ပါတီအေပၚေျပာသည့္အခ်က္အလက္မ်ားသည္လည္း ခိုင္မာမႈမရွိျခင္း၊ အစိုးရကိုေရာ ပါတီကိုေရာ ပုတ္ခတ္ျခင္း စသည့္အခ်က္မ်ားေၾကာင့္ အေရးယူသင့္ေၾကာင္း NLD ဗဟိုျပန္ၾကားေရးေကာ္မတီ၀င္ မံုရြာ ေအာင္ရွင္ကေျပာသည္။
“ကၽြန္ေတာ္ကေတာ့ ဒီကိစၥကိုအေရးယူဖို႔သင့္ၿပီ အခ်ိန္တန္ၿပီဟု ဒါကၽြန္ေတာ္တစ္ဦးခ်င္း၏အျမင္ပါ။ သို႔ေ သာ္လည္း CEC ကဘယ္လိုဆံုးျဖတ္အံုးမလဲေတာ့မသိဘူး။ ကၽြန္ေတာ္ထင္တယ္ CEC က ဒီရက္ပိုင္းမွာ အစည္းအေ၀းလုပ္ၿပီး ဒီကိစၥကို ဘယ္လိုဆက္ၿပီးုလုပ္ရမယ္ဆိုတာကို ဆံုးျဖတ္လိမ့္မယ္လို႔ထင္ပါတယ္” ဟု NLD ဗဟိုျပန္ၾကားေရးေကာ္မတီ၀င္မံုရြာေအာင္ရွင္ကေျပာသည္။
Orchid Hotel ပိုင္ရွင္ဦးေဌးေအာင္သည္ NLD ပါတီအားႏိုင္ငံေရးပါတီအျဖစ္မွပယ္ဖ်က္ႏိုင္သည့္ အေထာက္အထားမ်ား ခ်ျပသည့္အခမ္းအနားကို ယခုလ ၈ ရက္၌ Orchid Hotel တြင္က်င္းပျပဳလုပ္ခဲ့ၿပီး ၎၏ ေျပာဆုိခ်က္မ်ားကုိ လူမႈကြန္ယက္မွ တစ္ဆင့္ တိုက္႐ိုက္ထုတ္လႊင့္ခဲ့သည္။
အဆုိပါ အခမ္းအနားတြင္ NLD ပါတီမွႏိုင္ငံျခားတိုင္းျပည္မွရယူထားေသာေငြမ်ား(သို႔မဟုတ္) အဖဲြ႕အစည္း တစ္ခုခု၏ ေငြမ်ားကို ရယူထားေၾကာင္း Orchid Hotel ပိုင္ရွင္ ဦးေဌးေအာင္ကေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဦးေဌးေအာင္သည္ လာမည့္ေရြးေကာက္ပြဲ၌ ေကာ့မွဴးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ဝင္ ေရာက္ယွဥ္ၿပိဳင္ရန္ ျပင္ဆင္လ်က္ရွိသည္။
#PeopleMedia #NLD #ဦးေဌးေအာင္
(unicode)
NLD ပါတီ၊ NLD အစိုးရနှင့် အတိုင်ပင်ခံကို ပုတ်ခတ်ပြောဆို်နေသည့် Orchid Hotel ပိုင်ရှင်ဦးဌေးအောင်အား အရေးယူဖို့အချိန်တန်ပြီ ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ပြောဆို
………………………………………………
ရန်ကုန်၊ ဩဂုတ် – ၁၀
NLD ပါတီ၊ NLD အစိုးရနှင့် အတိုင်ပင်ခံကို ပုတ်ခတ်ပြောဆို်နေသည့် Orchid Hotel ပိုင်ရှင်ဦးဌေးအောင်အား အရေးယူဖို့အချိန်တန်ပြီ ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ပြောဆိုလိုက်သည်။
ဦးဌေးအောင်သည် ရွေးကောက်ပွဲနီးလာပြီဖြစ်၍ NLD အပေါ်ပြည်သူလူထုအထင်မှားစေအောင်ပြောဆိုနေခြင်း၊ NLD ပါတီအပေါ်ပြောသည့်အချက်အလက်များသည်လည်း ခိုင်မာမှုမရှိခြင်း၊ အစိုးရကိုရော ပါတီကိုရော ပုတ်ခတ်ခြင်း စသည့်အချက်များကြောင့် အရေးယူသင့်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာ အောင်ရှင်ကပြောသည်။
“ကျွန်တော်ကတော့ ဒီကိစ္စကိုအရေးယူဖို့သင့်ပြီ အချိန်တန်ပြီဟု ဒါကျွန်တော်တစ်ဦးချင်း၏အမြင်ပါ။ သို့ ေသာ်လည်း CEC ကဘယ်လိုဆုံးဖြတ်အုံးမလဲတော့မသိဘူး။ ကျွန်တော်ထင်တယ် CEC က ဒီရက်ပိုင်းမှာ အစည်းအဝေးလုပ်ပြီး ဒီကိစ္စကို ဘယ်လိုဆက်ပြီးုလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်လိမ့်မယ်လို့ထင်ပါတယ်” ဟု NLD ဗဟိုပြန်ကြားရေးကော်မတီဝင်မုံရွာအောင်ရှင်ကပြောသည်။
Orchid Hotel ပိုင်ရှင်ဦးဌေးအောင်သည် NLD ပါတီအားနိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်နိုင်သည့် အထောက်အထားများ ချပြသည့်အခမ်းအနားကို ယခုလ ၈ ရက်၌ Orchid Hotel တွင်ကျင်းပပြုလုပ်ခဲ့ပြီး ၎င်း၏ ပြောဆိုချက်များကို လူမှုကွန်ယက်မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် NLD ပါတီမှနိုင်ငံခြားတိုင်းပြည်မှရယူထားသောငွေများ(သို့မဟုတ်) အဖွဲ့အစည်း တစ်ခုခု၏ ငွေများကို ရယူထားကြောင်း Orchid Hotel ပိုင်ရှင် ဦးဌေးအောင်ကပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဌေးအောင်သည် လာမည့်ရွေးကောက်ပွဲ၌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။