NLD ပါတီ မင်္ဂလာတောင်ညွှန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း COVID-19 ရောဂါကူးစက်ခံရ

PUBLISHED - January 23, 2021
ရန်ကုန်၊ ဇန်နဝါရီ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
NLD ပါတီ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း COVID-19 ရောဂါပိုးကူးစက်ခံ ရကြောင်း သူနှင့် နီးစပ်သူများထံမှ သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းသည် တတိယအကြိမ် လွှတ်တော်တက်ရောက်ရန် နေပြည်တော်သို့ ယမန်နေ့ရောက်ရှိကြောင်း၊ ထိုနောက် နေပြည်တော်တွင် COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ရာတွင် ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“COVID-19 ပိုးထိတာက ဟုတ်တာတော့ ဟုတ်တယ်။ နဂိုကတည်းက ရောဂါအခံမရှိတော့ ဘာမှတော့ မဖြစ်ပါဘူး” ဟု ဒေါ်ဖြူဖြူသင်းအား စောင့်ရှောက်ပေးနေသူတစ်ဦးက People Media သို့ ပြောသည်။
လက်ရှိ ဒေါ်ဖြူဖြူသင်းကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးကုသခံနေလျက်ရှိပြီး ကျန်းမာရေး ကောင်း မွန်လျက်ရှိကြောင်း သိရသည်။
ဒေါ်ဖြူဖြူသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလတုန်းကလည်း အနံပျောက်၍ သူ၏အိမ်၌ Home Quarantine ဝင်ခဲ့ရသေးသည်။
#PeopleMedia
(unicode)
……………………………………………………..
#PeopleMedia