NLD ပါတီ အပါအဝင် ကျောင်းသားသမဂ္ဂများနှင့် နိုင်ငံရေးပါတီတချို့မှ လူပုဂ္ဂိုလ် ၂၈ ယောက်ကို ပုဒ်မ ၅၀၅-က နဲ့ အရေးယူ

PUBLISHED - March 11, 2021
ရန်ကုန်၊ မတ်- ၁၁ (PeopleMedia)
CDM လှုပ်ရှားမှုများတွင်ပါဝင်ဦးဆောင်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ကျောင်းသားသမဂ္ဂများ နှင့် နိုင်ငံရေးပါတီတချို့မှလူပုဂ္ဂိုလ် ၂၈ ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် ရဲစခန်းများတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြစ် အရေးယူထားကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။
အထက်ပါ လူပုဂ္ဂိုလ် ၂၈ ဦးအနက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါိငျးဆောငျဟောငျးမြားနှငျ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဦးဆောင်သူများကို မတ်လ ၁၀ ရက်နေ့တွင် ဖမ်းဆီးအရေးယူထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။
အထက်ပါ သတင်းများတွင် ဖော်ပြချက်များအရ ပြီးခဲ့သည့် ရက်ပိုင်းက တာမွေမြို့ ရဲစခန်းရှိ ဗညားဒလလမ်းတွင် လူအင်အားတစ်ထောင်ကျော်ဖြင့် ဆန္ဒပြသပိတ်အင်အားစုကို လုံခြုံရေးတပ်ဖွဲ့က တားဆီးပိတ်ဆို့၍ အသံဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲ၍ ကျား ၁၈၈ ဦး၊ မ ၂၀၀၊ သံဃာတစ်ပါး တို့ကို ထိန်းသိမ်းထားပြီး ဗကသ ဦးဆောင်သူ ကိုဝေယံဖြိုးမိုးအပါအဝင် ခြောက်ဦးကို ကျိုက္ကဆံတွင် ဖမ်းဆီးထိန်းသိမ်းကြောင်း ဖော်ပြပါရှိသည်။
အဆိုပါဖမ်းဆီးရမိသူ ဗကသ ကိုဝေယံဖြိုးမိုး နှင့် ဗကသ ကျောင်းသားများ ထွက်ဆိုချက်အရ CDM တွင် ပါဝင်ဦးဆောင်သူများဖြစ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသဟောင်း) လက်ရှိ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS တို့ မှ ဦးဆောင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
အလားတူ CDM လှုပ်ရှားမှုများတွင် ခေါင်းဆောင်ကာ လှုပ်ရှားလျက်ရှိသော ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျော်ကိုကို အပါအဝင် ၂၃ ဦးတို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကမာရွက် ၊ တာမွေ နှင့် မရမ်းကုန်းတို့တို့တွင် အမှု့ဖွင့်ထားကြောင်း ဖော်ပြပါရှိသည်။
#PeopleMedia