• Follow Us on

Home NLD လက်ထက် ဝန်ကြီးချုပ်တွေကိုယ်တိုင် မဲခိုးဖို့ ဘယ်လိုကြိုးစားခဲ့တာလဲ

NLD လက်ထက် ဝန်ကြီးချုပ်တွေကိုယ်တိုင် မဲခိုးဖို့ ဘယ်လိုကြိုးစားခဲ့တာလဲ

Share this post

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီဟာ နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ အတင်း အဓမ္မရယူဖို့အတွက် မဲ ၁၁ သန်းကျော် ခိုးခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ NLD ဝန်ကြီးချုပ်ဟောင်းတွေကိုယ်တိုင် သူတို့အုပ်ချုပ်တဲ့ တိုင်းထဲက သူတို့ ဝင်ရောက်အရွေးခံမယ့်နေရာတွေအပြင် သူတို့အုပ်ချုပ်တဲ့တိုင်းထဲက တခြားနေရာတွေမှာပါ NLD ပါတီ အနိုင်ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ကူညီခဲ့တာတွေ၊ မသမာတဲ့နည်းလမ်းမျိုးစုံနဲ့ မဲခိုးပြီး မနိုင်နိုင်အောင် လုပ်ဖို့ဆောင်ရွက်ခဲ့ကြတာတွေ အများကြီးပါ။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ ဦးဇော်မြင့်မောင်ဟာ သူဝင်ရောက်အရွေးခံမယ့် အမရပူရမြို့နယ်အပြင် သူအုပ်ချုပ်တဲ့ မန္တလေးတိုင်းထဲက တခြားမြို့နယ် နေရာအားလုံးမှာပါ NLD ပါတီ အနိုင်ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ကူညီခဲ့တာတွေ၊ မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ မဲခိုးပြီး မနိုင်နိုင်အောင် ဆောင်ရွက်ခဲ့တာမျိုးတွေပဲဖြစ်ပါတယ်။

 

NLD ပါတီ ဝန်ကြီးချုပ်ဟောင်းတွေဟာ သူတို့ဝင်ရောက်အရွေးခံမယ့် နေရာတွေမှာ မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ မဲခိုးခဲ့တဲ့အထောက်အထားတွေလည်း အများကြီးပါပဲ။ သေဆုံးသွား ပြီဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ ဦးဇော်မြင့်မောင် ဝင်ပြိုင်ခဲ့တဲ့ အမရပူရ မြို့နယ်မှာဆိုရင် UEC ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ ၁၈၁၆၆၄ ဦးနဲ့ ပုံစံ ၁ အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှာ ၁၇၄၃၆၉ ဦးရှိခဲ့ပြီး စိစစ်တွေ့ရှိချက် တွေအရ မဲမသမာမှု ဖြစ်နိုင်တဲ့ ထပ်နေတဲ့မဲစာရင်းနဲ့ အခြားမဲစာရင်းအရေအတွက်မှာ ၂၃၇၅၆ ဦးရှိတာကို စစ်ဆေး တွေ့ရှိခဲ့ရတယ်။ မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးအောင်မိုးညို ဝင်ပြိုင်ခဲ့တဲ့ ပွင့်ဖြူမြို့နယ်မှာ ဆိုရင်လည်း UEC ရဲ့ မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၃၆၁၃၆ ဦးနဲ့ ပုံစံ ၁ အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှာ ၁၃၃၄၂၇ ဦးရှိခဲ့ပြီး စိစစ်တွေ့ရှိချက်တွေအရ မဲမသမာမှုဖြစ် နိုင်တဲ့ ထပ်နေတဲ့မဲစာရင်းနဲ့ အခြားမဲစာရင်း အရေအတွက်မှာ ၃၁၀၁၂ ဦးရှိတာကို စစ်ဆေးတွေ့ ရှိခဲ့ရတယ်။ ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း ဝင်ပြိုင်ခဲ့တဲ့ ရေတာရှည်မြို့နယ်မှာဆိုရင် UEC ရဲ့ မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၇၀၂၀ ဦးနဲ့ ပုံစံ ၁ အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှာ ၁၆၅၂၁၀ ဦးရှိခဲ့ပြီး စိစစ်တွေ့ရှိချက်တွေအရ မဲမသမာမှုဖြစ်နိုင်တဲ့ ထပ်နေတဲ့မဲစာရင်းနဲ့ အခြားမဲစာရင်းအရေအတွက်မှာ ၅၉၇၃၃ ဦးရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်။  ဒါတွေဟာ မဲမသမာမှု မဟုတ်ဘူး၊ မဲခိုးခဲ့တာမဟုတ်ဘူးလို့ ဘယ်လိုအထောက်အထား တွေနဲ့ ဘယ်လိုလူတွေက ငြင်းနိုင်မှာလဲ…? ဒါ့ကြောင့်လည်း သူတို့တွေကို မဲသူခိုးတွေလို့ ခေါ်ကြတာပေါ့။

 

၂၀၂၀ ရွေးကောက်ပွဲမှာ အဲဒီလိုမျိုး မဲခိုးပြီးအနိုင်ယူဖို့ NLD ဝန်ကြီးချုပ်ဟောင်းတွေ ကိုယ်တိုင် မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ ဘယ်လိုတွေ ကြိုတင်ကြံစည်အားထုတ်ခဲ့တာလဲ ဆိုတော့ သူတို့အုပ်ချုပ်တဲ့၊ သူတို့ ဝင်ရောက် အရွေးခံမယ့်၊ သူတို့ဝင်ပြိုင်ချင်တဲ့ နေရာတွေနဲ့ တခြား နေရာတွေမှာ လဝက ဝန်ကြီးတွေ တိုးချဲ့ခန့်အပ်ပြီး UEC မဲစာရင်းနဲ့ လဝက ရဲ့စာရင်းကို သိပ်မကွာအောင် ညှိဖို့ကြိုးစားခဲ့တာတွေ၊ မဲလက်မှတ်တွေ အပိုရိုက်ထုတ်တာတွေ၊ ဒီလို မဲလက်မှတ်အပိုတွေ ရိုက်ထုတ်ပြီး ကြိုတင်မဲတွေနဲ့ လိုအပ်တဲ့နေရာတွေမှာ လိုသလိုဖြည့်လို့ လှည့်လို့ရအောင် လုပ်ခဲ့တာတွေ၊ NLD ပါတီအလံတွေ၊ NLD တံဆိပ်တွေအသုံးပြုကာ NLD တံဆိပ်တပ်ထားတဲ့ ဆိုက်ကားတွေ၊ ဆိုင်ကယ်တွေ၊ မြင်းလှည်းတွေ၊ ကားတွေနဲ့ အိမ်တိုင်ရာ ရောက်သွားပြီး ကြိုတင်မဲကောက်ခိုင်းခဲ့တာတွေ၊ UEC တံဆိပ်မပါ၊ တံဆိပ်တုံးမထုဘဲ ဘောပင် နဲ့အမှန်ခြစ်ထားလည်း ခိုင်လုံမဲထည့်ရေတွက်လို့ရအောင် ညွှန်ကြား ချက်ထုတ်ခဲ့တာတွေ၊ Covid ကြောင့် ကြိုတင်မဲပေးထားပြီးသူတွေလည်း မဲထပ်ပေးလို့ရအောင် တစ်ဖက်လှည့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ခဲ့တာတွေ၊ NLD ထောက်ခံသူတွေနဲ့ အမာခံတွေကို ရပ်/ကျေးဥက္ကဋ္ဌတွေအဖြစ်၊ ရွေးကော်အဖွဲ့ဝင်တွေအဖြစ် ကြိုတင်အစားထိုးခဲ့တာတွေ၊ သာဓကအနေနဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းက သူ့ရဲ့တူမ NLD အမာခံ ဒေါ်စန်းစန်းမြတ်ကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်ဖွဲ့ထားသလိုမျိုးတွေပေါ့။ ပြီးတော့ မဲရုံမှူးတွေနဲ့ မဲရုံအဖွဲ့ဝင် တွေကိုလည်း NLD ထောက်ခံသူတွေကိုပဲ ခန့်အပ်တာဝန်ပေးပြီး ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ်လိုသလိုဝေပြီး အနိုင်ယူဖို့ ကြိုးစားခဲ့တာတွေ၊ အဲဒီလို ထောက်ခံသူ တွေကို အစားထိုးခန့်အပ်ပြီး မဲလာမပေးနိုင်တဲ့သူကိုပဲဖြစ်ဖြစ်၊ သေဆုံးပြီး မဲစာရင်းမှာ ပါဝင်နေသူကိုပဲဖြစ်ဖြစ် NLD ရပ်/ကျေး ကော်မရှင်တွေနဲ့ NLD ထောက်ခံသူ မဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေဟာ NLD အမတ်လောင်း နေရာတွေမှာ တံဆိပ်တုံးထုပြီး မဲပုံးထဲထည့်ခြင်း စတဲ့ ဥပဒေမဲ့လုပ်ရပ်များ လျှို့ဝှက်ကျူးလွန် ခိုင်းခဲ့တာတွေ စတဲ့ မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့မဲခိုးပြီး မနိုင်နိုင်အောင် ကြိုးစားခဲ့ကြတာတွေ ကို သက်သေအထောက်အထားတွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

 

ဒါ့ကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှာ တရားမဝင်တဲ့ မဲဆန္ဒရှင်တွေ၊ နှစ်ကြိမ် သုံးကြိမ် ပါနေတဲ့ မဲဆန္ဒရှင်တွေ၊ အသက် ၁၀၀ နှစ်ကျော် သေဆုံးပြီးသူတွေ၊ မဲဆန္ဒနယ် နှစ်နေရာ သုံးနေရာမှာ ထပ်တလဲလဲ ပါနေသူတွေ၊ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေ၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုခု မရှိတဲ့သူတွေ၊ စုစုပေါင်း ၁၁ သန်းကျော် ပါနေတာဟာ NLD ဝန်ကြီးချုပ်ဟောင်းတွေကိုယ်တိုင် သူတို့အုပ်ချုပ်တဲ့တိုင်းထဲက သူတို့ ဝင်ရောက်အရွေးခံမယ့် နေရာတွေအပြင် သူတို့အုပ်ချုပ်တဲ့တိုင်းထဲက တခြားမြို့နယ် နေရာ အားလုံးမှာပါ NLD ပါတီ အနိုင်ရရှိအောင် မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ မနိုင်နိုင်အောင် မဲမသမာမှုပြုလုပ်ဖို့ တစ်နည်းအားဖြင့် (မဲခိုးဖို့) စနစ်တကျ ကြိုတင်ကြံစည်ခဲ့တာဖြစ်ကြောင်း တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေ သိရှိနိုင်စေဖို့ ထပ်မံဖော်ပြ ပေးလိုက်ပါတယ်။

 

မင်းမင်း


Share this post