NLD အစိုးရလက္ထက္တြင္ ၀န္ထမ္းစည္းမ်ဥ္းစည္းမ်ဥ္းစည္းကမ္းမလိုက္နာျခင္းေၾကာင့္ ရာထူးႏွင့္ ၀န္ထမ္း အျဖစ္မွ ထုတ္ပယ္ခံရသူ ႏွစ္ေထာင့္ငါးရာေက်ာ္ရွိ

PUBLISHED - June 19, 2020
ရန္ကုန္၊ ဇြန္ ၁၉
NLD အစိုးရလက္ထက္တြင္ ႏိုင္ငံ၀န္ထမ္းစည္းမ်ဥ္းစည္းကမ္းမလိုက္နာျခင္းေၾကာင့္ ရာထူးမွထုတ္ပယ္ျခင္း၊ ၀န္ထမ္းအျဖစ္မွ ထုတ္ပယ္ခဲ့ျခင္းခံရသည့္ ၀န္ထမ္းေပါင္း ၂၅၃၂ ဦးရွိေၾကာင္း ျပည္ေထာင္စုရာထူး၀န္ အဖြဲ႕၀န္ ဦးေစာဗယ္လင္တိုင္းကေျပာသည္။
ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္၌ျပဳလုပ္သည့္ ျပည္ေထာင္စုရာထူး၀န္အဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ားႏွင့္ပတ္ သက္ၿပီး ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဦးေစာဗယ္လင္းတိုင္းက အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္း လည္းျဖစ္သည္။
ႏိုင္ငံ၀န္ထမ္းစည္းမ်ဥ္းစည္းကမ္းမ်ားအား လိုက္နာျခင္းမရွိျခင္းေၾကာင့္ ရာထူးမွ ထုတ္ပယ္ခံရသည့္၀န္ထမ္း ၁၇၂၇ ဦး၊ ထုတ္ပယ္ျခင္းခံရသူ ၈၀၅ ဦး စုစုေပါင္း ၂၅၃၂ ဦးထုတ္ပယ္ခဲ့ျခင္းျဖစ္သည္။
ယင္းသို႔ထုတ္ပယ္ခံရသည့္၀န္ထမ္းမ်ားတြင္ ၫႊန္ၾကားေရးမွဴးခ်ဳပ္အဆင့္ႏွင့္ ဦးေဆာင္ၫႊန္ၾကားေရးမွဴး အဆင့္မ်ားအထိ ပါ၀င္ေၾကာင္းလည္းသိရသည္။
(unicode)
NLD အစိုးရလက်ထက်တွင် ဝန်ထမ်းစည်းမျဉ်းစည်းမျဉ်းစည်းကမ်းမလိုက်နာခြင်းကြောင့် ရာထူးနှင့် ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခံရသူ နှစ်ထောင့်ငါးရာကျော်ရှိ
……………………………………………………
ရန်ကုန်၊ ဇွန် ၁၉
NLD အစိုးရလက်ထက်တွင် နိုင်ငံဝန်ထမ်းစည်းမျဉ်းစည်းကမ်းမလိုက်နာခြင်းကြောင့် ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းခံရသည့် ဝန်ထမ်းပေါင်း ၂၅၃၂ ဦးရှိကြောင်း ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝန် ဦးစောဗယ်လင်တိုင်းကပြောသည်။
ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ပြုလုပ်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ရွက်ချက်များနှင့်ပတ် သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးစောဗယ်လင်းတိုင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း လည်းဖြစ်သည်။
နိုင်ငံဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်းမရှိခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခံရသည့်ဝန်ထမ်း ၁၇၂၇ ဦး၊ ထုတ်ပယ်ခြင်းခံရသူ ၈၀၅ ဦး စုစုပေါင်း ၂၅၃၂ ဦးထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ထုတ်ပယ်ခံရသည့်ဝန်ထမ်းများတွင် ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး အဆင့်များအထိ ပါဝင်ကြောင်းလည်းသိရသည်။