• Follow Us on

Home NLD ပါတီနာယက သူရဦးတင်ဦး ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်း

NLD ပါတီနာယက သူရဦးတင်ဦး ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်း

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ယနေ့ ဆေးရုံမှ ဆင်းလာပြီဖြစ်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘိုဘိုဦးမှ သူ၏လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီး ရန်ကုန်ပြည်သူ့ဆေးရုံသစ် (စိန့်ဂျွန်း)သို့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က တက်ရောက်ကုသနေရာမှ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ပျောက် ကင်းသက်သာလာ၍ ဆေးရုံမှဆင်းလာပြီဖြစ်ကြောင်း သိရသည်။

 

ယခုအခါ နာယကကြီးသူရဦးတင်ဦးသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗောဓိရိပ်သာလမ်းရှိ နေအိမ်သို့ ယနေ့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 

#PeopleMedia


Share this post