• Follow Us on

Home NLD ပါတီမှလွဲ၍ အတည်ပြုနိုင်ငံရေးပါတီ ၉၂ ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စိစစ်မှုပြီးစီး

NLD ပါတီမှလွဲ၍ အတည်ပြုနိုင်ငံရေးပါတီ ၉၂ ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စိစစ်မှုပြီးစီး

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပေဒအရ ပါတီရန်ပုံငွေကိစ္စအပါအဝင် ပါတီဝင်အင်အားများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ စိစစ်လျက်ရှိရာ အတည်ပြု နိုင်ငံရေးပါတီ ၉၃ ပါတီအနက် ၉၂ ပါတီအား စိစစ်မှုများ ပြုလုပ်ခဲ့ပြီး NLD ပါတီတစ်ခုထဲသာ ကျန်ရှိတော့ကြောင်း သိရပါတယ်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၈ ရက်အတွင်း NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၅ ခုအား စိစစ်မှုများ ပြုလုပ်ရန် အကြောင်းကြားစာပေးပို့ခဲ့သော်လည်း NLD ပါတီသည် လာရောက်စိစစ်မှုခံယူမှုမရှိဘဲ ပျက်ကွက်ခဲ့ ကြောင်း UEC မှ သိရပါတယ်။

 

လက်ရှိတွင် NLD ပါတီ ဗဟိုအဆင့်တာဝန်ရှိသူများသည် အကျဉ်းကျခြင်း၊ သေဆုံးခြင်းများ ရှိနေသည့်အပြင် တချို့သော လူပုဂ္ဂိုလ်များသည် အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိပါတယ်။

 

အထက်ပါကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်မှုအား အစစ်ဆေးခံရာတွင် ပျက်ကွက်ခဲ့သည့် အတွက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း သိရပါတယ်။

 

#PeopleMedia #NLD #UEC #နိုင်ငံရေးပါတီ

 

(unicode)


………………………………………………………………..

 


 


 


 


 


 



Share this post