• Follow Us on

Home NLD ပါတီမွ SNLD ပါတီကို တရားဝင္ ေတာင္းပန္ျခင္း မျပဳလုပ္လွ်င္ ဥပေဒအရ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း SNLD ေျပာဆို

NLD ပါတီမွ SNLD ပါတီကို တရားဝင္ ေတာင္းပန္ျခင္း မျပဳလုပ္လွ်င္ ဥပေဒအရ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း SNLD ေျပာဆို

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၁၀

တာခ်ီလိတ္ၿမိဳ႕၌ က်င္းပသည့္ ICJ တရား႐ုံးသို႔ သြားေရာက္ရင္ဆိုင္သည့္ နိုင္ငံေတာ္အတိုင္ပင္ခံကို ေထာက္ခံပြဲ၌ SNLD ပါတီမွ ပါတီဝင္မ်ား တက္ေရာက္ျခင္း မရွိေသာ္လည္း ပါတီဝင္အျဖစ္ လူစားထိုးျခင္းကို ပြဲစီစဥ္သူမ်ားမွ ျပဳ႕လုပ္ခဲ့သည္။

အဆိုပါ ေထာက္ခံပြဲကို SNLD ပါတီဝင္မ်ားႏွင့္ပါတီေခါင္းေဆာင္မ်ား တက္ေရာက္ရန္ NLD ပါတီမွ ဖိတ္ၾကားခဲ့သည္။ဖိတ္ၾကားမႈအေပၚ SNLD ပါတီမွ ေခါင္းေဆာင္မ်ားႏွင့္ ပါတီဝင္တက္ေရာက္ခဲ့ျခင္း မရွိေၾကာင္း SNLDပါတီ ေခါင္းေဆာင္မ်ားက အတည္ျပဳ႕သည္။

သို႔ေသာ္ ေထာက္ခံပြဲသို႔ SNLD ပါတီ မတက္ေရာက္ေသာ္လည္း ေထာက္ခံပြဲက်င္းပရာ၌ SNLD ပါတီကိုယ္စားျပဳ႕ တက္ေရာက္ခဲ့သည့္ ဓါတ္ပုံမ်ား ထြက္ေပၚလာခဲ့သည္။

“လိမ္လည္မႈတစ္ခုပါ။ပါတီရဲ႕ သေဘာထား မပါဘဲ ပါတီရဲ႕ ပုံရိပ္ကို အသုံးျပဳ႕တဲ့အေပၚ ျပင္းထန္စြာ ရႈတ္ခ်တယ္။တရားဝင္ျပန္ေတာင္းပန္ပါ။တရားဝင္ ေတာင္းပန္ျခင္း မရွိရင္ ဥပေဒအရ ေဆာင္႐ြက္သြားမယ္”ဟု SNLD ပါတီ တြဲဖက္အတြင္းေရးမႉ ဦးစိုင္းလိတ္က People Media သို႔ အတည္ျပဳ႕ေျပာဆိုသည္။

တာခ်ီလိတ္ၿမိဳ႕၌ က်င္းပခဲ့သည့္ နိုင္ငံေတာ္အတိုင္ပင္ခံအား ေထာက္ခံသည့္ ေထာက္ခံပြဲ ဓါတ္ပုံမ်ားကို တာခ်ီလိတ္မီဒီယာမွ ေဖာ္ျပရာတြင္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD)ပါတီမွ တက္ေရာက္ေၾကာင္း ေဖာ္ျပထားသည္။

“ဒီဓါတ္ပုံထဲမွာ ပါတဲ့သူေတြက SNLD ပါတီဝင္ေတြမဟုက္ဘူး။ေသျခာ စီစစ္ၿပီးၿပီ။ဒါက လိမ္လည္မႈႀကီးပါ”ဟု SNLD ပါတီ တြဲဖက္အတြင္းေရးမႉး ဦးစိုင္းလိတ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၌ က်င္းပသည့္ အတိုင္ပင္ခံ ေထာက္ခံပြဲကို NLD ပါတီမွ ဦးေဆာင္က်င္းပခဲ့ေၾကာင္း ေဒသခံ နိုင္ငံေရးပါတီမ်ားက အတည္ျပဳ႕ေျပာဆိုသည္။

#PeopleMedia #SNLD #NLD

[Unicode]
NLD ပါတီမှ SNLD ပါတီကို တရားဝင် တောင်းပန်ခြင်း မပြု့လုပ်လျှင် ဥပဒေအရ ဆောင်ရွက်မည်ဖြစ်ကြောင်း SNLD ပြောဆို
……………………………………………………………………………

ရန်ကုန်၊ဒီဇင်ဘာ-၁၀

တာချီလိတ်မြို့၌ ကျင်းပသည့် ICJ တရားရုံးသို့ သွားရောက်ရင်ဆိုင်သည့် နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံပွဲ၌ SNLD ပါတီမှ ပါတီဝင်များ တက်ရောက်ခြင်း မရှိသော်လည်း ပါတီဝင်အဖြစ် လူစားထိုးခြင်းကို ပွဲစီစဉ်သူများမှ ပြု့လုပ်ခဲ့သည်။

အဆိုပါ ထောက်ခံပွဲကို SNLD ပါတီဝင်များနှင့်ပါတီခေါင်းဆောင်များ တက်ရောက်ရန် NLD ပါတီမှ ဖိတ်ကြားခဲ့သည်။ဖိတ်ကြားမှုအပေါ် SNLD ပါတီမှ ခေါင်းဆောင်များနှင့် ပါတီဝင်တက်ရောက်ခဲ့ခြင်း မရှိကြောင်း SNLDပါတီ ခေါင်းဆောင်များက အတည်ပြု့သည်။

သို့သော် ထောက်ခံပွဲသို့ SNLD ပါတီ မတက်ရောက်သော်လည်း ထောက်ခံပွဲကျင်းပရာ၌ SNLD ပါတီကိုယ်စားပြု့ တက်ရောက်ခဲ့သည့် ဓါတ်ပုံများ ထွက်ပေါ်လာခဲ့သည်။

“လိမ်လည်မှုတစ်ခုပါ။ပါတီရဲ့ သဘောထား မပါဘဲ ပါတီရဲ့ ပုံရိပ်ကို အသုံးပြု့တဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်။တရားဝင်ပြန်တောင်းပန်ပါ။တရားဝင် တောင်းပန်ခြင်း မရှိရင် ဥပဒေအရ ဆောင်ရွက်သွားမယ်”ဟု SNLD ပါတီ တွဲဖက်အတွင်းရေးမှူ ဦးစိုင်းလိတ်က People Media သို့ အတည်ပြု့ပြောဆိုသည်။

တာချီလိတ်မြို့၌ ကျင်းပခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံအား ထောက်ခံသည့် ထောက်ခံပွဲ ဓါတ်ပုံများကို တာချီလိတ်မီဒီယာမှ ဖော်ပြရာတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီမှ တက်ရောက်ကြောင်း ဖော်ပြထားသည်။

“ဒီဓါတ်ပုံထဲမှာ ပါတဲ့သူတွေက SNLD ပါတီဝင်တွေမဟုက်ဘူး။သေခြာ စီစစ်ပြီးပြီ။ဒါက လိမ်လည်မှုကြီးပါ”ဟု SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောသည်။

တာချီလိတ်မြို့၌ ကျင်းပသည့် အတိုင်ပင်ခံ ထောက်ခံပွဲကို NLD ပါတီမှ ဦးဆောင်ကျင်းပခဲ့ကြောင်း ဒေသခံ နိုင်ငံရေးပါတီများက အတည်ပြု့ပြောဆိုသည်။

photo-တာချီလိတ်မီဒီယာ

(လက်ရှိဖော်ပြပါ ဓါတ်ပုံ၌ ပါဝင်သူများသည် SNLD ပါတီဝင်များမဟုက်ပါ)

#PeopleMedia #SNLD #NLD


Share this post