• Follow Us on
Latest News

Home NLD ပါတီသည် တိုင်းရင်းသားပါတီတချို့နှင့် တွေ့ဆုံဆွေးနွေးပြီးဖြစ်သော်လည်း ရခိုင်အမျိုးသားပါတီနှင့် တွေ့ဆုံရန် ကမ်းလှမ်းမှုမရှိသေး

NLD ပါတီသည် တိုင်းရင်းသားပါတီတချို့နှင့် တွေ့ဆုံဆွေးနွေးပြီးဖြစ်သော်လည်း ရခိုင်အမျိုးသားပါတီနှင့် တွေ့ဆုံရန် ကမ်းလှမ်းမှုမရှိသေး

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
NLD ပါတီသည် မွန်၊ ကချင်၊ ရှမ်း၊ ကယားစသည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမှုပြီးဖြစ်သော်လည်း ရခိုင်အမျိုးသားပါတီ ANP နှင့် တွေ့ဆုံရန် ကမ်းလှမ်းမှုမပြုလုပ်ထားသေးကြောင်း NLD ခေါင်းဆောင်အချို့က အတည်ပြုပြောဆိုသည်။
အလားတူ NLD ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့ တွေ့ဆုံမည့်ကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များကို People Media က အတည်ပြုမေးမြန်းရာ ယနေ့အချိန်ထိ တွေ့ဆုံရန် တိကျသောကမ်းလှမ်းမှုမရှိသေးကြောင်း ရခိုင်အမျိုးသားပါတီခေါင်းဆောင်များက ပြောဆိုသည်။
“လောလောဆယ်က NLD က တရားဝင်ကမ်းလှမ်းတာ ဘာမှမရှိသေးဘူး” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ်၌ မဲအများစုရရှိထားသော တိုင်းရင်းသားပါတီတစ်ခုဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရခိုင်အမျိုးသားပါတီနှင့် တွေဆုံမည်ဆိုပါက တွေ့ဆုံရန် အဆင် သင့်ရှိနေသော်လည်း လက်ရှိအချိန်အထိ တွေ့ဆုံရန်အတွက် တရာဝင်ကမ်းလှမ်းမှုမရရှိကြောင်း ဦးသာ ထွန်းလှက ဆိုသည်။
ထိုကဲ့သို့ NLD ပါတီနှင့် ရခိုင်အမျိုးသားပါတီတွေ့ဆုံနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ People Media က လက်ရှိတိုင်းရင်းသားပါတီများ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ဝင် ဦးအင်ထုံးခါးနော်ဆန်ထံ ဆက်သွယ်မေးမြန်းရာ
“CEC မှာလဲ ဒါတွေကိုဆွေးနွေးမယ်ထင်ပါတယ်။ ဒီကိစ္စတွေကိုလဲ ပြောလာလိမ့်မယ်ထင်တယ်။ အဲ့ဒီအချိန်ကျ တော့မှ ဆုံးဖြတ်ချက်တွေ တစ်ခုခုတော့ ချလာမယ် ထင်တယ်” လို့ ပြောဆိုသည်။
NLD ပါတီသည် မွန်၊ ကချင်၊ ရှမ်း၊ ကယားစသည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများကို CEC အဖွဲ့ထံတင်ပြပြီး အဆိုပါ CEC အစည်းအဝေးမှ ရရှိလာသောဆုံးဖြတ်ချက်များအပေါ်မူတည်၍ ကျန်တိုင်းရင်း သားပါတီများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
#PeopleMedia #ANP #NLD
(unicode)
…………………………………………………………

Share this post