• Follow Us on
Latest News

Home NLD ပါတီသည္ တိုင္းရင္းသားမ်ား၏ရပိုင္ခြင့္မ်ားကို ခ်ဲ႕ထြင္မေဆာင္ႏိုင္ခဲ့သည့္အတြက္ တိုင္းရင္းသားမ်ား တိုင္းရင္းသားပါတီကိုသာ မဲေပးမည္ဆိုသည့္အျမင္မ်ားျဖစ္လာ

NLD ပါတီသည္ တိုင္းရင္းသားမ်ား၏ရပိုင္ခြင့္မ်ားကို ခ်ဲ႕ထြင္မေဆာင္ႏိုင္ခဲ့သည့္အတြက္ တိုင္းရင္းသားမ်ား တိုင္းရင္းသားပါတီကိုသာ မဲေပးမည္ဆိုသည့္အျမင္မ်ားျဖစ္လာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၃၀
 
NLD အစိုးရသည္ တိုင္းရင္းသားမ်ား၏ ရပိုင္ခြင့္မ်ားကို ခ်ဲ႕ထြင္မေဆာင္ရြက္ႏိုင္ခဲ့သည့္အတြက္ တိုင္းရင္း သားမ်ား ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကိုယ့္တိုင္းရင္းသားပါတီမ်ားကိုသာ မဲေပးမည့္ဆိုသည့္အျမင္မ်ား က်ယ္က်ယ္ျပန္႔ျပန္႔ရွိလာေၾကာင္း ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္းက ေျပာပါတယ္။
 
“NLD ဟာ တိုင္းရင္းသားလူမ်ိဳးစုေတြရဲ႕အေရးကို ထိထိေရာက္ေရာက္မေဆာင္ရြက္ေပးႏိုင္ဘူး၊ တိုင္းရင္း သားေတြရဲ႕ အခြင့္အေရးေတြ ရပိုင္ခြင့္ေတြကို တည္ဆဲဥပေဒ စည္းမ်ဥ္းေဘာင္ထဲကေန ခ်ဲ႕ထြင္ မေဆာင္ရြက္ေပးႏိုင္ဘူးလို႔ တိုင္းရင္းသားေခါင္းေဆာင္ေတြေကာ တိုင္းရင္းသား ႏိုင္ငံေရးပါတီေကာ တိုင္းရင္းသားျပည္သူလူထုကေကာ သိျမင္ယံုၾကည္လာတဲ့အတြက္ေၾကာင့္မို႔ ၂၀၂၀ ေရြးေကာက္ပြဲမွာ ကိုယ္တိုင္းရင္းသားပါတီကို ကိုယ္မဲေပးမွျဖစ္မယ္ဆိုတဲ့ မျပင္သေဘာထားေတြ တိုင္းရင္းသားလူမ်ိဳးစုေတြ ၾကားမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာတယ္လို႔ သံုသပ္လို႔ ရတာပါတယ္”ဟု ေဒါက္တာ ရန္မိ်ဳးသိမ္းက ေျပာပါတယ္။
 
၂၀၁၅ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားလူမ်ိဳးစုအမ်ားစုသည္ ႏိုင္ငံအေျပာင္းအလဲအတြက္ NLD ပါတီကို မဲေပးခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းတြင္ အာဏာရပါတီသည္ သူ၏မိတ္ဖက္လုပ္ေဖာ္ကိုင္ဖက္ တိုင္းရင္းသားပါတီမ်ားႏွင့္ ကင္းကြာသထက္ ကင္းကြာလာၿပီးေတာ့ မိတ္ဖက္အသြင္မွ ၿပိဳင္ဖက္အသြင္ တျဖည္းျဖည္းေဆာင္လာသည့္အေျခအေနမ်ိဳးမ်ား ႏိုင္ငံေရးအရ အထင္အရွားေတြ႕ျမင္လာရေၾကာင္း ၎က ဆိုပါတယ္။
 
သို႔ျဖစ္၍ တိုင္းရင္းသားလူမ်ိဳးစု အမ်ားစုေနထိုင္သည့္ ျပည္နယ္မ်ားတြင္ တိုင္းရင္းသားပါတီမ်ားသည္ ၂၀၁၅ ေရြးေကာက္ပြဲထက္ လာမည့္ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ယခင္ထက္ ပိုမိုေအာင္မည့္သေဘာမ်ိဳး ေတြ႕ျမင္ ေနရေၾကာင္း ေဒါက္တာရန္မ်ိဳးသိမ္းက ဆိုပါတယ္။
 
#PeopleMedia
 
(unicode)
NLD ပါတီသည် တိုင်းရင်းသားများ၏ရပိုင်ခွင့်များကို ချဲ့ထွင်မဆောင်နိုင်ခဲ့သည့်အတွက် တိုင်းရင်းသားများ တိုင်းရင်းသားပါတီကိုသာ မဲပေးမည်ဆိုသည့်အမြင်များဖြစ်လာ
…………………………………………………….
 
ရန်ကုန်၊ အောက်တိုဘာ ၃၀
 
NLD အစိုးရသည် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို ချဲ့ထွင်မဆောင်ရွက်နိုင်ခဲ့သည့်အတွက် တိုင်းရင်း သားများ ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ့်တိုင်းရင်းသားပါတီများကိုသာ မဲပေးမည့်ဆိုသည့်အမြင်များ ကျယ်ကျယ်ပြန့်ပြန့်ရှိလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
 
“NLD ဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့အရေးကို ထိထိရောက်ရောက်မဆောင်ရွက်ပေးနိုင်ဘူး၊ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကို တည်ဆဲဥပဒေ စည်းမျဉ်းဘောင်ထဲကနေ ချဲ့ထွင် မဆောင်ရွက်ပေးနိုင်ဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေကော တိုင်းရင်းသား နိုင်ငံရေးပါတီကော တိုင်းရင်းသားပြည်သူလူထုကကော သိမြင်ယုံကြည်လာတဲ့အတွက်ကြောင့်မို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်တိုင်းရင်းသားပါတီကို ကိုယ်မဲပေးမှဖြစ်မယ်ဆိုတဲ့ မပြင်သဘောထားတွေ တိုင်းရင်းသားလူမျိုးစုတွေ ကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်လို့ သုံသပ်လို့ ရတာပါတယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
 
၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုးစုအများစုသည် နိုင်ငံအပြောင်းအလဲအတွက် NLD ပါတီကို မဲပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အာဏာရပါတီသည် သူ၏မိတ်ဖက်လုပ်ဖော်ကိုင်ဖက် တိုင်းရင်းသားပါတီများနှင့် ကင်းကွာသထက် ကင်းကွာလာပြီးတော့ မိတ်ဖက်အသွင်မှ ပြိုင်ဖက်အသွင် တဖြည်းဖြည်းဆောင်လာသည့်အခြေအနေမျိုးများ နိုင်ငံရေးအရ အထင်အရှားတွေ့မြင်လာရကြောင်း ၎င်းက ဆိုပါတယ်။
 
သို့ဖြစ်၍ တိုင်းရင်းသားလူမျိုးစု အများစုနေထိုင်သည့် ပြည်နယ်များတွင် တိုင်းရင်းသားပါတီများသည် ၂၀၁၅ ရွေးကောက်ပွဲထက် လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ယခင်ထက် ပိုမိုအောင်မည့်သဘောမျိုး တွေ့မြင် နေရကြောင်း ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။
 
#PeopleMedia

Share this post