• Follow Us on
Latest News

Home NLD ပါတီအနေဖြင့် မည်သည့်ကိစ္စရပ်များမဆို ဖြစ်ပေါ်လာလျှင် ဥပဒေနှင့်အညီ ရင်ဆိုင်သွားမယ်လို့ ပြော ဆိုလိုက်သည့် NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်

NLD ပါတီအနေဖြင့် မည်သည့်ကိစ္စရပ်များမဆို ဖြစ်ပေါ်လာလျှင် ဥပဒေနှင့်အညီ ရင်ဆိုင်သွားမယ်လို့ ပြော ဆိုလိုက်သည့် NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်

Share this post

ရန်ကုန်၊ ဇန်နဝါရီ -၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

NLD ပါတီအနေဖြင့် လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် မည့်သည့်ကိစ္စရပ်များမဆို ဖြစ်ပေါ်လာလျှင် ဥပဒေနှင့်အညီသာ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က People Media သို့ ပြောဆိုသည်။

ရန်ကုန်မြို့နှင့် တချို့မြို့များ၌ တပ်မတော်သံချပ်ကာယာဉ်အချို့ လမ်းမများ၌ ဖြတ်သန်းမောင်းနှင်းမှုများနှင့် ပတ်သက်၍ People Media က ဒေါက်တာမျိုးညွန့်ထံ ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ သိပ်မထူးဆန်းပါဘူး။ ဒီလိုဟာတွေ မြင်တဲ့အတွက် ဘာမှတ်ချက်မှလည်း မပေးချင်ပါဘူး။ ဘာပဲ ဖြစ်လာဖြစ်လာ ကျွန်တော်တို့က ဥပဒေနဲ့အညီ ရင်ဆိုင်မယ်။ ကျွန်တော်တို့မူကတော့ အမျိုးသားရင်ကြားစေ့ ရေးနဲ့ အကြမ်းမဖက်ရေးကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ ဒါပဲ ကျွန်တော်တို့ ပြောချင်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ဒေါက်တာမျိုးညွန့်က ဆက်လက်ပြောကြားရာတွင် မည်သို့အခြေအနေဖြစ်လာဖြစ်လာ မိမိတို့ကတော့ ပြည်သူ အင်အားကို ယုံကြောင်း၊ မိမိတို့သည် ဒီမိုကရေစီသမားဖြစ်၍ ဒီမိုကရေစီကို တည့်မှတ်ရန် ဘယ်တော့မှ အကြမ်းဖက်သည့်နည်းလမ်းကို သုံးမည်မဟုတ်ကြောင်း၊ မိမိတို့ကတော့ ပြည်သူ့အင်အားနှင့်သာ အရာရာကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ တပ်မတော်အနေနှင့် အာဏာမသိမ်းဘူးလို့ မှတ်ယူ၍မရကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့သလို ဖွဲ့စည်းပုံကို လိုက်နာမှုမရှိလျှင် ဖျက်သိမ်းသွားမယ်လို့ တပ်ချုပ်ကလည်း တရားဝင် ပြောဆိုခဲ့သည်။

လက်ရှိအချိန်၌ ရန်ကုန်မြို့အပါအဝင် အခြားမြို့များ၌ သံချပ်ကာကားများ သွားလာမှုရှိခဲ့သည့် ပြည်သူများ စိုး ရိမ်မှု ဖြစ်ပေါ်လျှက်ရှိသည်။

#PeopleMedia #သံချပ်ကာကား #ဒေါက်တာမျိုးညွှန့်

(unicode)
……………………………………………………….










Share this post