• Follow Us on

Home NLD ပါတီအနေဖြင့် တိုင်းရင်းသားဆန္ဒများအလေးထားဆောင်ရွက်မည်ဆိုသည်မှာ အပြောမဟုတ်ဘဲ လက် တွေ့လုပ်ပြရန်လိုအပ်ကြောင်း ပြောဆိုလိုက်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

NLD ပါတီအနေဖြင့် တိုင်းရင်းသားဆန္ဒများအလေးထားဆောင်ရွက်မည်ဆိုသည်မှာ အပြောမဟုတ်ဘဲ လက် တွေ့လုပ်ပြရန်လိုအပ်ကြောင်း ပြောဆိုလိုက်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

NLD ပါတီအနေဖြင့် တိုင်းရင်းသားဆန္ဒများ အလေးထားဆောင်ရွက်မည်ဆိုသည်မှာ အပြောမဟုတ်ဘဲ လက်တွေ့လုပ်ပြရန် လိုအပ်နေကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး -၂ ဒေါ်နော်သ ဇင်တုပ်က People Media သို့ ပြောသည်။

NLD ပါတီအနေဖြင့် ရွေးကောက်ပွဲအပြီး ထုတ်ပြန်လိုက်သည့် နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဆိုသည့်ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တွင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဆိုသည့် ပြောဆိုချက်သည် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် အားနည်းမှုများလည်းရှိနေကြောင်း ဆိုသည်။

“သူတို့ပို့ထားတဲ့ စာနဲ့ပတ်သက်ပြီး ကျွန်မတို့ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်လို့ ပြန်ထားတာပေါ့၊ တစ်ချို့ ကိစ္စတွေမှာ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ဖော်ဆောင်ပြဖို့လိုတာပေါ့၊ လက်တွေ့နဲ့ ကိုက်ညီလားဆိုတာ တစ်ချက်ပြန်စဉ်းစားရမှာပေါ့” ဟု ဒေါ်နော်သဇင်တုပ်က ဆိုသည်။

NLD ပါတီအနေဖြင့် ကရင်ပါတီများအပေါ် ပြီးခဲ့သည့် ငါးနှစ်သက်တမ်းအတွင်း အလေးထားမှု မရှိခဲ့သလို၊ လက်ရှိ ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့နယ်တွင် တည်ဆောက်နေသည့် အာဇာနည်ဗိမာန်ကိစ္စများမှာ လည်း မိမိတို့ ဘာမှမသိရှိကြောင်း၊ အတိုင်းအတာတစ်ခုလောက်ထိ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောသည်။

NLD ပါတီအပေါ် ဘယ်လောက်ထိ ယုံကြည်မှုရနိုင်လည်းဆိုပါက မိမိတို့အနေဖြင့် ၁၀၀ ရာခိုင်နှုန်း မျှော် လင့်မထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် NLD ပါတီအနေနှင့် မိမိတို့အပေါ် မည်သို့ပုံစံနှင့် ပူးပေါင်းမည် ဆွေးနွေးမည်ဆိုသည့်ကိစ္စပေါ် မူတည်နေကြောင်း ဒေါ်နော်သဇင်တုပ်က ဆိုသည်။

NLD ပါတီမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တိုင်းရင်းသား နိုင်ငံရေး (၄၈) ပါတီထံ အိတ်ဖွင့်စာများ ပေးပို့ထားသော်လည်း တိုင်းရင်းသားပါတီတစ်ချို့မှာ ပေးပို့သည့် အိတ်ဖွင့်စာနှင့်ပက်သက်၍ တုန့်ပြန်မှု မရှိ ကြပေ။

#PeopleMedia #တိုင်းရင်းသားအရေး #ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ

(unicode)
………………………………………………………










Share this post