• Follow Us on

Home NLD ပါတီေတာင္ကုတ္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ စည္ပင္၀န္ႀကီးေဟာင္းႏွင့္ NLD အမတ္ေလာင္း တို႔ကို ရခိုင္ျပည္နယ္အေျခစိုက္ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုမွ ဖမ္းဆီးေခၚေဆာင္၊ ၎တို႔အသက္အႏၲ ရာယ္ကို စိုးရိမ္ေၾကာင္း ေဒါက္တာမ်ဳိးၫြန္႔ေျပာဆို

NLD ပါတီေတာင္ကုတ္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ စည္ပင္၀န္ႀကီးေဟာင္းႏွင့္ NLD အမတ္ေလာင္း တို႔ကို ရခိုင္ျပည္နယ္အေျခစိုက္ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုမွ ဖမ္းဆီးေခၚေဆာင္၊ ၎တို႔အသက္အႏၲ ရာယ္ကို စိုးရိမ္ေၾကာင္း ေဒါက္တာမ်ဳိးၫြန္႔ေျပာဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁၄
 
NLD ပါတီေတာင္ကုတ္ၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ စည္ပင္၀န္ႀကီးေဟာင္းႏွင့္ NLD အမတ္ေလာင္း တို႔ကို ရခိုင္ျပည္နယ္အေျခစိုက္ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုမွ ဖမ္းဆီးေခၚေဆာင္သြားသည္။
 
အဆိုပါ ျဖစ္စဥ္သည္ မွန္ကန္မႈရွိေၾကာင္း ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ လုံၿခံဳေရးအဖြဲ႔မ်ားက People Media ကို အတည္ျပဳေျပာဆိုသည္။
 
ျဖစ္စဥ္မွာ ယေန႔ နံနက္ပိုင္းအခ်ိန္တြင္ ေတာင္ကုတ္ၿမိဳ႕နယ္၊ ေဖာင္းကားေက်းရြာအနီးမွာ NLD ပါတီေအာင္ႏိုင္ ေရးေဆာင္ရြက္ေနစဥ္ ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနီနီေမျမင့္၊ ရခိုင္ ျပည္နယ္စည္ပင္၀န္ႀကီးေဟာင္း ဦးမင္းေအာင္(လက္ရွိေတာင္ကုတ္လႊတ္ေတာ္ကိုယ္စားလွယ္)၊ NLD ပါတီၿမိဳ႕နယ္အလုပ္အမႈေဆာင္ မခ်စ္ခ်စ္ေခ်ာတို႔ကို ရခိုင္ျပည္နယ္အေျခစိုက္ လက္နက္ကိုင္အဖြဲ႕အ စည္းတစ္ခုက ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။
 
ထပ္မံ၍ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလ၌ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား လႊတ္ေတာ္ကိုယ္စား လွယ္မ်ားကို ဖမ္းဆီးမႈ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး People Media က ထပ္မံ၍ NLD ပါတီ CEC အဖြဲ႔ဝင္ ေဒါက္တာ မ်ဳိးၫႊန္႔ကို ထပ္မံ၍ ဆက္သြယ္ေမးျမန္းခဲ့သည္။
 
“ကၽြန္ေတာ္တို႔ပါတီသေဘာထားကေတာ့ တိုင္းရင္းသားအေရးနဲ႔ ျပည္တြင္းလံုျခံဳေရးကို ကၽြန္ေတာ္တို႔ရဲ႕ ေရြးေကာက္ပြဲေၾကညာစာတမ္းမွာ ပထမဦးစားေပးေဖာ္ျပထားတာပါ။ အခုလိုလက္နက္ကိုင္ၿပီးေတာ့ ဖမ္းဆီးေခၚေဆာင္သြားတယ္၊ အခုဆိုရင္ သူတို႔ရဲ႕အသက္အႏၲရာယ္ကိုပါ စိုးရိမ္ေနရၿပီ။ ဒီလိုလုပ္ရပ္ ေၾကာင့္မ်ဳိးေတာ့ ႏိုင္ငံေရးျပႆနာကို ေျဖရွင္းလို႔ရမွာ မဟုတ္ပါဘူး။ ျပည္သူကလည္း အဲဒီလိုႏိုင္ငံေရး ကိုအၾကမ္းဖက္ေျဖရွင္းတဲ့ အဖြဲ႕အစည္းေတြကို ယံုၾကည္မႈက်ဆင္းလာႏိုင္ပါတယ္။ အဲဒီေတာ့ ႏိုင္ငံရဲ႕ ေရွ႕ေရးကိုေမွ်ာ္ေတြးၿပီးေတာ့ အျမန္ဆံုးကိုယ္စားလွယ္ေလာင္းသံုးဦးကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္” ဟု ေဒါက္တာမ်ဳိးၫြန္႔မွ ေျပာသည္။
 
အလားတူ ၿပီးခဲ့သည့္ကာလ၌ AA အဖြဲ႕သည္ NLD ပါတီမွ ခ်င္းျပည္နယ္၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့သည္။
 
Photo – နီနီေမျမင့္
 
#PeopleMedia #ေတာင္ကုတ္ၿမိဳ႕ #AA #NLD
 
(unicode)
NLD ပါတီတောင်ကုတ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်ဝန်ကြီးဟောင်းနှင့် NLD အမတ်လောင်း တို့ကို ရခိုင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်၊ ၎င်းတို့အသက်အန္တ ရာယ်ကို စိုးရိမ်ကြောင်း ဒေါက်တာမျိုးညွန့်ပြောဆို
……………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၁၄
 
NLD ပါတီတောင်ကုတ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်ဝန်ကြီးဟောင်းနှင့် NLD အမတ်လောင်း တို့ကို ရခိုင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်။
 
အဆိုပါ ဖြစ်စဉ်သည် မှန်ကန်မှုရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးအဖွဲ့များက People Media ကို အတည်ပြုပြောဆိုသည်။
 
ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းအချိန်တွင် တောင်ကုတ်မြို့နယ်၊ ဖောင်းကားကျေးရွာအနီးမှာ NLD ပါတီအောင်နိုင် ရေးဆောင်ရွက်နေစဉ် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ရခိုင် ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်(လက်ရှိတောင်ကုတ်လွှတ်တော်ကိုယ်စားလှယ်)၊ NLD ပါတီမြို့နယ်အလုပ်အမှုဆောင် မချစ်ချစ်ချောတို့ကို ရခိုင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အ စည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
 
ထပ်မံ၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ကိုယ်စား လှယ်များကို ဖမ်းဆီးမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး People Media က ထပ်မံ၍ NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်ကို ထပ်မံ၍ ဆက်သွယ်မေးမြန်းခဲ့သည်။
 
“ကျွန်တော်တို့ပါတီသဘောထားကတော့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းလုံခြုံရေးကို ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ပထမဦးစားပေးဖော်ပြထားတာပါ။ အခုလိုလက်နက်ကိုင်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ အခုဆိုရင် သူတို့ရဲ့အသက်အန္တရာယ်ကိုပါ စိုးရိမ်နေရပြီ။ ဒီလိုလုပ်ရပ် ကြောင့်မျိုးတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ပြည်သူကလည်း အဲဒီလိုနိုင်ငံရေး ကိုအကြမ်းဖက်ဖြေရှင်းတဲ့ အဖွဲ့အစည်းတွေကို ယုံကြည်မှုကျဆင်းလာနိုင်ပါတယ်။ အဲဒီတော့ နိုင်ငံရဲ့ ရှေ့ရေးကိုမျှော်တွေးပြီးတော့ အမြန်ဆုံးကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်မှ ပြောသည်။
 
အလားတူ ပြီးခဲ့သည့်ကာလ၌ AA အဖွဲ့သည် NLD ပါတီမှ ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
 
Photo – နီနီမေမြင့်
 
#PeopleMedia #တောင်ကုတ်မြို့ #AA #NLD

Share this post