• Follow Us on

Home NLD ပါတီ၀င္ ၃ ဦးအား ႏွိပ္စက္ျခင္းမရွိဘဲ အျမန္ဆုံးျပန္လႊတ္ေပးသြားမည္ဟု AA ထုတ္ျပန္

NLD ပါတီ၀င္ ၃ ဦးအား ႏွိပ္စက္ျခင္းမရွိဘဲ အျမန္ဆုံးျပန္လႊတ္ေပးသြားမည္ဟု AA ထုတ္ျပန္

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၂၁
AA က ဖမ္းဆီးထိန္းသိမ္းထားသည့္ NLD ပါတီဝင္ ၃ ဦးကို ႏွိပ္စက္ျခင္းမရွိဘဲ ညႇိႏိႈင္းမႈအဆင္ေျပသည့္ အေျခအေနေရာက္မွ အျမန္ဆုံးျပန္လႊတ္ေပးသြားမည္ျဖစ္ေၾကာင္း AA က ယေန႔ထုတ္ျပန္ေျပာဆိုလိုက္သည္။
ေရြးေကာက္ပြဲမတိုင္ခင္ AA မွ ဖမ္းဆီးသြားသည့္ ေတာင္ကုတ္ၿမိဳ႕နယ္က အန္အယ္လ္ဒီပါတီဝင္ ၃ ဦးကို ႏွိပ္စက္တာမရွိဘဲ ေကာင္းေကာင္းမြန္မြန္ထိန္းသိမ္းထားၿပီး ႏွစ္ဦးႏွစ္ဖက္ ညႇိႏိႈင္းအဆင္ေျပနားလည္မႈရွိသည့္ အခ်ိန္တြင္ အျမန္ဆုံး ျပန္လႊတ္ေပးမည္ျဖစ္ေၾကာင္း AA မွ ထုတ္ျပန္သည္။
ဆက္လက္ၿပီး သူတို႔လြတ္ေျမာက္ရန္ ပါတီမွ ေတာင္းဆိုေနသလို AA အေနနဲ႔လည္း အစိုးရက ဖမ္းဆီးထား သည့္ အျပစ္မဲ့ရခိုင္ျပည္သူမ်ား၊ နိုင္ငံေရးသမားမ်ား၊ AA အဖြဲ႕ဝင္မ်ား၏ ေဆြမ်ိဳးမ်ား၊ ၿငိမ္းခ်မ္းေရးအတြက္ ေတာင္းဆိုဆႏၵျပ၍ ဖမ္းဆီးခံထားရသည့္ ေက်ာင္းသားမ်ားကို ျပန္လႊတ္ေပးရန္ AA ေတာင္းဆိုထားသည္။
AA မွ ဆက္လက္ေျပာဆိုထားရာတြင္ ရခိုင္ျပည္နယ္၏ ထက္ဝက္ေက်ာ္တြင္ေနသည့္ ျပည္သူမ်ားသည္ ေရြးေကာက္ပြဲတြင္ မဲေပးခြင့္ ဆုံးရႈံးခဲ့ျခင္းေၾကာင့္ အစိုးရသစ္ လႊတ္ေတာ္သစ္မစခင္တြင္ ေရြးေကာက္ပြဲ အျမန္ဆုံးက်င္းပေပးသင့္ေၾကာင္း ေျပာဆိုထားသည္။
NLD ပါတီ၏ ထုတ္ျပန္ခ်က္တြင္ အဖြဲ႕ခ်ဳပ္ကို မေထာက္ခံသူမ်ား အခြင့္အေရးကိုလည္း ကာကြယ္ေစာင့္ေရွာက္ မည္ဆိုျခင္းက ပါတီ၏ သေဘာထားႀကီးမႈကို ေဖာ္ျပျခင္းျဖစ္၍ နားလည္ေၾကာင္း သို႔ေသာ္ အစိုးရအေနႏွင့္ လက္ေတြ႕အေကာင္အထည္ေဖာ္ရန္ ေမွ်ာ္လင့္ေၾကာင္း AA မွ ေျပာဆိုလိုက္သည္။
AA မွ ဖမ္းဆီးထားသည့္ NLD ပါတီ၀င္သုံးဦးႏွင့္ပတ္သက္၍ ႏို၀င္ဘာလ ၁၈ ရက္ေန႔က NLD ပါတီမွ ထုတ္ ျပန္ခဲ့ရာ ေရြးေကာက္ပြဲစည္း႐ုံးေရးကာလအတြင္း ကိုယ္စားလွယ္ေလာင္းမ်ားကို အႏၲရာယ္ျပဳျခင္းသည္ ဒီမိုက ေရစီ၏ ေရေသာက္ျမစ္ျဖစ္ေသာ လြတ္လပ္၍ တရားမွ်တေသာ ေရြးေကာက္ပြဲမ်ား ျဖစ္ေျမာက္ေရးကို အထိနာ ေစေၾကာင္း သို႔ျဖစ္၍ ေတာင္ကုတ္ၿမိဳ႕ကိုယ္စားလွယ္မ်ားကို အျမန္ဆုံးျပန္လႊတ္ေပးေရးကို ေတာင္းဆိုခဲ့သည္။
#PeopleMedia #AA
(unicode)
NLD ပါတီဝင် ၃ ဦးအား နှိပ်စက်ခြင်းမရှိဘဲ အမြန်ဆုံးပြန်လွှတ်ပေးသွားမည်ဟု AA ထုတ်ပြန်
……………………………………………
ရန်ကုန်၊ နိုဝင်ဘာ ၂၁
AA က ဖမ်းဆီးထိန်းသိမ်းထားသည့် NLD ပါတီဝင် ၃ ဦးကို နှိပ်စက်ခြင်းမရှိဘဲ ညှိနှိုင်းမှုအဆင်ပြေသည့် အခြေအနေရောက်မှ အမြန်ဆုံးပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း AA က ယနေ့ထုတ်ပြန်ပြောဆိုလိုက်သည်။
ရွေးကောက်ပွဲမတိုင်ခင် AA မှ ဖမ်းဆီးသွားသည့် တောင်ကုတ်မြို့နယ်က အန်အယ်လ်ဒီပါတီဝင် ၃ ဦးကို နှိပ်စက်တာမရှိဘဲ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေနားလည်မှုရှိသည့် အချိန်တွင် အမြန်ဆုံး ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း AA မှ ထုတ်ပြန်သည်။
ဆက်လက်ပြီး သူတို့လွတ်မြောက်ရန် ပါတီမှ တောင်းဆိုနေသလို AA အနေနဲ့လည်း အစိုးရက ဖမ်းဆီးထား သည့် အပြစ်မဲ့ရခိုင်ပြည်သူများ၊ နိုင်ငံရေးသမားများ၊ AA အဖွဲ့ဝင်များ၏ ဆွေမျိုးများ၊ ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို ပြန်လွှတ်ပေးရန် AA တောင်းဆိုထားသည်။
AA မှ ဆက်လက်ပြောဆိုထားရာတွင် ရခိုင်ပြည်နယ်၏ ထက်ဝက်ကျော်တွင်နေသည့် ပြည်သူများသည် ရွေးကောက်ပွဲတွင် မဲပေးခွင့် ဆုံးရှုံးခဲ့ခြင်းကြောင့် အစိုးရသစ် လွှတ်တော်သစ်မစခင်တွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးသင့်ကြောင်း ပြောဆိုထားသည်။
NLD ပါတီ၏ ထုတ်ပြန်ချက်တွင် အဖွဲ့ချုပ်ကို မထောက်ခံသူများ အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက် မည်ဆိုခြင်းက ပါတီ၏ သဘောထားကြီးမှုကို ဖော်ပြခြင်းဖြစ်၍ နားလည်ကြောင်း သို့သော် အစိုးရအနေနှင့် လက်တွေ့အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း AA မှ ပြောဆိုလိုက်သည်။
AA မှ ဖမ်းဆီးထားသည့် NLD ပါတီဝင်သုံးဦးနှင့်ပတ်သက်၍ နိုဝင်ဘာလ ၁၈ ရက်နေ့က NLD ပါတီမှ ထုတ် ပြန်ခဲ့ရာ ရွေးကောက်ပွဲစည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းများကို အန္တရာယ်ပြုခြင်းသည် ဒီမိုက ရေစီ၏ ရေသောက်မြစ်ဖြစ်သော လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်မြောက်ရေးကို အထိနာ စေကြောင်း သို့ဖြစ်၍ တောင်ကုတ်မြို့ကိုယ်စားလှယ်များကို အမြန်ဆုံးပြန်လွှတ်ပေးရေးကို တောင်းဆိုခဲ့သည်။
#PeopleMedia #AA


Share this post