• Follow Us on

Home NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပျက်၊ နှစ်ပါတီရုံးများမဟုတ်နေရာတွင် ဆွေးနွေးရန် တောင်းဆိုမူအား NLD ပါတီက လက်မခံသည့်အတွက် ဆွေးနွေးမူပျက်ခဲ့ခြင်းဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ ပြောဆို

NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပျက်၊ နှစ်ပါတီရုံးများမဟုတ်နေရာတွင် ဆွေးနွေးရန် တောင်းဆိုမူအား NLD ပါတီက လက်မခံသည့်အတွက် ဆွေးနွေးမူပျက်ခဲ့ခြင်းဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံဆွေးနွေးပွဲပျက်သွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ(MUP) ကြား ယနေ့တွင် နှစ်ပါတီရုံးများမဟုတ်သည့် ကြားနေရာ တွင် တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း ယင်းတောင်းဆိုချက်ကို NLD ပါတီမှ လက်ခံခြင်းမရှိဘဲ တွေ့ဆုံမည့် နေရာအား အကြောင်းပြန်ကြားခြင်းမရှိသည့်အတွက် သွားရောက်မတွေ့ဆုံခြင်းဖြစ်ကြောင်း ပါတီပြောရေးဆို ခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုအပါအဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်စသည့် NLD ပါတီ တာဝန်ရှိသူများသည် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
“ကျွန်တော်တို့ ပါတီရုံးကိုလာရင်လဲ အခက်အခဲဖြစ်မှာစိုးလို့ တတိယနေရာမှာ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံတယ်။ အဲ့ဒီမေတ္တာရပ်ချက်က သုံးကြိမ်အထိ မေတ္တာရပ်ခံခဲ့တယ်။ ဒါပေမယ့် ဒီအချိန်အထိ တတိယနေရာမှာ တွေ့ မလား မတွေ့ဘူးလားဆိုတာက တရားဝင် အကြောင်းပြန်လာခြင်းမရှိသေးဘူး” ဟု နိုင်လယိတမက ပြော ပါတယ်။
ယနေ့တွင် တွေ့ဆုံမှုသည် ပျက်ပြယ်ခဲ့သော်လည်း ဆက်လက်ဆွေးနွေးမှုရှိမရှိအပေါ်သည် NLD ပါတီတွင်သာ မူတည်နေပြီး ၎င်းတို့အနေဖြင့်လဲ တတိယနေရာတွင်သာ တွေ့ဆုံမှုအား လိုလားကြောင်း နိုင်လယိတမက ဆိုပါ တယ်။
“ဆွေးနွေးပွဲက ပျက်သွားတာလား ဆက်ဖြစ်မလားဆိုတာကတော့ NLD အပေါ်မှာသာ မူတည်ပါလိမ့်မယ်” ဟု နိုင်လယိတမက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ယခုကဲ့သို့ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမှုအား အနာဂတ်ဖက်ဒ ရယ်ပြည်ထောင်စုအရေးအား ဆွေးနွေးရန် ကချင်၊ မွန်၊ ရှမ်း၊ ကယားနှင့် ရခိုင်စသည့် တိုင်းရင်းသားပါတီများ နှင့် တွေ့ဆုံရန် စီစဉ်ထားပါတယ်။
Photo – MUP
#PeopleMedia #Political #NLD #MUP
(unicode)
………………………………………………..
Photo – MUP
#PeopleMedia #Political #NLD #MUP


Share this post