• Follow Us on

Home NLD ပါတီနှင့် တွေ့ဆုံရာတွင် ပင်လုံစာချုပ်အကောင်အထည်ဖော်ရန် အဓိကဆွေးနွေးမည်ဟု KSPP ဒုဥက္ကဋ္ဌပြော

NLD ပါတီနှင့် တွေ့ဆုံရာတွင် ပင်လုံစာချုပ်အကောင်အထည်ဖော်ရန် အဓိကဆွေးနွေးမည်ဟု KSPP ဒုဥက္ကဋ္ဌပြော

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
NLDပါတီနှင့် တွေ့ဆုံရာတွင် ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါအချက်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အဓိကအကြောင်းအရာအဖြစ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဂွမ်ဂရောင်အောင်ခမ်းက ပြောသည်။
 
“ကျွန်တော်တို့ပါတီရဲ့ လက်ဆွဲဖြစ်တဲ့ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ အဓိက ပြောသွားမှာပါ၊ နောက်တစ်ခုကတော့ ကျွန်တော်တို့ ပြည်နယ်ခြောက်ပြည်နယ်နဲ့ ခြောက်ပြည်နယ်နဲ့အတူတွေ့ဖို့ တောင်း ဆိုသွားဖို့ရှိပါတယ်၊ ဘာတွေပြောမယ်ဆို အသေးစိတ်ကတော့ မနက်ဖန်မှာ CEC အစည်းအဝေးလုပ်မယ်” ဟု ၎င်းက ပြောသည်။
 
NLD ပါတီနှင့် တွေ့ဆုံဆွေးနွေးမည့် အသေးစိတ်အချက်များကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် CEC အစည်း အဝေးလုပ်ကာ ညှိနှိုင်းဆုံးဖြတ်သွားမည်ဖြစ်ပြီး၊ NLD ပါတီနှင့် တွေ့ဆုံမှုကိုတော့ ဇန်နဝါရီလဆန်းပိုင်းတွင် တွေ့ဆုံကြမည်ဖြစ်ကြောင်း ဂွမ်ဂရောင်အောင်ခမ်းက ဆိုသည်။
 
NLD ပါတီမှ တိုင်းရင်းသား နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးရန် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေး မြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့အဖွဲ့မှ တွေ့ဆုံသွားမည်ဖြစ်သည်။
 
တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုနှင့်ပက်သက်ပြီး NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် မောင်မှ ယမန်နေ့ CEC အစည်းအဝေးအပြီးတွင် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆမ်တို့သည်ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ယနေ့တွင် စတင်သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားထားသည်။
 
Photo -KSPP
 
#PeopleMedia #တိုင်းရင်းသားအရေး #NLD #KSPP
 
(unicode)
………………………………………………….
 
 
 
 
 
 
 
Photo -KSPP
 

Share this post