• Follow Us on

Home NLD ပါတီနှင့် SNLD ပါတီတို့ တရားဝင်တွေ့ဆုံနိုင်ရေး ကနဦးအလွတ်သဘောတွေ့ဆုံနေ

NLD ပါတီနှင့် SNLD ပါတီတို့ တရားဝင်တွေ့ဆုံနိုင်ရေး ကနဦးအလွတ်သဘောတွေ့ဆုံနေ

Share this post

ရှမ်း၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
NLD ပါတီနှင့် SNLD ပါတီတို့ တရာဝင်တွေ့ဆုံဆွေးနွေးနိုင်ရန် SNLD ပါတီမှ တာဝန်ရှိသူတစ်ဦးမှ ကနဦး အလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေ ထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က People Media သို့ ပြောသည်။
“ဒီနေ့တွေ့ဖို့တော့ မရှိပါဘူး။ တွေ့မယ့်ရက်ရယ် တွေ့မယ့်နေရာရယ် ညှိနှိုင်းနေဆဲဖြစ်တယ်။ အခု ကျွန် တော်တို့ရဲ့ အထက်လူကြီးက သူတို့နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးနေပါတယ်။ အဲ့ဆွေးနွေးမှုပေါ် မူတည်ပြီးမှ တွေ့မယ့်ရက်နဲ့ တွေ့မယ့်အချိန် ပြန်ပြီးထွက်လာမှာပေါ့နော်” ဟု ဦးစိုင်းလိတ်က ပြောသည်။
လက်ရှိ NLD ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့်အဖွဲ့အား တရားဝင်တွေ့ဆုံနိုင်ရန် SNLD ပါတီမှ တာဝန်ရှိသူတစ်ဦးမှ တွေ့ဆုံမည့်ရက် တွေ့ဆုံမည့်နေရာနှင့် တွေ့ဆုံမည့်အချိန်ကို ညှိနှိုင်းဆွေးနွေးနေ လျက်ရှိပြီး၊ ထိုသို့ဆွေးနွေးမှုမှ ထွက်လာသည့် အခြေအနေပေါ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
NLD ပါတီနှင့် တရားဝင် တွေ့ဆုံဆွေးနွေးရာတွင် SNLD ပါတီဘက်မှ ဦးစိုင်းလိတ်နှင့်အဖွဲ့မှ သွားရောက် တွေ့ဆုံရန် ရွေးချယ်ပေးထားကြောင်း သိရသည်။
NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်တုံ ခါးနော်စံတို့မှ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် NLD ပါတီရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် တအာင်း (ပလောင်) အမျိုးသားပါတီတို့နှင့် တွေ့ဆုံခဲ့သည်။
#PeopleMedia #NLD #SNLD
(unicode)
………………………………………………

Share this post