• Follow Us on
Latest News

Home NLD ပါတီႏွင့္ အမတ္ေနရာ အေပးအယူလုပ္ရန္ တစ္ခါမွ ေျပာဆုိျခင္း မရွိေၾကာင္း SNLD ေျပာဆုိ

NLD ပါတီႏွင့္ အမတ္ေနရာ အေပးအယူလုပ္ရန္ တစ္ခါမွ ေျပာဆုိျခင္း မရွိေၾကာင္း SNLD ေျပာဆုိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၇

NLD ပါတီႏွင့္ အမတ္ေနရာ အေပးအယူလုပ္ရန္ တစ္ခါမွ ေျပာဆုိျခင္းမရွိေၾကာင္း SNLD ဒု-ဥကၠဌ ဦးစုိင္းညႊန္႔ လြင္က ေျပာဆုိလုိက္ပါသည္။ NLD ပါတီသည္ ဒီဇင္ဘာ(၂၆)ရက္ေန႔၌ ျပဳလုပ္သည့္ CEC အစည္းအေဝးပြဲ အၿပီး၌ ၂၀၂၀ ေရြးေကာက္ပြဲ၌ တုိင္းရင္းသားပါတီမ်ားႏွင့္ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းေနရာအေပးအယူ မလုပ္ရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ အေနနဲ႔လဲ အေပးအယူလုပ္ဖို႔ တစ္ခါမွ မေျပာခဲ့ဖူးဘူးဗ်။ သူတို႔က အမတ္ေနရာ အေပးအယူ မလုပ္ ဖူးေျပာလိုက္ေတာ့ အံ့အားသင့္မိတယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔က တစ္ခါမွ ေတာင္းဆိုတာ မရွိခဲ့လို႔ဘဲ။ တစ္ျခားေတာင္းဆိုခဲ့တာေတြ၊ အေပးအယူလုပ္ခဲ့တဲ့အဖဲြ႕ေတြ ရွိလားေတာ့ ကၽြန္ေတာ္မသိပါဘူး။ ဒါေၾကာင့္ အခု ထုတ္ေျပာခဲ့တဲ့ သူတို႔ သေဘာထားအေပၚ ကၽြန္ေတာ္တို႔ ဘာမွေဝဖန္စရာမရွိပါဘူး”ဟု ရွမ္း တုိင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္ (SNLD)ဒု-ဥကၠဌ ဦးစုိင္းညႊန္႔လြင္က ေျပာပါတယ္။

SNLD ပါတီသည္ ၁၉၉၀ ေရြးေကာက္ပြဲမွ စတင္ၿပီး တပ္မေတာ္အစုိးရလက္ထက္၊ ဦးသိန္းစိန္အစုိးရလက္ထက္ အထိ NLD ပါတီကုိ ဝုိင္းရံခဲ့ေသာ တုိင္းရင္းသားႏုိင္ငံေရးပါတီတစ္ခုျဖစ္ပါတယ္။ NLD ပါတီ၏ ထုတ္ေဖာ္ေျပာ ဆုိခ်က္မ်ားသည္ တုိင္းရင္းသားပါတီေတြအေပၚထားသည့္ ၎တုိ႔ သေဘာထားကုိေတြ သိရွိရၿပီျဖစ္ေၾကာင္း တုိင္းရင္းသားပါတီေတြက ဆုိပါတယ္။

“ဒါေပမဲ့ အခုထုတ္ေျပာတဲ့အခ်က္ေတြက တိုင္းရင္းသားေတြ အေပၚထားတဲ့ သေဘာထားေတြက ဘယ္လိုလဲ ဆိုတာကို အရိပ္အႁမြက္ လွစ္ေဖာ္လိုက္သလိုေတာ့ ျဖစ္သြားတယ္။ ေနရင္းထိုင္ရင္း ထုတ္ေျပာလိုက္ေတာ့ အံ့ၾသစရာ ျဖစ္သြားတယ္။ အတို႔အေထာင္ ေမးခြန္းေမးခံရရင္ေတာင္ ေရွာင္ေျပာရမဲ့အေျဖမ်ိဳးပါ။ ယုံၾကည္မႈ လြန္ကဲသြားတာလဲ ျဖစ္နိုင္ပါတယ္”ဟု ဦးစုိင္းညႊန္႔လြင္က ေျပာပါတယ္။

#PeopleMedia #SNLD #NLD #2020Political

(Unicode)
NLD ပါတီနှင့် အမတ်နေရာ အပေးအယူလုပ်ရန် တစ်ခါမှ ပြောဆိုခြင်း မရှိကြောင်း SNLD ပြောဆို
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂၇

NLD ပါတီနှင့် အမတ်နေရာ အပေးအယူလုပ်ရန် တစ်ခါမှ ပြောဆိုခြင်းမရှိကြောင်း SNLD ဒု-ဥက္ကဌ ဦးစိုင်းညွှန့် လွင်က ပြောဆိုလိုက်ပါသည်။ NLD ပါတီသည် ဒီဇင်ဘာ(၂၆)ရက်နေ့၌ ပြုလုပ်သည့် CEC အစည်းအဝေးပွဲ အပြီး၌ ၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအပေးအယူ မလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ အနေနဲ့လဲ အပေးအယူလုပ်ဖို့ တစ်ခါမှ မပြောခဲ့ဖူးဘူးဗျ။ သူတို့က အမတ်နေရာ အပေးအယူ မလုပ် ဖူးပြောလိုက်တော့ အံ့အားသင့်မိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က တစ်ခါမှ တောင်းဆိုတာ မရှိခဲ့လို့ဘဲ။ တစ်ခြားတောင်းဆိုခဲ့တာတွေ၊ အပေးအယူလုပ်ခဲ့တဲ့အဖွဲ့တွေ ရှိလားတော့ ကျွန်တော်မသိပါဘူး။ ဒါကြောင့် အခု ထုတ်ပြောခဲ့တဲ့ သူတို့ သဘောထားအပေါ် ကျွန်တော်တို့ ဘာမှဝေဖန်စရာမရှိပါဘူး”ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ဒု-ဥက္ကဌ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲမှ စတင်ပြီး တပ်မတော်အစိုးရလက်ထက်၊ ဦးသိန်းစိန်အစိုးရလက်ထက် အထိ NLD ပါတီကို ဝိုင်းရံခဲ့သော တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။ NLD ပါတီ၏ ထုတ်ဖော်ပြော ဆိုချက်များသည် တိုင်းရင်းသားပါတီတွေအပေါ်ထားသည့် ၎င်းတို့ သဘောထားကိုတွေ သိရှိရပြီဖြစ်ကြောင်း တိုင်းရင်းသားပါတီတွေက ဆိုပါတယ်။

“ဒါပေမဲ့ အခုထုတ်ပြောတဲ့အချက်တွေက တိုင်းရင်းသားတွေ အပေါ်ထားတဲ့ သဘောထားတွေက ဘယ်လိုလဲ ဆိုတာကို အရိပ်အမြွက် လှစ်ဖော်လိုက်သလိုတော့ ဖြစ်သွားတယ်။ နေရင်းထိုင်ရင်း ထုတ်ပြောလိုက်တော့ အံ့ဩစရာ ဖြစ်သွားတယ်။ အတို့အထောင် မေးခွန်းမေးခံရရင်တောင် ရှောင်ပြောရမဲ့အဖြေမျိုးပါ။ ယုံကြည်မှု လွန်ကဲသွားတာလဲ ဖြစ်နိုင်ပါတယ်”ဟု ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

#PeopleMedia #SNLD #NLD #2020Political


Share this post