• Follow Us on

Home NLD ပါတီ ထောက်ခံသူတစ်ဦးကို ဒလန်ဟုစွပ်စွဲပြီး Rangoon Urban Revolutionaries – RUR အဖွဲ့မှ ပစ် သတ်သွား

NLD ပါတီ ထောက်ခံသူတစ်ဦးကို ဒလန်ဟုစွပ်စွဲပြီး Rangoon Urban Revolutionaries – RUR အဖွဲ့မှ ပစ် သတ်သွား

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၂ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် NLD ပါတီထောက်ခံသူ တက္ကစီယာဉ်မောင်း ဦးသိန်းဦး ကို ဒလန်ဟု စွပ်စွဲပြီး Rangoon Urban Revolutionaries – RUR အဖွဲ့မှ သေနတ်ဖြင့် မနေ့ ညနေပိုင်းက ပစ်သတ်ခဲ့သည်။

 

“ငါ့အဖေမှာ ဘာအပြစ်ရှိလို့လည်းဟာ။ ဘယ်သူ့ကိုမှလည်း သူထိခိုက်အောင်မလုပ်ခဲ့ပါဘူး။ သီရိမြိုင် ၂ လမ်း လက်ပြတ်တုန်းကတင်မကဘူး။ ဘယ်ဆန္ဒပြပွဲမဆို သူထိပ်ဆုံးကပါခဲ့တဲ့သူပါ။ ဘယ်သူ့ကိုမဆိုမေးလို့ရပါတယ်။ လှိုင် ၁၃ ရပ်ကွက်ညသပိတ်တုန်းကလည်း သူရှေ့ဆုံးကပါခဲ့ပါတယ်။ သူ့ကိုစွပ်စွဲနေသလိုမျိုးမဟုတ်ရပါဘူး။ လူငယ်ချင်းဖြစ်တဲ့ လူမှုရေးကိစ္စကနေ သားကိုမကျေနပ်လို့ အဖေ့ကိုဒလန်လို့စွတ်စွဲပီး လုပ်သွားတာပါ” လို့ ဦးသိန်းဦးသမီးဖြစ်သူမှ သူ၏ လူမူကွန်ယက်စာမျက်နှာတွင် ရှင်းလင်းထားသည်။

 

သေဆုံးသူ ဦးသိန်းဦးမှာ NLD ပါတီ ထောက်ခံသူတစ်ဦးဖြစ်သလို ဆန္ဒပြပွဲများတွင်လည်း အမြဲပါဝင်သည့် သူ တစ်ဦးဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူအချို့က ပြောပါတယ်။

 

ဦးသိန်းဦးသည့် ယမန်နေ့ ညနေပိုင်းက လှိုင်မြို့နယ် လှိုင်သီရိမြိုင်ဘူတာအနီး၌ Rangoon Urban Revolut ionaries – RUR အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ NLD ထောက်ခံသူအချို့သည် ဒလန်ဟု စွပ်စွဲခံရပြီး လုပ်ကြံသတ်ဖြတ်ခြင်း ခံနေရပါတယ်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ တပ်မတော်ထောက်ခံသူများ၊ စစ်မှုထမ်းဟောင်းများ၊ သတင်းပေးဟု ယူဆခံရသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဆရာတော်များသည် လုပ်ကြံခြင်းခံနေရပါတယ်။

 

#PeopleMedia #လှိုင်မြို့နယ်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post