• Follow Us on

Home NLD ပါတီ ေအာင္ႏုိင္ေရးအတြက္ ဝုိင္းရံကူညီသူမ်ားကုိ တင္ဒါေပးရန္ ေထာက္ခံသည့္စာရြက္သည္ အစစ္ျဖစ္ ေၾကာင္း ထန္တလန္းၿမိဳ႕ NLD ပါတီဥကၠ႒ စီဇက်ဳံ အတည္ျပဳ

NLD ပါတီ ေအာင္ႏုိင္ေရးအတြက္ ဝုိင္းရံကူညီသူမ်ားကုိ တင္ဒါေပးရန္ ေထာက္ခံသည့္စာရြက္သည္ အစစ္ျဖစ္ ေၾကာင္း ထန္တလန္းၿမိဳ႕ NLD ပါတီဥကၠ႒ စီဇက်ဳံ အတည္ျပဳ

Share this post

ရန္ကုန္၊ နိုဝင္ဘာလ -၂၇(PeopleMedia)
ခ်င္းျပည္နယ္၊ ထန္တလန္းၿမိဳ႕၌ NLD ပါတီ ေအာင္ႏုိင္ေရးအတြက္ ဝုိင္းဝန္းကူညီၾကသူမ်ားကုိ တင္ဒါေပးရန္ စာရြက္သည္ အစစ္ျဖစ္ေၾကာင္း တင္ဒါေပးေရးေထာက္ခံလက္မွတ္ေရးထုိးေပးခဲ့သည့္ ထန္တလန္းၿမိဳ႕ NLD ပါတီဥကၠ႒ ဦးစီဇက်ဳံးက People Media ကုိ ေျပာဆုိသည္။
ႏုိဝင္ဘာ(၂၇)ရက္ နံနက္ပုိင္း၌ လူမူကြန္ယက္၌ ထန္တလန္းၿမိဳ႕ NLD ပါတီေအာင္ႏုိင္ေရးအတြက္ ဝုိင္းရံကူညီ သူမ်ားျဖစ္ေၾကာင္း ကုမၸဏီ (၆)ခု တင္ဒါကိစၥမ်ား ထန္တလန္းၿမိဳ႕ NLD ပါတီဥကၠ႒က သေဘာထားမွတ္ခ်က္ ေပးစာ ထြက္ေပၚလာခဲ့သည္။
ထြက္ေပၚလာခဲ့သည့္စာအရ အဆုိပါ ကုမၸဏီမ်ားသည္ ပညာေရးဝန္ႀကီးဌာနက အေဆာက္အဦးေဆာက္လုပ္ ရန္ တင္ဒါေခၚခဲ့သည့္ လုပ္ငန္းမ်ားျဖစ္သည္။
အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ People Media က ထန္တလန္ၿမိဳ႕ NLD ပါတီဥကၠ႒ ဦးစီဇက်ဳံးကုိ ဆက္သြယ္ရာ “ဟုတ္တယ္ အစစ္ပါပဲ၊ ဒါ႐ုံးမွာ ေပးထားတဲ့ စာပါပဲ၊ ဒါက သူတို႔ ရတာလည္း မဟုတ္ဘူး၊ ေလာေလာဆယ္ သူတို႔ ဘာမွလုပ္ထားတာ မဟုတ္ပါဘူး၊ တင္ဒါေတာင္မွ ေခၚတဲ့သူေတြက မဖြင့္ေသးပါဘူး၊ ဒီစာက ႐ုံးမွာ စာရင္းထားေပးတာပဲ ရွိတယ္၊ က်န္တဲ့ဟာေတြ ကြၽန္ေတာ္ မသိဘူး”လုိ႔ ေျပာဆုိသည္။
အဆိုပါကုမၸဏီ(၆)ခုထဲက Nu Nu ကုမၸဏီသည္ ထန္တလန္းၿမိဳ႕နယ္ NLD ပါတီ အတြင္းေရးမွဴးျဖစ္သူသည္ ဒါရိုက္တာအျဖစ္ ပါဝင္ေနသည္။
တင္ဒါရရွိရန္ ထန္တလန္းၿမိဳ႕ NLD ပါတီဥကၠ႒ ေထာက္ခံခဲ့သည့္ ကုမၸဏီမ်ားမွာ Nu Nu Co.,ltd ၊ Holy Par Co.,ltd ၊ Kyi Riang Co.,ltd ၊ Victoria Decy Chian Co.,ltd ၊ Sizo brother Co.,ltd ႏွင့္ Merrcy Par Co.,ltd တို႔သည္။
ထုိ႔အတူ အဆုိပါ စာ၌ “အထက္ေဖာ္ျပပါ ကုမၸဏီပိုင္ရွင္မ်ားသည္ NLD ပါတီေအာင္နိုင္ေရးအတြက္ ဝိုင္းရံကူညီ ၾကသူမ်ား ျဖစ္ေၾကာင္း တင္ျပအစီရင္ခံအပ္ပါသည္ဟု ေဖာ္ျပထားသည္။
(unicode)
NLD ပါတီ အောင်နိုင်ရေးအတွက် ဝိုင်းရံကူညီသူများကို တင်ဒါပေးရန် ထောက်ခံသည့်စာရွက်သည် အစစ်ဖြစ် ကြောင်း ထန်တလန်းမြို့ NLD ပါတီဥက္ကဋ္ဌ စီဇကျုံ အတည်ပြု
…………………………………………………..
ရန်ကုန်၊ နိုဝင်ဘာလ -၂၇(PeopleMedia)
ချင်းပြည်နယ်၊ ထန်တလန်းမြို့၌ NLD ပါတီ အောင်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီကြသူများကို တင်ဒါပေးရန် စာရွက်သည် အစစ်ဖြစ်ကြောင်း တင်ဒါပေးရေးထောက်ခံလက်မှတ်ရေးထိုးပေးခဲ့သည့် ထန်တလန်းမြို့ NLD ပါတီဥက္ကဋ္ဌ ဦးစီဇကျုံးက People Media ကို ပြောဆိုသည်။
နိုဝင်ဘာ(၂၇)ရက် နံနက်ပိုင်း၌ လူမူကွန်ယက်၌ ထန်တလန်းမြို့ NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီ သူများဖြစ်ကြောင်း ကုမ္ပဏီ (၆)ခု တင်ဒါကိစ္စများ ထန်တလန်းမြို့ NLD ပါတီဥက္ကဋ္ဌက သဘောထားမှတ်ချက် ပေးစာ ထွက်ပေါ်လာခဲ့သည်။
ထွက်ပေါ်လာခဲ့သည့်စာအရ အဆိုပါ ကုမ္ပဏီများသည် ပညာရေးဝန်ကြီးဌာနက အဆောက်အဦးဆောက်လုပ် ရန် တင်ဒါခေါ်ခဲ့သည့် လုပ်ငန်းများဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ People Media က ထန်တလန်မြို့ NLD ပါတီဥက္ကဋ္ဌ ဦးစီဇကျုံးကို ဆက်သွယ်ရာ “ဟုတ်တယ် အစစ်ပါပဲ၊ ဒါရုံးမှာ ပေးထားတဲ့ စာပါပဲ၊ ဒါက သူတို့ ရတာလည်း မဟုတ်ဘူး၊ လောလောဆယ် သူတို့ ဘာမှလုပ်ထားတာ မဟုတ်ပါဘူး၊ တင်ဒါတောင်မှ ခေါ်တဲ့သူတွေက မဖွင့်သေးပါဘူး၊ ဒီစာက ရုံးမှာ စာရင်းထားပေးတာပဲ ရှိတယ်၊ ကျန်တဲ့ဟာတွေ ကျွန်တော် မသိဘူး”လို့ ပြောဆိုသည်။
အဆိုပါကုမ္ပဏီ(၆)ခုထဲက Nu Nu ကုမ္ပဏီသည် ထန်တလန်းမြို့နယ် NLD ပါတီ အတွင်းရေးမှူးဖြစ်သူသည် ဒါရိုက်တာအဖြစ် ပါဝင်နေသည်။
တင်ဒါရရှိရန် ထန်တလန်းမြို့ NLD ပါတီဥက္ကဋ္ဌ ထောက်ခံခဲ့သည့် ကုမ္ပဏီများမှာ Nu Nu Co.,ltd ၊ Holy Par Co.,ltd ၊ Kyi Riang Co.,ltd ၊ Victoria Decy Chian Co.,ltd ၊ Sizo brother Co.,ltd နှင့် Merrcy Par Co.,ltd တို့သည်။
ထို့အတူ အဆိုပါ စာ၌ “အထက်ဖော်ပြပါ ကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီ ကြသူများ ဖြစ်ကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသည်။

Share this post