• Follow Us on

Home “NLD မွာ ရွမ္းတိုင္းရင္းသားေတြပါေနတဲ့ အေပၚစိုးရိမ္စိတ္မရွိပါဘူး၊ ဘာေၾကာင့္ စိုးရိမ္မႈမရွိဘူးဆိုတာ သူတို႔ေဒသေတြ ၿမိဳ႕နယ္ ေတြမွာ သူတို႔ လႈပ္ရွားမႈေတြ သူတို႔ေဆာင္႐ြက္ခ်က္ေတြ အေျခအေနေတြကို ၾကည့္ရင္ ၂၀၁၅ တုန္းကထက္ အမ်ားႀကီး ေလ်ာ့သြားတာ ေတြ႕ရတယ္” ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးစိုင္းၫြန႔္လြင္

“NLD မွာ ရွမ္းတိုင္းရင္းသားေတြပါေနတဲ့ အေပၚစိုးရိမ္စိတ္မရွိပါဘူး၊ ဘာေၾကာင့္ စိုးရိမ္မႈမရွိဘူးဆိုတာ သူတို႔ေဒသေတြ ၿမိဳ႕နယ္ ေတြမွာ သူတို႔ လႈပ္ရွားမႈေတြ သူတို႔ေဆာင္႐ြက္ခ်က္ေတြ အေျခအေနေတြကို ၾကည့္ရင္ ၂၀၁၅ တုန္းကထက္ အမ်ားႀကီး ေလ်ာ့သြားတာ ေတြ႕ရတယ္” ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးစိုင္းၫြန႔္လြင္

Share this post

NLD ပါတီသည္ ၂၀၁၅ ေရြးေကာက္ပြဲ၌ ရွမ္းျပည္နယ္၊ ရခုိင္ျပည္နယ္မွလြဲ၍ က်န္ျပည္နယ္မ်ား၌ ေသာင္ၿပိဳကမ္းၿပိဳ အႏုိင္ရ ရွိခဲ့သည္။ ထုိ႔ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲ၌ ရွမ္းျပည္နယ္မဲဆႏၵနယ္ေျမမ်ားတြင္ NLD ပါတီ၏ ေအာင္ႏုိင္မႈ ျဖစ္ႏုိင္ေခ်မ်ားႏွင့္ ပတ္သက္၍ People Media က ရွမ္းျပည္နယ္အေျခစုိက္ အင္အားႀကီးပါတီျဖစ္သည့္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးစိုင္းၫြန႔္လြင္၏ သေဘာထားကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။

“မိုင္ကိုင္က ေသခ်ာေပါက္ေနရာေပါ့၊ အဲ့ေနရာေတာ့ ေလ်ာ့သြားမယ္၊ က်န္တဲ့ေနရာေတြကေတာ့ ထူးထူးျခားျခားမရွိပါဘူး၊ NLD မွာ ရွမ္းတိုင္းရင္းသားေတြပါေနတဲ့ အေပၚစိုးရိမ္စိတ္မရွိပါဘူး၊ ဘာေၾကာင့္ စိုးရိမ္မႈမရွိဘူးဆိုတာ သူတို႔ေဒသေတြ ၿမိဳ႕နယ္ေတြမွာ သူတို႔ လႈပ္ရွားမႈေတြ သူတို႔ေဆာင္႐ြက္ခ်က္ေတြ အေျခအေနေတြကို ၾကည့္ရင္ ၂၀၁၅ တုန္းကထက္ အမ်ားႀကီး ေလ်ာ့သြားတာ ေတြ႕ရတယ္၊ အဲ့ဒါေၾကာင့္ စိုးရိမ္စရာေတာ့ မရွိဘူး၊ ဒါေပမဲ့ ကေလာတို႔ ေတာင္ႀကီးတို႔မွာေတာ့ သူတို႔ အားေကာင္းနိုင္ပါတယ္၊ ၂၀၂၀ မွာ ၂၀၁၅ ထက္ပိုၿပီး အနိုင္ရဖို႔ ေမွ်ာ္လင့္ထားတယ္၊ အဲ့လိုျဖစ္ေအာင္လည္း ႀကိဳးစားထားတယ္၊ ျဖစ္မယ္ မျဖစ္မယ္က ေတာ့ ၈ ရက္ေန႔ ေနာက္ပိုင္းမွ သိရမွာေပါ့၊ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ တစ္ေယာက္အျမင္နဲ႔ေျပာရရင္ သံသယ ရွိစရာေတြ အမ်ားႀကီးျဖစ္ေနတယ္၊ အထူးသျဖင့္ မဲလက္မွတ္အုပ္ေတြမွာ ၿမိဳ႕နယ္ႏွစ္ခုေရာပါေနတာေတြက ၈ ရက္ေန႔ၾကရင္ ျပႆနာအမ်ားႀကီး ျဖစ္လာနိုင္တယ္၊ မျဖစ္ရင္ေတာ့ ေကာင္းတာေပါ့ဗ်ာ၊ ေ႐ြးေကာက္ပြဲက လက္ရွိ အစိုးရကို မ်က္ႏွာသာ ေပးတယ္လို႔ စြတ္စြဲရင္ ျငင္းရခက္တဲ့အခ်က္ေတြ အမ်ားႀကီးရွိတယ္၊ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ရက္ ၁၈၀ ကေန ရက္ ၉၀ ကို ေျပာင္းျဖစ္တာတို႔ အဲ့ဒီကေနစၿပီး လက္ရွိ အစိုးရကို အသာစီးရေအာင္ ေဆာင္႐ြက္ေပးေနတဲ့သေဘာမ်ိဳးေတြေပါ့၊ အခုေနာက္ဆုံး တပ္မေတာ္ဘက္က ဘယ္လိုပဲ အႀကံျပဳျပဳ အစိုးရက ဘယ္လိုပဲ အႀကံျပဳျပဳ ေနာက္ဆုံးဆုံးျဖတ္ရတာက UEC လို႔ေတာ့ ေျပာတယ္၊ ဥပမာ ပလက္ဆိုရင္ စစ္ပြဲေတြ အႀကီးအက်ယ္ျဖစ္ေနတဲ့ေနရာပဲ၊ ဒါေပမဲ့ အဲ့ေနရာက အေရးႀကီးတယ္၊ သူက အမ်ိဳးသားလႊတ္ေတာ္ႏွစ္ေနရာျဖစ္ေနတယ္၊ ျပည္သူ႔လႊတ္ေတာ္တစ္ေနရာ တိုင္းေဒသႀကီးလႊတ္ေတာ္ႏွစ္ေနရာဆိုေတာ့ ၅ ေနရာေပါ့၊ ျပည္ေထာင္စုလႊတ္ေတာ္အတြက္ သုံးေနရာဆိုတာ အရမ္းအားသာခ်က္မ်ားတယ္၊ သုံးေနရာဆိုတာ မလြယ္ဘူးဗ်၊ အားသာခ်က္ရွိတယ္၊ ဒါေၾကာင့္ မျဖစ္ျဖစ္ေအာင္ လုပ္တဲ့ေနရာလို႔ စြတ္စြဲရင္ ျငင္းရခက္တယ္၊ ဟုတ္လည္းဟုတ္ေနတာပဲ၊ အခုေ႐ြးေကာက္ပြဲက်င္းပနိုင္တဲ့ေနရာေတြအားလုံးကို ျပန္တြက္လိုက္တဲ့အခါ အရင္ ၂၀၁၅ တုန္းက အစိုးရဖြဲ႕နိုင္ဖို႔အတြက္ ၃၃၃ ေယာက္လိုတယ္၊ အခု မက်င္းပနိုင္တဲ့ေနရာေတြကို တိုးခ်ဲ႕လိုက္တဲ့အခါမွာ အစိုးရဖြဲ႕ဖို႔အတြက္ ၃၃၃ ေယာက္ မဟုတ္ေတာ့ဘဲ ၃၂၂ ေယာက္ပဲ လိုေတာ့တယ္၊ ၁၁ ေယာက္ သက္သာသြားတယ္၊ အဲ့ဒါေတြ ျပန္ၾကည့္ရင္ တြက္ခ်က္ၿပီး တမင္ သက္သက္လုပ္ တယ္လို႔ သံသယျဖစ္တာေပါ့၊ ေနာက္ဆုံးေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ ၿပိဳင္တယ္ဆိုတာ မဲဆႏၵရွင္ေတြရဲ႕ ေထာက္ခံမႈကို ၿပိဳင္တာပါ၊ ညစ္တာတို႔ လိမ္တာတို႔ မလုပ္ဖို႔ လိုပါတယ္၊ အဲ့လိုလုပ္ျခင္းအားျဖင့္ မွန္ကန္တဲ့ မဲဘယ္ရနိုင္မလဲ၊ ကြၽန္ေတာ္တို႔ ကိုယ္တိုင္လည္း အဲ့လိုမ်ိဳး မျဖစ္ေအာင္ႀကိဳးစားပါတယ္၊ တျခားသူေတြကိုလည္း မျဖစ္ေစခ်င္ပါဘူး” ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးစိုင္းၫြန႔္လြင္

#PeopleMedia #SNLD #ဦးစုိင္းညႊန္႔လြင္ #Political #202election

(unicode)
“NLD မှာ ရှမ်းတိုင်းရင်းသားတွေပါနေတဲ့ အပေါ်စိုးရိမ်စိတ်မရှိပါဘူး၊ ဘာကြောင့် စိုးရိမ်မှုမရှိဘူးဆိုတာ သူတို့ဒေသတွေ မြို့နယ် တွေမှာ သူတို့ လှုပ်ရှားမှုတွေ သူတို့ဆောင်ရွက်ချက်တွေ အခြေအနေတွေကို ကြည့်ရင် ၂၀၁၅ တုန်းကထက် အများကြီး လျော့သွားတာ တွေ့ရတယ်” ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်များ၌ သောင်ပြိုကမ်းပြို အနိုင်ရ ရှိခဲ့သည်။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်မဲဆန္ဒနယ်မြေများတွင် NLD ပါတီ၏ အောင်နိုင်မှု ဖြစ်နိုင်ချေများနှင့် ပတ်သက်၍ People Media က ရှမ်းပြည်နယ်အခြေစိုက် အင်အားကြီးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၏ သဘောထားကို ဆက်သွယ်မေးမြန်းခဲ့သည်။

“မိုင်ကိုင်က သေချာပေါက်နေရာပေါ့၊ အဲ့နေရာတော့ လျော့သွားမယ်၊ ကျန်တဲ့နေရာတွေကတော့ ထူးထူးခြားခြားမရှိပါဘူး၊ NLD မှာ ရှမ်းတိုင်းရင်းသားတွေပါနေတဲ့ အပေါ်စိုးရိမ်စိတ်မရှိပါဘူး၊ ဘာကြောင့် စိုးရိမ်မှုမရှိဘူးဆိုတာ သူတို့ဒေသတွေ မြို့နယ်တွေမှာ သူတို့ လှုပ်ရှားမှုတွေ သူတို့ဆောင်ရွက်ချက်တွေ အခြေအနေတွေကို ကြည့်ရင် ၂၀၁၅ တုန်းကထက် အများကြီး လျော့သွားတာ တွေ့ရတယ်၊ အဲ့ဒါကြောင့် စိုးရိမ်စရာတော့ မရှိဘူး၊ ဒါပေမဲ့ ကလောတို့ တောင်ကြီးတို့မှာတော့ သူတို့ အားကောင်းနိုင်ပါတယ်၊ ၂၀၂၀ မှာ ၂၀၁၅ ထက်ပိုပြီး အနိုင်ရဖို့ မျှော်လင့်ထားတယ်၊ အဲ့လိုဖြစ်အောင်လည်း ကြိုးစားထားတယ်၊ ဖြစ်မယ် မဖြစ်မယ်က တော့ ၈ ရက်နေ့ နောက်ပိုင်းမှ သိရမှာပေါ့၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော် တစ်ယောက်အမြင်နဲ့ပြောရရင် သံသယ ရှိစရာတွေ အများကြီးဖြစ်နေတယ်၊ အထူးသဖြင့် မဲလက်မှတ်အုပ်တွေမှာ မြို့နယ်နှစ်ခုရောပါနေတာတွေက ၈ ရက်နေ့ကြရင် ပြဿနာအများကြီး ဖြစ်လာနိုင်တယ်၊ မဖြစ်ရင်တော့ ကောင်းတာပေါ့ဗျာ၊ ရွေးကောက်ပွဲက လက်ရှိ အစိုးရကို မျက်နှာသာ ပေးတယ်လို့ စွတ်စွဲရင် ငြင်းရခက်တဲ့အချက်တွေ အများကြီးရှိတယ်၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ရက် ၁၈၀ ကနေ ရက် ၉၀ ကို ပြောင်းဖြစ်တာတို့ အဲ့ဒီကနေစပြီး လက်ရှိ အစိုးရကို အသာစီးရအောင် ဆောင်ရွက်ပေးနေတဲ့သဘောမျိုးတွေပေါ့၊ အခုနောက်ဆုံး တပ်မတော်ဘက်က ဘယ်လိုပဲ အကြံပြုပြု အစိုးရက ဘယ်လိုပဲ အကြံပြုပြု နောက်ဆုံးဆုံးဖြတ်ရတာက UEC လို့တော့ ပြောတယ်၊ ဥပမာ ပလက်ဆိုရင် စစ်ပွဲတွေ အကြီးအကျယ်ဖြစ်နေတဲ့နေရာပဲ၊ ဒါပေမဲ့ အဲ့နေရာက အရေးကြီးတယ်၊ သူက အမျိုးသားလွှတ်တော်နှစ်နေရာဖြစ်နေတယ်၊ ပြည်သူ့လွှတ်တော်တစ်နေရာ တိုင်းဒေသကြီးလွှတ်တော်နှစ်နေရာဆိုတော့ ၅ နေရာပေါ့၊ ပြည်ထောင်စုလွှတ်တော်အတွက် သုံးနေရာဆိုတာ အရမ်းအားသာချက်များတယ်၊ သုံးနေရာဆိုတာ မလွယ်ဘူးဗျ၊ အားသာချက်ရှိတယ်၊ ဒါကြောင့် မဖြစ်ဖြစ်အောင် လုပ်တဲ့နေရာလို့ စွတ်စွဲရင် ငြင်းရခက်တယ်၊ ဟုတ်လည်းဟုတ်နေတာပဲ၊ အခုရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေအားလုံးကို ပြန်တွက်လိုက်တဲ့အခါ အရင် ၂၀၁၅ တုန်းက အစိုးရဖွဲ့နိုင်ဖို့အတွက် ၃၃၃ ယောက်လိုတယ်၊ အခု မကျင်းပနိုင်တဲ့နေရာတွေကို တိုးချဲ့လိုက်တဲ့အခါမှာ အစိုးရဖွဲ့ဖို့အတွက် ၃၃၃ ယောက် မဟုတ်တော့ဘဲ ၃၂၂ ယောက်ပဲ လိုတော့တယ်၊ ၁၁ ယောက် သက်သာသွားတယ်၊ အဲ့ဒါတွေ ပြန်ကြည့်ရင် တွက်ချက်ပြီး တမင် သက်သက်လုပ် တယ်လို့ သံသယဖြစ်တာပေါ့၊ နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်တို့ ပြိုင်တယ်ဆိုတာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ပြိုင်တာပါ၊ ညစ်တာတို့ လိမ်တာတို့ မလုပ်ဖို့ လိုပါတယ်၊ အဲ့လိုလုပ်ခြင်းအားဖြင့် မှန်ကန်တဲ့ မဲဘယ်ရနိုင်မလဲ၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲ့လိုမျိုး မဖြစ်အောင်ကြိုးစားပါတယ်၊ တခြားသူတွေကိုလည်း မဖြစ်စေချင်ပါဘူး” ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်

#PeopleMedia #SNLD #ဦးစိုင်းညွှန့်လွင် #Political #202election


Share this post