• Follow Us on
Latest News

Home NLD အစိုးရမွ တိုင္းရင္းသားဆႏၵမ်ားအေလးထားေဆာင္ရြက္မည္ဆိုသည္ကို မယုံၾကည္ဟု ဖဒိုမန္းၿငိမ္း ေမာင္ေျပာ

NLD အစိုးရမွ တိုင္းရင္းသားဆႏၵမ်ားအေလးထားေဆာင္ရြက္မည္ဆိုသည္ကို မယုံၾကည္ဟု ဖဒိုမန္းၿငိမ္း ေမာင္ေျပာ

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၁၆

NLD အစိုးရမွ တိုင္းရင္းသားဆႏၵမ်ားကို အေလးထားေဆာင္ရြက္မည္ဆိုသည္ကို မယုံၾကည္ေၾကာင္း ကရင္ျပည္သူ႔ပါတီမွ ဖဒိုမန္းၿငိမ္းေမာင္က ေျပာသည္။

NLD ပါတီမွ ၿပီးခဲ့သည့္ နိုဝင္ဘာလ ၁၂ ရက္ေန႔က ထုတ္ျပန္ခဲ့သည့္ ထုတ္ျပန္ခ်က္တြင္ တိုင္းရင္းသားမ်ား၏ ဆႏၵမ်ားကို အေလးထားေဆာင္ရြက္မည္ဟု ထည့္သြင္းေျပာဆိုထားျခင္းကို ဖဒိုမန္းၿငိမ္းေမာင္က အထက္ပါ အတိုင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“အဲ့ဒါကၽြန္ေတာ္ မယုံၾကည္ပါဘူး၊ တိုင္းရင္းသားေတြလာရင္လည္း ႐ုပ္ျပပဲ သူထားမွာေပါ့၊ သူအခုမွ ေျပာ ေနတယ္ ၂၀၁၅ နိုင္ထဲက တိုင္းရင္းသားအေရးကို ေျဖရွင္းခ်င္ရင္ အဲ့ဒီကထဲက ေျဖရွင္းလို႔ရတာပဲ၊ တကယ္သာ လုပ္ရင္ ၿငိမ္းခ်မ္းေရးခရီးစဥ္ေတြလည္း အေဝးႀကီးေတာင္ ေရာက္သြားၿပီ”ဟု ဖဒိုမန္းၿငိမ္းေမာင္က ေျပာသည္။

NLD ပါတီ၏ ထုတ္ျပန္ခ်က္သည္ နာမည္ေကာင္းယူၿပီး နိုင္ငံေရးအရ အေပၚစီးက ယူၿပီးျခင္းျဖစ္ၿပီး ရိုးသားမႈ မရွိေၾကာင္း သို႔ျဖစ္၍ မိမိအေနျဖင့္ ယုံၾကည္မႈမရွိေၾကာင္း သို႔ေသာ္ NLD ဖိတ္ေခၚခ်က္ကို သြားမည့္ တိုင္းရင္း သားမ်ားလည္း အမ်ားအျပားရွိနိုင္ေၾကာင္း ၎ကဆိုသည္။

တိုင္းရင္းသားဆႏၵမ်ားကို အေလးထားေဆာင္ရြက္မည္ဟု NLD ပါတီ၏ ထုတ္ျပန္ခ်က္အေပၚ တိုင္းရင္းသား ပါတီအမ်ားစုက အေျပာမဟုတ္ဘဲ လက္ေတြ႕အေကာင္အထည္ေဖာ္ရန္ လိုအပ္ေၾကာင္း ေထာက္ျပေျပာဆို ၾကသည္။

#PeopleMedia

(unicode)
NLD အစိုးရမှ တိုင်းရင်းသားဆန္ဒများအလေးထားဆောင်ရွက်မည်ဆိုသည်ကို မယုံကြည်ဟု ဖဒိုမန်းငြိမ်း မောင်ပြော
…………………………………………………………..

ရန်ကုန်၊ နိုဝင်ဘာ ၁၆

NLD အစိုးရမှ တိုင်းရင်းသားဆန္ဒများကို အလေးထားဆောင်ရွက်မည်ဆိုသည်ကို မယုံကြည်ကြောင်း ကရင်ပြည်သူ့ပါတီမှ ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

NLD ပါတီမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် တိုင်းရင်းသားများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်မည်ဟု ထည့်သွင်းပြောဆိုထားခြင်းကို ဖဒိုမန်းငြိမ်းမောင်က အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဲ့ဒါကျွန်တော် မယုံကြည်ပါဘူး၊ တိုင်းရင်းသားတွေလာရင်လည်း ရုပ်ပြပဲ သူထားမှာပေါ့၊ သူအခုမှ ပြော နေတယ် ၂၀၁၅ နိုင်ထဲက တိုင်းရင်းသားအရေးကို ဖြေရှင်းချင်ရင် အဲ့ဒီကထဲက ဖြေရှင်းလို့ရတာပဲ၊ တကယ်သာ လုပ်ရင် ငြိမ်းချမ်းရေးခရီးစဉ်တွေလည်း အဝေးကြီးတောင် ရောက်သွားပြီ”ဟု ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

NLD ပါတီ၏ ထုတ်ပြန်ချက်သည် နာမည်ကောင်းယူပြီး နိုင်ငံရေးအရ အပေါ်စီးက ယူပြီးခြင်းဖြစ်ပြီး ရိုးသားမှု မရှိကြောင်း သို့ဖြစ်၍ မိမိအနေဖြင့် ယုံကြည်မှုမရှိကြောင်း သို့သော် NLD ဖိတ်ခေါ်ချက်ကို သွားမည့် တိုင်းရင်း သားများလည်း အများအပြားရှိနိုင်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသားဆန္ဒများကို အလေးထားဆောင်ရွက်မည်ဟု NLD ပါတီ၏ ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသား ပါတီအများစုက အပြောမဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ထောက်ပြပြောဆို ကြသည်။

#PeopleMedia


Share this post