• Follow Us on

Home NLD အစိုးရလက္ထက္တြင္ ေ၀ဖန္ခြင့္မရရွိျခင္းသည္ ဦးသိန္းစိန္အစိုးရႏွင့္ သိသာတဲ့ကြာျခားခ်က္ျဖစ္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီေျပာ

NLD အစိုးရလက္ထက္တြင္ ေ၀ဖန္ခြင့္မရရွိျခင္းသည္ ဦးသိန္းစိန္အစိုးရႏွင့္ သိသာတဲ့ကြာျခားခ်က္ျဖစ္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီေျပာ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၂၉

NLD အစိုးရလက္ထက္တြင္ ေ၀ဖန္ခြင့္မရရွိျခင္းသည္ ယခင္နိုင္ငံေတာ္သမၼတ(ၿငိမ္း)ဦးသိန္းစိန္အစိုးရႏွင့္ သိသာတဲ့ကြာျခားခ်က္ျဖစ္ေၾကာင္း ရခိုင္အမ်ိဳးသားပါတီ မူဝါဒေရးရာဦးေဆာင္ေကာ္မတီအဖြဲ႕၀င္ ဦးထြန္း ေအာင္ေက်ာ္မွ ေျပာသည္။

လက္ရွိ NLD အစိုးရလက္ထက္တြင္ တိုင္းရင္းသားအေရးႏွင့္ပတ္သက္ၿပီး ဘာေတြျပဳျပင္တိုးတက္ေျပာင္းလဲမႈ ရွိလဲဆိုသည့္ ေမးျမန္းမႈအေပၚ ၄င္းမွအထက္ပါအတိုင္းေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ဦးသိန္းစိန္အစိုးရလက္ထက္မွာ ဒီမိုကေရစီကိုစၿပီး ေျခလွမ္းလွမ္းခဲ့တာ အခက္အခဲေတြရွိခဲ့တာပါပဲ။ ကၽြန္ ေတာ္ကိုယ္တိုင္လည္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ပဲ။ ဦးသိန္းစိန္အစိုးရလက္ထက္မွာက လႊတ္ ေတာ္အခင္းအက်င္းဟာ ျပည္ေထာင္စုလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ အဆင့္ဆင့္ ေသာလႊတ္ေတာ္အခင္းအက်င္းကေနၿပီးေတာ့ အစိုးရကို စကၠန႔္မလပ္ အတိုင္းအတာတစ္ခုအတြင္း လုပ္ နိုင္တယ္။ အခုက်ေတာ့ အဓိကကြာျခားခ်က္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရလက္ထက္မွာေပၚ ေပါက္တဲ့ လႊတ္ေတာ္မွာ အစိုးရကိုမေ၀ဖန္ရဘူးဆိုေတာ့ အဲဒါက သိသိသာသာ ကြာျခားခ်က္တစ္ခုပဲ။ အဲဒါကျမင္သာတဲ့အပိုင္းေပါ့” ဟု ရခိုင္အမ်ိဳးသားပါတီ မူဝါဒေရးရာဦးေဆာင္ေကာ္မတီအဖြဲ႕၀င္ ဦးထြန္း ေအာင္ေက်ာ္မွ ေျပာသည္။

ဆက္လက္ၿပီး တိုင္းရင္းသားအေရးႏွင့္ပတ္သက္ၿပီး “၂၁ ရာစုပင္လုံၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္က သိသိသာသာ အေရြ႕တစ္ခုကို ေရြ႕နိုင္တဲ့အတိုင္းအတာမရွိဘူး။ အဲဒါေၾကာင့္ တိုင္းရင္းသားအခြင့္အေရးက ပိုၿပီးေတာ့ ရမယ္ဆိုတာ မျဖစ္နိုင္ဘူး။ ဒီတိုင္းရင္းသားေတြလိုခ်င္တာက တန္းတူေရး၊ ကိုယ္ပိုင္ ျပ႒ာန္းခြင့္ရရွိေရး၊ ေနာက္ၿပီးေတာ့ ဖက္ဒရယ္ျပည္ေထာင္စုေပၚေပါက္ေရးတို႔ အဓိကဒီသုံးခ်က္ပဲ။ ဒီသုံးခုစလုံးကို သေဘာတူဖို႔ကို လမ္းေၾကာင္းတစ္ခုကိုျဖင့္ အတိုင္းအတာတစ္ခုအထိ ေပါင္းလုပ္နိုင္တယ္ဆိုတာကလည္း မသိရတဲ့အတြက္ ျခဳံငုံၿပီးေျပာရရင္ေတာ့ တိုင္းရင္းသားအခြင့္အေရးက သိသိသာသာရတယ္ဆိုတာ မရွိဘူးလို႔ ေျပာလို႔ရပါ တယ္”ဟု ၄င္းမွ ေျပာသည္။

ဦးထြန္းေအာင္ေက်ာ္သည္ ၂၀၁၀-၂၀၁၅ ခုႏွစ္ ဦးသိန္းစိန္ အရပ္သားအစိုးရလက္ထက္တြင္ ပုဏၰားကၽြန္း ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္အျဖစ္ ၀င္ေရာက္အေရြးခ်ယ္ခံခဲ့သည္။

လက္ရွိတြင္ ရခိုင္အမ်ိဳးသားပါတီတြင္ နိုင္ငံေရးမူဝါဒေရးရာ ဦးေဆာင္ေကာ္မတီ၀င္အျဖစ္ တာ၀န္ထမ္းေဆာင္ လ်က္ရွိၿပီး လာမည့္ ၂၀၂၀ အေထြ ေထြေရြးေကာက္ပြဲတြင္ ရခိုင္အမ်ိဳးသားပါတီ ရခိုင္ျပည္နယ္အမ်ိဳးသားလႊတ္ ေတာ္မဲဆႏၵနယ္ အမွတ္(၃) စစ္ေတြၿမိဳ႕ကိုယ္စားလွယ္ေလာင္းအျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

#PeopleMedia #ရခိုင္အမ်ိဳးသားပါတီ

(Unicode)
NLD အစိုးရလက်ထက်တွင် ဝေဖန်ခွင့်မရရှိခြင်းသည် ဦးသိန်းစိန်အစိုးရနှင့် သိသာတဲ့ကွာခြားချက်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီပြော
……………………………………………….

ရန်ကုန်၊ စက်တင်ဘာ – ၂၉

NLD အစိုးရလက်ထက်တွင် ဝေဖန်ခွင့်မရရှိခြင်းသည် ယခင်နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်အစိုးရနှင့် သိသာတဲ့ကွာခြားချက်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်း အောင်ကျော်မှ ပြောသည်။

လက်ရှိ NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီး ဘာတွေပြုပြင်တိုးတက်ပြောင်းလဲမှု ရှိလဲဆိုသည့် မေးမြန်းမှုအပေါ် ၄င်းမှအထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီမိုကရေစီကိုစပြီး ခြေလှမ်းလှမ်းခဲ့တာ အခက်အခဲတွေရှိခဲ့တာပါပဲ။ ကျွန် တော်ကိုယ်တိုင်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပဲ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာက လွှတ် တော်အခင်းအကျင်းဟာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အဆင့်ဆင့် သောလွှတ်တော်အခင်းအကျင်းကနေပြီးတော့ အစိုးရကို စက္ကန့်မလပ် အတိုင်းအတာတစ်ခုအတွင်း လုပ် နိုင်တယ်။ အခုကျတော့ အဓိကကွာခြားချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာပေါ် ပေါက်တဲ့ လွှတ်တော်မှာ အစိုးရကိုမဝေဖန်ရဘူးဆိုတော့ အဲဒါက သိသိသာသာ ကွာခြားချက်တစ်ခုပဲ။ အဲဒါကမြင်သာတဲ့အပိုင်းပေါ့” ဟု ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်း အောင်ကျော်မှ ပြောသည်။

ဆက်လက်ပြီး တိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီး “၂၁ ရာစုပင်လုံငြိမ်းချမ်းရေးလုပ်ငန်းစဉ်က သိသိသာသာ အရွေ့တစ်ခုကို ရွေ့နိုင်တဲ့အတိုင်းအတာမရှိဘူး။ အဲဒါကြောင့် တိုင်းရင်းသားအခွင့်အရေးက ပိုပြီးတော့ ရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတိုင်းရင်းသားတွေလိုချင်တာက တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးတို့ အဓိကဒီသုံးချက်ပဲ။ ဒီသုံးခုစလုံးကို သဘောတူဖို့ကို လမ်းကြောင်းတစ်ခုကိုဖြင့် အတိုင်းအတာတစ်ခုအထိ ပေါင်းလုပ်နိုင်တယ်ဆိုတာကလည်း မသိရတဲ့အတွက် ခြုံငုံပြီးပြောရရင်တော့ တိုင်းရင်းသားအခွင့်အရေးက သိသိသာသာရတယ်ဆိုတာ မရှိဘူးလို့ ပြောလို့ရပါ တယ်”ဟု ၄င်းမှ ပြောသည်။

ဦးထွန်းအောင်ကျော်သည် ၂၀၁၀-၂၀၁၅ ခုနှစ် ဦးသိန်းစိန် အရပ်သားအစိုးရလက်ထက်တွင် ပုဏ္ဏားကျွန်း မြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သည်။

လက်ရှိတွင် ရခိုင်အမျိုးသားပါတီတွင် နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိပြီး လာမည့် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ ရခိုင်ပြည်နယ်အမျိုးသားလွှတ် တော်မဲဆန္ဒနယ် အမှတ်(၃) စစ်တွေမြို့ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

#PeopleMedia #ရခိုင်အမျိုးသားပါတီ


Share this post