• Follow Us on

Home NLD အစိုးရလက္ထက္၌ တည္ေဆာက္ခဲ့သည့္တံတားကို ဆီးသီးဗန္းေမွာက္တံတားဟု ခရမ္းၿမိဳ႕ခံမ်ား ေဝဖန္၊ ျဖစ္စဥ္အေပၚ People Media မွ ခရမ္းၿမိဳ႕ NLD အမတ္မ်ားကို သြားေရာက္ေမးျမန္းရာ ေျဖၾကားျခင္းမျပဳ

NLD အစိုးရလက္ထက္၌ တည္ေဆာက္ခဲ့သည့္တံတားကို ဆီးသီးဗန္းေမွာက္တံတားဟု ခရမ္းၿမိဳ႕ခံမ်ား ေဝဖန္၊ ျဖစ္စဥ္အေပၚ People Media မွ ခရမ္းၿမိဳ႕ NLD အမတ္မ်ားကို သြားေရာက္ေမးျမန္းရာ ေျဖၾကားျခင္းမျပဳ

Share this post

NLD အစိုးရလက္ထက္၌ တည္ေဆာက္ခဲ့သည့္တံတားကို ဆီးသီးဗန္းေမွာက္တံတားဟု ခရမ္းၿမိဳ႕ခံမ်ား ေဝဖန္၊ ျဖစ္စဥ္အေပၚ People Media မွ ခရမ္းၿမိဳ႕ NLD အမတ္မ်ားကို သြားေရာက္ေမးျမန္းရာ ေျဖၾကားျခင္းမျပဳ
………………………………………………………
 
ခရမ္း၊ ေမ – ၁၁
 
ရန္ကုန္တိုင္းေဒသႀကီး၊ ခရမ္းၿမိဳ႕၌ တည္ေဆာက္ထားသည့္ သံကူကြန္ကရစ္တံတားႀကီး၏ ေအာက္ေျခတိုင္မ်ားသည္ ယို ယြင္းမႈ ျဖစ္ေပၚေနျခင္းေၾကာင့္ အဆိုပါတံတားကို ခရမ္းၿမိဳ႕ေဒသခံမ်ားက ဆီးသီးဗန္းေမွာက္တံတားလို႔ ေျပာဆို ေနၾကပါတယ္။
 
အဆိုပါတံတားကို NLD အစိုးရလက္ထက္ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္း၌ တံတားတည္ေဆာက္မႈၿပီးစီးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကပါတယ္။
 
အဆိုပါတံတားႏွင့္ပတ္သက္၍ People Media သတင္းဌာနမွ ေျမျပင္ကြင္းဆင္းသတင္းရယူရာ၌ တံတားတည္ ေဆာက္ရာ၌ ကဗ်ည္းေက်ာက္စာတိုင္မရွိျခင္း၊ စတင္ေဆာက္လုပ္သည့္အခ်ိန္၊ ၿပီးစီးသည့္အခ်ိန္၊ ကုန္က်ေငြ၊ တံတား၏ ေပအရွည္၊ ကုန္က်ေငြ၊ တံတားေဆာက္လုပ္ခြင့္ရကုမၸဏီစသည့္တို႔ကို ေဖာ္ျပထားျခင္းမရွိပါ။
 
အလားတူ တံတား၏ ေဆာက္ေျခတိုင္မ်ားသည္ ၾကမ္းျပင္ေနရာမ်ားသည္ People Media မွ ေဖာ္ျပထားသည့္ သတင္းဓါတ္ပုံမ်ားအတိုင္း ျမင္ေတြ႕ရပါတယ္။
 
“NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဒီတံတားနဲ႔ ပတ္သက္ၿပီး ဘာအသံမွမထြက္ဘူး။ တံတားက အသစ္ပါ။ ေရတိုက္စားမႈလည္း မရွိဘူး။ ေရစီးလည္း မသန္ဘူး။ ဒီေခ်ာင္းက ဆည္ေရနဲ႔ သြားတာ။ ဒါကို NLD အမတ္ေတြ တိတိက်က် လူထုကို ခ်ျပသင့္တယ္။ ဒီကိစၥက ဆီးသီးဗန္းေမွာက္တဲ့ ကိစၥပါ။ ဒါကို ရန္ကုန္တိုင္းအစိုးရ စစ္ေဆး ေပးသင့္ပါတယ္”လို႔ ခရမ္းၿမိဳ႕ခံက ေျပာပါတယ္။
 
ဆက္လက္ၿပီး People Media မွ အဆိုပါတံတားအျခအေနႏွင့္ပတ္သက္၍ ခရမ္းၿမိဳ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္၊ တိုင္းအမတ္(၁)၊ တိုင္းအမွတ္(၂)ကိုယ္စားလွယ္မ်ားထံ သြားေရာက္ေတြ႕ဆုံေမးျမန္းမႈရရွိရန္ သြား ေရာက္ခဲ့ေသာ္လည္း ေျဖဆိုျခင္း မရွိခဲ့ပါ။
 
အဆိုပါတံတားသည္ ရန္ကုန္တိုင္းေဒသႀကီး၊ ခရမ္းၿမိဳ႕နယ္ အမွတ္(၉)ရပ္ကြက္ႏွင့္ အမွတ္(၁၀)ရပ္ကြက္ ၾကားရွိ ေခ်ာင္းေပၚ၌ တည္ေဆာက္ထားသည့္တံတားတစ္စင္းျဖစ္ပါတယ္။
 
ဆက္လက္ေဖာ္ျပမည္။
 
#PeopleMedia #ခရမ္း
 
(unicode)
NLD အစိုးရလက်ထက်၌ တည်ဆောက်ခဲ့သည့်တံတားကို ဆီးသီးဗန်းမှောက်တံတားဟု ခရမ်းမြို့ခံများ ဝေဖန်၊ ဖြစ်စဉ်အပေါ် People Media မှ ခရမ်းမြို့ NLD အမတ်များကို သွားရောက်မေးမြန်းရာ ဖြေကြားခြင်းမပြု
………………………………………………………
 
ခရမ်း၊ မေ – ၁၁
 
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့၌ တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတားကြီး၏ အောက်ခြေတိုင်များသည် ယို ယွင်းမှု ဖြစ်ပေါ်နေခြင်းကြောင့် အဆိုပါတံတားကို ခရမ်းမြို့ဒေသခံများက ဆီးသီးဗန်းမှောက်တံတားလို့ ပြောဆို နေကြပါတယ်။
 
အဆိုပါတံတားကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း၌ တံတားတည်ဆောက်မှုပြီးစီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။
 
အဆိုပါတံတားနှင့်ပတ်သက်၍ People Media သတင်းဌာနမှ မြေပြင်ကွင်းဆင်းသတင်းရယူရာ၌ တံတားတည် ဆောက်ရာ၌ ကဗျည်းကျောက်စာတိုင်မရှိခြင်း၊ စတင်ဆောက်လုပ်သည့်အချိန်၊ ပြီးစီးသည့်အချိန်၊ ကုန်ကျငွေ၊ တံတား၏ ပေအရှည်၊ ကုန်ကျငွေ၊ တံတားဆောက်လုပ်ခွင့်ရကုမ္ပဏီစသည့်တို့ကို ဖော်ပြထားခြင်းမရှိပါ။
 
အလားတူ တံတား၏ ဆောက်ခြေတိုင်များသည် ကြမ်းပြင်နေရာများသည် People Media မှ ဖော်ပြထားသည့် သတင်းဓါတ်ပုံများအတိုင်း မြင်တွေ့ရပါတယ်။
 
“NLD လွှတ်တော်ကိုယ်စားလှယ်တွေ ဒီတံတားနဲ့ ပတ်သက်ပြီး ဘာအသံမှမထွက်ဘူး။ တံတားက အသစ်ပါ။ ရေတိုက်စားမှုလည်း မရှိဘူး။ ရေစီးလည်း မသန်ဘူး။ ဒီချောင်းက ဆည်ရေနဲ့ သွားတာ။ ဒါကို NLD အမတ်တွေ တိတိကျကျ လူထုကို ချပြသင့်တယ်။ ဒီကိစ္စက ဆီးသီးဗန်းမှောက်တဲ့ ကိစ္စပါ။ ဒါကို ရန်ကုန်တိုင်းအစိုးရ စစ်ဆေး ပေးသင့်ပါတယ်”လို့ ခရမ်းမြို့ခံက ပြောပါတယ်။
 
ဆက်လက်ပြီး People Media မှ အဆိုပါတံတားအခြအနေနှင့်ပတ်သက်၍ ခရမ်းမြို့ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ တိုင်းအမတ်(၁)၊ တိုင်းအမှတ်(၂)ကိုယ်စားလှယ်များထံ သွားရောက်တွေ့ဆုံမေးမြန်းမှုရရှိရန် သွား ရောက်ခဲ့သော်လည်း ဖြေဆိုခြင်း မရှိခဲ့ပါ။
 
အဆိုပါတံတားသည် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် အမှတ်(၉)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက် ကြားရှိ ချောင်းပေါ်၌ တည်ဆောက်ထားသည့်တံတားတစ်စင်းဖြစ်ပါတယ်။
 
ဆက်လက်ဖော်ပြမည်။
 
#PeopleMedia #ခရမ်း

Share this post