• Follow Us on

Home NLD အစိုးရအနေဖြင့် အတင်းအဓမ္မအနိုင်ကျင့်လွန်းရာရောက်ကြောင်း မစိုးရိမ်တိုက်သစ် စာချဆရာတော် ဦးဝီရသူမိန့်ကြား


Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂

 

မစိုးရိမ်တိုက်သစ် စာချဆရာတော် ဦးဝီရသူမှ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့၌ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်များထံ သြဝါဒခံယူပြီး အဖမ်းခံသွားမည်ဟု မိန့်ကြားခဲ့သည်။

 


 


 


 


 

အလားတူ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်များထံ ဆရာတော်ဦးဝီရသူမှ သွားရောက် သြဝါဒခံယူရာတွင် ဆရာတော်ကြီးများမှ သြဝါဒပေးခြင်းမရှိပေ။

 

#PeopleMedai#ဦးဝီရသူ

 

(unicode)

NLD အစိုးရအနေဖြင့် အတင်းအဓမ္မအနိုင်ကျင့်လွန်းရာရောက်ကြောင်း မစိုးရိမ်တိုက်သစ် စာချဆရာတော် ဦးဝီရသူမိန့်ကြား
…………………………………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၂

မစိုးရိမ်တိုက်သစ် စာချဆရာတော် ဦးဝီရသူမှ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့၌ ကမ႓ာအေးကုန်းမြေရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်များထံ သြဝါဒခံယူပြီး အဖမ်းခံသွားမည်ဟု မိန့်ကြားခဲ့သည်။

“NLD အစိုးရ ၁၂၄ နဲ့ပုဒ်မတပ်ပြီးတော့ ဝရမ်းထုတ်ထားပါတယ်။ ပြီးနောက် ကျောင်းကိုဝရမ်းကပ်တာ၊ ကားကို ဝရမ်းကပ်တာ၊ ဟိုနေရာ၊ ဒီနေရာဝရမ်းကပ်တာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကို အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် ဆက်တိုက်ကြီး လုပ်ဆောင်ပြီးတော့ အနိုင်ကျင့်လာတာကို တွေ့ရပါတယ်။ ဦးဇင်းရဲ့ ဘဏ်စာ အုပ်ကိုလည်း အစိုးရက ချိတ်ပိတ်တာတို့၊ နာမည်စာရင်းပြောင်းတာတို့အထိ ထပ်မံပြီး လုပ်ဆောင်လာပါတယ်။ ဒါဟာအရပ်သားအစိုးရ၊ ပြည်သူ့အစိုးရ၊ တရားဥပဒေကိုလိုလားတဲ့အစိုးရက မစိုးရိမ်တိုက်သစ် နာယကဆရာ တော်တစ်ပါး၊ စာချဆရာတော်တစ်ပါး၊ ဘုရားသားတော်တစ်ပါးကို အတင်းအဓမ္မ အနိုင်ကျင့်လွန်းတယ်လို့ ယူဆပါတယ်”ဟု ဆရာတော်ဦးဝီရသူမှ မိန့်ကြားသည်။

ဆရာတော်ဦးဝီရသူမှ အစိုးရ၊ မီဒီယာများနှင့် နိုင်ငံရေးပါတီများအနေဖြင့် ၎င်းအပေါ် မည်သို့အနိုင်ကျင့်တိုက် ခိုက်အပုပ်ချစေကာမူ စိတ်တိုင်းကျ ကျူးလွန်ခွင့်၊ စော်ကားခွင့်၊ ပြစ်မှားခွင့်တွေကို လွတ်လပ်စွာပြောပိုင်ခွင့် ပေးထားကြောင်းလည်း မိန့်သည်။

ဆက်လက်ပြီး အစိုးရမှ ဝရမ်းထုတ်ထားသည့်အတွက် နာမည်အသေမခံနိုင်ကြောင်းနှင့် မဟနဆရာတော်ကြီး ထံလာရောက်ဦးတိုက်ပြီးနောက် ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သည့်နောက်သို့ လိုက်ပါမည်ဖြစ်ပြီး လာမည့်ရွေး ကောက်ပွဲတွင် သံဃာတော်၊ ပြည်သူများအနေဖြင့် တာဝန်ကျေပွန်ရန် ယခုလို မိန့်ကြားခဲ့သည်။

“၂၀၂၀ ရွေးကောက်ပွဲကို တစ်စုံတရာလုပ်ခွင့်မပြုဘဲ ထောင်ထဲကိုသွားမယ်ဆိုရင်တော့ ငါဟာပြည်သူ့အတွက် တာဝန်မကျေတဲ့ ရဟန်းတစ်ပါးဖြစ်သွားလိမ့်မယ်။ သာသနာတော်အတွက် ဘာမှလုပ်ဆောင်မပေးနိုင်တဲ့ ရဟန်း တစ်ပါးဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲကို အင်မတန်တာဝန်ကျေပွန်ချင်တဲ့အတွက်ကြောင့် ဗီဒီဖိုင်တွေရိုက်ပြီး နေ့စဉ်တင်ခဲ့ပါတယ်။ ၂၀၂၀ အတွက် ဦးဇင်းက တာဝန်ကျေခဲ့ပါပြီ။ သံဃာတွေပဲ တာဝန် ကျေဖို့လိုပါတော့တယ်။ ပြည်သူတွေပဲ တာဝန်ကျေဖို့ လိုပါတော့တယ်။ အားလုံး တာဝန်ကျေအောင်လုပ်ကြပါ။ အဲဒီအတွက် ရွေးကောက်ပွဲနဲ့ သံဃာ့တာဝန်ဆိုတာလည်း ဟောကြားထားပါတယ်။ အားလုံးသော ညီတော် နောင်တော် သံဃာတော်များ ဒီတာဝန်များကို ကိုယ်စီကိုယ်ငှကျေပွန်စွာထမ်းရွက်ကြပါ။ အားလုံးသောပြည်သူ တွေအားလုံးလည်း ဒီတာဝန်များကို ကျေပွန်စွာထမ်းရွက်ခြင်းဖြင့် မိစ္ဆာမျိုးယုတ် ငှက်စုတ်ပါတီကို အမျိုးပြုတ် အောင်တိုက်ထုတ်မယ်”ဟု မိန့်ဆိုခဲ့သည်။

အလားတူ ကမ႓ာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်များထံ ဆရာတော်ဦးဝီရသူမှ သွားရောက် သြဝါဒခံယူရာတွင် ဆရာတော်ကြီးများမှ သြဝါဒပေးခြင်းမရှိပေ။

#PeopleMedai#ဦးဝီရသူ


Share this post