• Follow Us on

Home NLD အစိုးရ၏ ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး လႈပ္ရွားမႈဓါတ္ပုံမ်ားကုိ ပုံႏွိပ္ထုတ္ေဝရန္ ျပန္ၾကားေရးဝန္ၾကီး ေဒါက္တာေဖျမင့္ စီစဥ္

NLD အစိုးရ၏ ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး လႈပ္ရွားမႈဓါတ္ပုံမ်ားကုိ ပုံႏွိပ္ထုတ္ေဝရန္ ျပန္ၾကားေရးဝန္ၾကီး ေဒါက္တာေဖျမင့္ စီစဥ္

Share this post

ရန္ကုန္၊ ၾသဂုတ္- ၂၇

NLD အစိုးရ ၏ ႏိုင္ငံေရး ၊လူမႈေရး၊စီးပြားေရး စသည့္လႈပ္ရွားမႈဓါတ္ပုံမ်ားကိုိ ပုံႏွိပ္ထုတ္ေဝရန္ ျပန္ၾကားေရးဝန္ၾကီေဒါက္တာေဖျမင့္က စီစဥ္လ်က္ရွိသည္။

အလားတူ ေနျပည္ေတာ္၌ ၾသဂုတ္လ ၂၇ရက္ ေန႔က က်င္းပသည့္ ႏိုင္င့ေတာ္အစိုးရ၏ ျပဳျပင္ေျပာင္းလဲေရးေဆာင္ရြက္ခ်က္ မွတ္တမ္းစာအုပ္မ်ား မိတ္ဆက္ျဖန္႔ခ်ိပြဲအခမ္းအနား တြင္ျပည္ေထာင္စု၀န္ႀကီး ဦးေဖျမင့္က ကုိယ္တုိင္ထုတ္ေဖာ္ျပာဆုိမႈ ျပဳခဲ့သည္။

အဆုိပါ မွတ္တမ္းစာအုပ္ကုိ စက္တင္ဘာလမွ စတင္၍ ျဖန္ခ်ီသြားရန္ စီစဥ္ထားသည္။

“သာမာန္ျပည္သူမ်ားထဲက သို႔မဟုတ္မည္သူမဆိုေပါ့ေနာ္။ ဒီအစိုးရရဲ႔ေဆင္ရြက္ခ်က္မ်ားနဲ႔ပတ္သက္ၿပီးေတာ့ အလြယ္တကူသိရွိေအာင္၊ ႐ုတ္တရက္ၾကည့္ရင္လည္းနည္းနည္း စိတ္၀င္စားၿပီးၾကည့္ရႈျဖစ္ေအာင္ဆိုၿပီး ကြ်န္ေတာ္တို႔ ဒီလိုေဆာင္ရြက္တဲ့ဓါတ္ပုံမွတ္တမ္းစာအုပ္ ဒါတစ္ခုကြ်န္ေတာ္တို႔ျပဳစုေနတာရွိပါတယ္။ ဒီမွာေတာ့ ႏိုင္ငံေရး၊စီးပြားေရး၊လူမႈေရး၊ယဥ္ေက်းမႈစသျဖင့္ေပါ့။ က႑အလိုက္ခြဲၿပီးေတာ့ ၀န္ႀကီးဌာနအေနနဲ႔မဟုတ္ဘဲနဲ႔ ႏိုင္ငံတကာဆက္ဆံေရး စသျဖင့္ ဒီလိုေခါင္းစဥ္မ်ိဳးေတြနဲ႔ ကြ်န္ေတာ္တို႔ျပဳစုေနတဲ့စာအုပ္ျဖစ္ပါတယ္။ဒါပုံမႏွိပ္ရေသးပါဘူး။ျပင္ဆင္ဆဲျဖစ္ပါတယ္။ဒါေတာ့လာမဲ့လထဲၿပီးစီးမယ္လို႔ ကြ်န္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္။ဒါလည္းၿပီးစီးရင္ေတာ့ သက္ဆိုင္တဲ့ဌာနအသီးသီးကို ဆက္ၿပီးေတာ့ ျဖန္႔ခ်ိသြားပါမယ္ခင္ဗ်’’ဟု ၎ကေျပာသည္။

ေဒါက္တာေဖျမင့္သည္ စာေရးဆရာ တစ္ဦးျဖစ္ျပီး NLD အစုိးရ လက္ထက္၌ ျပန္ၾကားေရးဝန္ၾကီးအျဖစ္ ခန္႔အပ္ျခင္း ခံခဲ့ရသည္။ ေဒါက္တာေဖျမင့္သည္ ျပန္ၾကားေရးဝန္ၾကီးတာဝန္ စတင္ယူစဥ္မွ စ၍ ယေန႔အထိ တုိင္းေဒသၾကီး/ျပည္နယ္မ်ားရွိ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ႐ုံးေရွ႕ရွိ နံရံကပ္ေၾကာ္ျငာစာမ်ားတြင္ ႏိုင္ငံေတာ္သမၼတႏွင့္ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္တို႔ လႈပ္ရွားမႈဓါတ္ပုံမ်ားကိုသာ အသားေပးကပ္ထားမႈမ်ားရွိခဲ့သည္။

#PeopleMedia #NLD #ေဒါက္တာေဖျမင့္

(unicode)
NLD အစိုးရ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လှုပ်ရှားမှုဓါတ်ပုံများကို ပုံနှိပ်ထုတ်ဝေရန် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် စီစဉ်
…………………………………………

ရန်ကုန်၊ ဩဂုတ်- ၂၇

NLD အစိုးရ ၏ နိုင်ငံရေး ၊လူမှုရေး၊စီးပွားရေး စသည့်လှုပ်ရှားမှုဓါတ်ပုံများကို ပုံနှိပ်ထုတ်ဝေရန် ပြန်ကြားရေးဝန်ကြီဒေါက်တာဖေမြင့်က စီစဉ်လျက်ရှိသည်။

အလားတူ နေပြည်တော်၌ ဩဂုတ်လ ၂၇ရက် နေ့က ကျင်းပသည့် နိုင်င့တော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲအခမ်းအနား တွင်ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ကိုယ်တိုင်ထုတ်ဖော်ပြာဆိုမှု ပြုခဲ့သည်။

အဆိုပါ မှတ်တမ်းစာအုပ်ကို စက်တင်ဘာလမှ စတင်၍ ဖြန်ချီသွားရန် စီစဉ်ထားသည်။

“သာမာန်ပြည်သူများထဲက သို့မဟုတ်မည်သူမဆိုပေါ့နော်။ ဒီအစိုးရရဲ့ဆေင်ရွက်ချက်များနဲ့ပတ်သက်ပြီးတော့ အလွယ်တကူသိရှိအောင်၊ ရုတ်တရက်ကြည့်ရင်လည်းနည်းနည်း စိတ်ဝင်စားပြီးကြည့်ရှုဖြစ်အောင်ဆိုပြီး ကျွန်တော်တို့ ဒီလိုဆောင်ရွက်တဲ့ဓါတ်ပုံမှတ်တမ်းစာအုပ် ဒါတစ်ခုကျွန်တော်တို့ပြုစုနေတာရှိပါတယ်။ ဒီမှာတော့ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ယဉ်ကျေးမှုစသဖြင့်ပေါ့။ ကဏ္ဍအလိုက်ခွဲပြီးတော့ ဝန်ကြီးဌာနအနေနဲ့မဟုတ်ဘဲနဲ့ နိုင်ငံတကာဆက်ဆံရေး စသဖြင့် ဒီလိုခေါင်းစဉ်မျိုးတွေနဲ့ ကျွန်တော်တို့ပြုစုနေတဲ့စာအုပ်ဖြစ်ပါတယ်။ဒါပုံမနှိပ်ရသေးပါဘူး။ပြင်ဆင်ဆဲဖြစ်ပါတယ်။ဒါတော့လာမဲ့လထဲပြီးစီးမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ဒါလည်းပြီးစီးရင်တော့ သက်ဆိုင်တဲ့ဌာနအသီးသီးကို ဆက်ပြီးတော့ ဖြန့်ချိသွားပါမယ်ခင်ဗျ’’ဟု ၎င်းကပြောသည်။

ဒေါက်တာဖေမြင့်သည် စာရေးဆရာ တစ်ဦးဖြစ်ပြီး NLD အစိုးရ လက်ထက်၌ ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ဒေါက်တာဖေမြင့်သည် ပြန်ကြားရေးဝန်ကြီးတာဝန် စတင်ယူစဉ်မှ စ၍ ယနေ့အထိ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ နံရံကပ်ကြော်ငြာစာများတွင် နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ လှုပ်ရှားမှုဓါတ်ပုံများကိုသာ အသားပေးကပ်ထားမှုများရှိခဲ့သည်။

#PeopleMedia #NLD #ဒေါက်တာဖေမြင့်


Share this post