• Follow Us on

Home NLD အပါအဝင္ ၿပိဳင္ဘက္ပါတီမ်ားကို စိုးရိမ္ေနမည္မဟုတ္ဟု မြန္ညီညႊတ္ေရးပါတီဆို

NLD အပါအဝင္ ၿပိဳင္ဘက္ပါတီမ်ားကို စိုးရိမ္ေနမည္မဟုတ္ဟု မြန္ညီညႊတ္ေရးပါတီဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁၀
 
မြန္ညီညႊတ္ေရးပါတီသည္ ယခင္ မြန္ျပည္နယ္ရွိ ပါတီသုံးခုေပါင္းထားျခင္ျဖစ္၍ NLD အပါအဝင္ ၿပိဳင္ဘက္ပါတီ မ်ားကို စိုးရိမ္မႈရွိေနမည္မဟုတ္ေၾကာင္း မြန္ညီညြတ္ေရးပါတီ၏ တြဲဖက္အတြင္းေရးမွဴး (၂) ဦးနိုင္စံတင္က ေျပာ ပါတယ္။
၂၀၂၀ ေရြးေကာက္ပြဲတြင္ မြန္ညီညႊတ္ေရးပါတီ၏ အဓိကၿပိဳင္ဘက္မွာ NLD ပါတီျဖစ္ေၾကာင္း ဆိုပါတယ္။
 
“ကၽြန္ေတာ္တို႔အေနနဲ႔ ၿပိဳင္ဘက္ပါတီေတြကို စိုးရိမ္စိတ္မျဖစ္ပါဘူး၊ အခုအားလုံး ေျပာင္းသြားၿပီေလ ျပည္သူ လူထုရဲ႕ အျမင္သေဘာထားေရာ ကၽြန္ေတာ္တို႔ မြန္လူမ်ိဳးေတြ ျဖစ္ေစခ်င္တဲ့ မြန္ပါတီသုံးခုေပါင္းထားတာ ျဖစ္တဲ့အတြက္ မြန္ျပည္မွာဆို တစ္ပါတီပဲ ရွိေတာ့တယ္၊ အဲ့ေတာ့ အင္အားက တစ္စုတစ္စည္းထဲ ျဖစ္တဲ့အခါ က်ေတာ့ စိုးရိမ္စရာမရွိပါဘူး”ဟု မြန္ညီညြတ္ေရးပါတီ၏ တြဲဖက္အတြင္းေရးမွဴး(၂) ဦးနိုင္စံတင္က ေျပာပါတယ္။
 
မြန္ညီညြတ္ေရးပါတီသည္ ယခင္ မြန္အမ်ိဳးသားပါတီ၊ မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီပါတီႏွင့္ ျပင္ပရွိ မြန္လူမ်ိဳး နိုင္ငံေရးအင္အားစုတို႔ စုေပါင္းကာ ျပန္လည္ဖြဲ႕စည္းထားသည့္ပါတီျဖစ္၍ ယခုေရြးေကာက္ပြဲတြင္ အင္အား ပိုမိုေတာင့္တင္းလာသည့္ ပါတီတစ္ခုျဖစ္ပါတယ္။
 
မြန္ညီညြတ္ေရးပါတီအေနျဖင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ မြန္ျပည္နယ္ရွိ ဘီးလင္းႏွင့္ သထုံၿမိဳ႕နယ္မွ လြဲ၍ က်န္ၿမိဳ႕နယ္ (၈)ခုတြင္ ကိုယ္စားလွယ္ေလာင္း (၃၅) ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး၊ ရန္ကုန္တိုင္း ေဒသႀကီးတြင္ (၆)ဦး၊ ကရင္ျပည္နယ္တြင္ (၁၂) ဦးႏွင့္ တနသၤာရီတိုင္းေဒသႀကီးတြင္ (၁၀)ဦး အပါအ၀င္ စုစုေပါင္း (၆၅)ဦး ၀င္ေရာက္ယွဥ္ၿပိဳင္မွာလဲျဖစ္ပါတယ္။
 
Photo – MUP
 
#PeopleMedia
 
(Unicode)
NLD အပါအဝင် ပြိုင်ဘက်ပါတီများကို စိုးရိမ်နေမည်မဟုတ်ဟု မွန်ညီညွှတ်ရေးပါတီဆို
………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၁၀
 
မွန်ညီညွှတ်ရေးပါတီသည် ယခင် မွန်ပြည်နယ်ရှိ ပါတီသုံးခုပေါင်းထားခြင်ဖြစ်၍ NLD အပါအဝင် ပြိုင်ဘက်ပါတီ များကို စိုးရိမ်မှုရှိနေမည်မဟုတ်ကြောင်း မွန်ညီညွတ်ရေးပါတီ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးနိုင်စံတင်က ပြော ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွှတ်ရေးပါတီ၏ အဓိကပြိုင်ဘက်မှာ NLD ပါတီဖြစ်ကြောင်း ဆိုပါတယ်။
 
“ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ပါတီတွေကို စိုးရိမ်စိတ်မဖြစ်ပါဘူး၊ အခုအားလုံး ပြောင်းသွားပြီလေ ပြည်သူ လူထုရဲ့ အမြင်သဘောထားရော ကျွန်တော်တို့ မွန်လူမျိုးတွေ ဖြစ်စေချင်တဲ့ မွန်ပါတီသုံးခုပေါင်းထားတာ ဖြစ်တဲ့အတွက် မွန်ပြည်မှာဆို တစ်ပါတီပဲ ရှိတော့တယ်၊ အဲ့တော့ အင်အားက တစ်စုတစ်စည်းထဲ ဖြစ်တဲ့အခါ ကျတော့ စိုးရိမ်စရာမရှိပါဘူး”ဟု မွန်ညီညွတ်ရေးပါတီ၏ တွဲဖက်အတွင်းရေးမှူး(၂) ဦးနိုင်စံတင်က ပြောပါတယ်။
 
မွန်ညီညွတ်ရေးပါတီသည် ယခင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ပြင်ပရှိ မွန်လူမျိုး နိုင်ငံရေးအင်အားစုတို့ စုပေါင်းကာ ပြန်လည်ဖွဲ့စည်းထားသည့်ပါတီဖြစ်၍ ယခုရွေးကောက်ပွဲတွင် အင်အား ပိုမိုတောင့်တင်းလာသည့် ပါတီတစ်ခုဖြစ်ပါတယ်။
 
မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ ဘီးလင်းနှင့် သထုံမြို့နယ်မှ လွဲ၍ ကျန်မြို့နယ် (၈)ခုတွင် ကိုယ်စားလှယ်လောင်း (၃၅) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ရန်ကုန်တိုင်း ဒေသကြီးတွင် (၆)ဦး၊ ကရင်ပြည်နယ်တွင် (၁၂) ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် (၁၀)ဦး အပါအဝင် စုစုပေါင်း (၆၅)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာလဲဖြစ်ပါတယ်။
 
Photo – MUP
 
#PeopleMedia

Share this post