• Follow Us on

Home NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး၊ ပါတီဝင် (၁၅၅) ဦး၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံခဲ့ရကြောင်း NLD ထုတ်ပြန်

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး၊ ပါတီဝင် (၁၅၅) ဦး၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံခဲ့ရကြောင်း NLD ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ်လ ၁၈

 

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး၊ ပါတီဝင် (၁၅၅) ဦး၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံခဲ့ရကြောင်း NLD ပါတီမှ ယနေ့ ထုတ်ပြန်လိုက် သည်။

 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်ခေါင်းဆောင် တစ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် မတရားအကြမ်းဖက်သိမ်းယူပြီး တရားဝင်ရွေး ကောက်ခံအစိုးရ၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ သံဃာတော်များ၊ စာပေနှင့်အနုပညာရှင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို မတရားဖမ်းဆီးထိန်းသိမ်းခဲ့‌ကြောင်း ထုတ်ပြန်ထားသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့က ပြုစုထားသော စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစတင်၍ ၂၀၂၂ ခုနှစ် မတ်လ (၁၄) နေ့အထိ နိုင်ငံ တစ်ဝှမ်းလုံး၌ မတရားဖမ်းဆီးခံရသူ (၁၃၀၀၀) ခန့် ရှိသည့်အနက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် (၈၃၂) ဦးပါရှိပြီး ပြန်လည်လွတ်မြောက်လာသူ (၁၇၁)ဦးရှိပါသည်။ မတရားပုဒ်မများ အထပ်ထပ်ဆင့်ကာ စွဲဆို ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၊ ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် (၆၄၅) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

မတရားဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇) ဦးပါဝင်ပြီး၊ ၎င်းတို့အနက် ပြန်လည်လွတ်မြောက်လာသူ (၁၄) ဦးရှိကာ ကျန်လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ပါသည်။ မတရားဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း စစ်ကြောရေးကာလ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုနှင့် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအပါအဝင် စုစုပေါင်း (၁၆) ဦး ကွယ်လွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ပြင် အကြောင်းအမျိုးမျိုးပြ၍ ပုဒ်မ(၅၀၅) နှင့် အခြားပုဒ်မများတပ်ကာ တရားစွဲဆိုထားစဉ် သက်ဆိုင်ရာ တရားရုံးများက အပြီးသတ်ဆုံးဖြတ်ချက်များမချနိုင်သေးသည့်အချိန်တွင် နေအိမ်နှင့် အခြားပိုင်ဆိုင်မှုများကို မတရားချိတ်ပိတ်ဆောင်ရွက်လျက်ရှိပြီး၊ စာရင်းများအရ လွှတ်တော်ကိုယ်စားလှယ် (၉၃) ဦးအပါအဝင် စုစု ပေါင်း ပါတီဝင် (၁၅၅) ဦး၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံခဲ့ရပြီးဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post