• Follow Us on

Home NLD ဦးဆောင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၏ နိုင်ထက်စီးနင်း ဆောင်ရွက်သည့်လုပ်ရပ်များကို ကန့် ကွက်ကြောင်း ကော်မတီဝင်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ပြည်ထောင်စုလွှတ်တော်နာယကထံ စာပို့


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၂၀






(Unicode)
NLD ဦးဆောင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၏ နိုင်ထက်စီးနင်း ဆောင်ရွက်သည့်လုပ်ရပ်များကို ကန့် ကွက်ကြောင်း ကော်မတီဝင်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ပြည်ထောင်စုလွှတ်တော်နာယက ထံ စာပို့
……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂၀

NLD လွှတ်တော်ကိုယ်စားလှယ်များဦးဆောင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၏ နိုင်ထက်စီးနင်း ဆောင် ရွက်သည့်လုပ်ရပ်များကို ကန့်ကွက်ကြောင်း ကော်မတီဝင်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ပြည်ထောင်စုလွှတ်တော်နာယကထံ စာပို့လိုက်သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပူးပေါင်းကော်မတီဝင်(၈)ဦးသည် ပြည်ထောင်စုလွှတ်တော်၏ ဆုံး ဖြတ်ချက်ကို လိုက်နာသောအားဖြင့် စိတ်ရှည်သည်းခံစွာတက်ရောက်ခဲ့ကြောင်း ကော်မတီဝင်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်ထောင်စုလွှတ်တော်နာယကထံစာပို့သည့်စာ၌ ဖော်ပြထားသည်။

အလားတူ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို (၄၅)ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း လက်ရှိအချိန်၌ (၃၉) ဦးသာ ရှိကြောင်း ဆိုသည်။

ထို့အတူ ပူးပေါင်းကော်မတီတွင် အားလုံးဘုံသဘောတူညီချက် Consensus ကို ရအောင် ညှိနှိုင်း၍ ဆောင်ရွက် မည်ဟု စကားလုံးလှလှပြောသော်လည်း အနိုင်ရပါတီ NLD ၏ ပြင်ဆင်ရန် တင်ပြချက်များသာ အတည်ဖြစ်နေ ၍ All Inclusive မဖြစ်သဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပူးပေါင်းကော်မတီဝင်မှ ပူးပေါင်းကော် မတီ၏ ဆောင်ရွက်ချက်များကို ကန့်ကွက်ကြောင်းဆိုသည်။

#PeopleMedia #Political


Share this post