• Follow Us on

Home NLD ေခါင္းေဆာင္မ်ား ယုံၾကည္မႈအျမင့္ဆုံးထားခဲ့ေသာ ေနျပည္ေတာ္ ဒု-ၿမိဳ႕ေတာ္ဝန္ ရန္ကုန္ေရာက္လာၿပီ

NLD ေခါင္းေဆာင္မ်ား ယုံၾကည္မႈအျမင့္ဆုံးထားခဲ့ေသာ ေနျပည္ေတာ္ ဒု-ၿမိဳ႕ေတာ္ဝန္ ရန္ကုန္ေရာက္လာၿပီ

Share this post

ၿပီးခဲ့သည့္ ရက္ပုိင္းအတြင္း၌ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းသည္ လာမည့္ ေရြးေကာက္ပြဲ၌ ဝင္-မဝင္ သည္ သူကုိယ္တုိင္ ဆုံးျဖတ္ရမယ္လုိ႔ NLD ပါတီရဲ႕ ဦးဝင္းထိန္က ေျပာဆုိခဲ့ပါတယ္။

 

ထုိကဲ့သုိ႔ ဦးဝင္းထိန္က ဦးၿဖိဳးမင္းသိန္းရဲ႕ ႏုိင္ငံေရးလုပ္ခြင့္နဲ႔ပတ္သက္ၿပီး ေျပာဆုိၿပီးေနာက္ပုိင္း ေနျပည္ေတာ္ မွာ NLD ပါတီမွ CEC အစည္းအေဝးတစ္ရပ္ကုိ က်င္းပခဲ့ပါတယ္။ အဆုိပါအစည္းအေဝးၿပီးမွာ ေနျပည္ေတာ္ ဒု-ၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးကုိ ရန္ကုန္တုိင္းအစုိးရလစ္လပ္ေနရာျဖစ္တဲ့ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဝန္ႀကီး တာဝန္ယူဖုိ႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

 

ဒီလုိဆုံးျဖတ္ၿပီးေနာက္ ရက္ပုိင္းအတြင္း ရန္ကုန္တုိင္းလႊတ္ေတာ္မွာ အတည္ျပဳရမွာလည္းျဖစ္ပါတယ္။ ဒီေနရာ စဥ္းစားဖုိ႔ ျဖစ္လာတာက ရန္ကုန္တုိင္းဝန္ႀကီးလစ္လပ္ေနရာမွာ အစားထုိးဖုိ႔ တုိင္းလႊတ္ေတာ္ကုိယ္စားလွယ္ ေတြနဲ႔ ရန္ကုန္တုိင္းက NLD ပါတီမွာ လူမရွိေတာ့ဘူးလားဆုိတာ ေမးစရာရွိလာပါတယ္။ သို႔ေသာ္လည္း ရန္ကုန္တုိင္း အစုိးရအဖြဲ႕ရဲ႕ ေဆာင္ရြက္ခ်က္ေတြက ရန္ကုန္တုိင္းျပည္သူေတြ စိတ္ေက်နပ္မႈကုိ မျပႏုိင္ခဲ့တာ အထင္အရွားပါ။ ဒါေတြကုိ ကုစားဖုိ႔ ဦးရဲမင္းဦးကုိ ရန္ကုန္ေရြ႕ဖုိ႔ ျဖစ္ခဲ့တာလုိ႔ NLD ပါတီေခါင္းေဆာင္တစ္ဦးက ဆုိပါတယ္။

 

NLD ပါတီက ဦးရဲမင္းဦးကုိ ႏုိင္ငံေရးအရ အျမင့္ဆုံးေမွ်ာ္လင့္ခ်က္ႀကီးေနပါတယ္။ ဒီေမွ်ာ္လင့္ခ်က္က ၂၀၂၀ ေရြးေကာက္ပြဲမွာ ရန္ကုန္ေအာင္ႏုိင္ေရးအတြက္ ဦးေဆာင္ႏုိင္မည့္သူတစ္ဦးအျဖစ္ ေမွ်ာ္လင့္ခ်က္ ထားရွိခဲ့ပါ တယ္။ လက္ရွိရန္ကုန္အစုိးရ၏ ေလးနွစ္ေက်ာ္သက္တမ္းအတြင္းမွာ ၎တုိ႔ရဲ႕ ေဆာင္ရြက္ခ်က္ေတြက ျပည္သူ ေတြ ေမးခြန္းထုတ္ေနသလုိ ရန္ကုန္တုိင္းၿမိဳ႕ေတာ္ဝန္ရဲ႕ ေဆာင္ရြက္ခ်က္ေတြကလည္း ထုိနည္းတူပါ။ ဦးရဲမင္း ဦးသည္ ၂၀၁၃ ခုႏွစ္မွာ NLD ရဲ႕ စီးပြားေရးေကာ္မတီ၊ ျပန္ၾကားေရးေကာ္မတီအျဖစ္ တာဝန္ယူခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ ေနျပည္ေတာ္စည္ပင္ဘဏ္ဥကၠ႒၊ ေနျပည္ေတာ္ဒု-ၿမိဳ႕ေတာ္ဝန္ တာဝန္ယူခဲ့သူလည္း ျဖစ္ပါတယ္။

 

လက္ရွိအခ်ိန္မွာ ဦးရဲမင္းဦးသည္ ရန္ကုန္တုိင္းအစုိးရအဖြဲ႕ရဲ႕ လက္က်န္သက္တမ္းအတြင္းမွာ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးျဖစ္လာၿပီးေနာက္ သူ႔ရဲ႕ေဆာင္ရြက္ခ်က္ေတြအေပၚ ျပည္သူက ဘယ္ေလာက္မွတ္ေက်ာက္ တင္မယ္ဆုိတာ စိတ္ဝင္စားဖုိ႔ေကာင္းပါတယ္။

 

လက္က်န္ အစုိးရအဖြဲ႕တာဝန္ယူစဥ္မွာ ဦးရဲမင္းဦးရဲ႕ ေဆာင္ရြက္ခ်က္မ်ားသည္ ရန္ကုန္လူထု အသိအမွတ္ျပဳ ခဲ့လွ်င္ သူသည္ ၂၀၂၀ ေရြးေကာက္ပြဲ၌ တုိင္း NLD ပါတီ ေအာင္ႏုိင္ေရး ဦးေဆာင္လႈပ္ရွားသူတစ္ဦး ျဖစ္လာႏုိင္ သလုိ ၂၀၂၀ အလြန္ NLD ပါတီ ရလဒ္ေကာင္းကုိ ဦးရဲမင္းဦးက စြမ္းေဆာင္ေပးႏုိင္ခဲ့ရင္ ရန္ကုန္တုိင္းဝန္ႀကီး ခ်ဳပ္အလားအလာရွိတယ္လုိ႔ NLD ပါတီ ထိပ္ပုိင္းေခါင္းေဆာင္တစ္ဦးကလည္း မွတ္ခ်က္ေပးေျပာဆုိပါတယ္။

 

#PeopleMedia #ဦးရဲမင္းဦး

 

(unicode)

NLD ခေါင်းဆောင်များ ယုံကြည်မှုအမြင့်ဆုံးထားခဲ့သော နေပြည်တော် ဒု-မြို့တော်ဝန် ရန်ကုန်ရောက်လာပြီ
————————————————————————

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် လာမည့် ရွေးကောက်ပွဲ၌ ဝင်-မဝင် သည် သူကိုယ်တိုင် ဆုံးဖြတ်ရမယ်လို့ NLD ပါတီရဲ့ ဦးဝင်းထိန်က ပြောဆိုခဲ့ပါတယ်။

ထိုကဲ့သို့ ဦးဝင်းထိန်က ဦးဖြိုးမင်းသိန်းရဲ့ နိုင်ငံရေးလုပ်ခွင့်နဲ့ပတ်သက်ပြီး ပြောဆိုပြီးနောက်ပိုင်း နေပြည်တော် မှာ NLD ပါတီမှ CEC အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ အဆိုပါအစည်းအဝေးပြီးမှာ နေပြည်တော် ဒု-မြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်တိုင်းအစိုးရလစ်လပ်နေရာဖြစ်တဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီလိုဆုံးဖြတ်ပြီးနောက် ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းလွှတ်တော်မှာ အတည်ပြုရမှာလည်းဖြစ်ပါတယ်။ ဒီနေရာ စဉ်းစားဖို့ ဖြစ်လာတာက ရန်ကုန်တိုင်းဝန်ကြီးလစ်လပ်နေရာမှာ အစားထိုးဖို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ရန်ကုန်တိုင်းက NLD ပါတီမှာ လူမရှိတော့ဘူးလားဆိုတာ မေးစရာရှိလာပါတယ်။ သို့သော်လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေက ရန်ကုန်တိုင်းပြည်သူတွေ စိတ်ကျေနပ်မှုကို မပြနိုင်ခဲ့တာ အထင်အရှားပါ။ ဒါတွေကို ကုစားဖို့ ဦးရဲမင်းဦးကို ရန်ကုန်ရွေ့ဖို့ ဖြစ်ခဲ့တာလို့ NLD ပါတီခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

NLD ပါတီက ဦးရဲမင်းဦးကို နိုင်ငံရေးအရ အမြင့်ဆုံးမျှော်လင့်ချက်ကြီးနေပါတယ်။ ဒီမျှော်လင့်ချက်က ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်အောင်နိုင်ရေးအတွက် ဦးဆောင်နိုင်မည့်သူတစ်ဦးအဖြစ် မျှော်လင့်ချက် ထားရှိခဲ့ပါ တယ်။ လက်ရှိရန်ကုန်အစိုးရ၏ လေးနှစ်ကျော်သက်တမ်းအတွင်းမှာ ၎င်းတို့ရဲ့ ဆောင်ရွက်ချက်တွေက ပြည်သူ တွေ မေးခွန်းထုတ်နေသလို ရန်ကုန်တိုင်းမြို့တော်ဝန်ရဲ့ ဆောင်ရွက်ချက်တွေကလည်း ထိုနည်းတူပါ။ ဦးရဲမင်း ဦးသည် ၂၀၁၃ ခုနှစ်မှာ NLD ရဲ့ စီးပွားရေးကော်မတီ၊ ပြန်ကြားရေးကော်မတီအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ဒု-မြို့တော်ဝန် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဦးရဲမင်းဦးသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ လက်ကျန်သက်တမ်းအတွင်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်လာပြီးနောက် သူ့ရဲ့ဆောင်ရွက်ချက်တွေအပေါ် ပြည်သူက ဘယ်လောက်မှတ်ကျောက် တင်မယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

လက်ကျန် အစိုးရအဖွဲ့တာဝန်ယူစဉ်မှာ ဦးရဲမင်းဦးရဲ့ ဆောင်ရွက်ချက်များသည် ရန်ကုန်လူထု အသိအမှတ်ပြု ခဲ့လျှင် သူသည် ၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်း NLD ပါတီ အောင်နိုင်ရေး ဦးဆောင်လှုပ်ရှားသူတစ်ဦး ဖြစ်လာနိုင် သလို ၂၀၂၀ အလွန် NLD ပါတီ ရလဒ်ကောင်းကို ဦးရဲမင်းဦးက စွမ်းဆောင်ပေးနိုင်ခဲ့ရင် ရန်ကုန်တိုင်းဝန်ကြီး ချုပ်အလားအလာရှိတယ်လို့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကလည်း မှတ်ချက်ပေးပြောဆိုပါတယ်။

#PeopleMedia #ဦးရဲမင်းဦး


Share this post