• Follow Us on

Home Non-Aligned Movement အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အစွန်းရောက်ဝါဒီများ၊ အကြမ်းဖက်မှုများနှင့် တစ်ဖက် သတ်စီးပွားရေးပိတ်ဆို့မှုများကို ရင်ဆိုင်နေရကြောင်း မြန်မာသံအမတ်ကြီးပြောကြား

Non-Aligned Movement အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အစွန်းရောက်ဝါဒီများ၊ အကြမ်းဖက်မှုများနှင့် တစ်ဖက် သတ်စီးပွားရေးပိတ်ဆို့မှုများကို ရင်ဆိုင်နေရကြောင်း မြန်မာသံအမတ်ကြီးပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ – ၃ (People Media)

 

Non-Aligned Movement အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမမျှတမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲမှု၊ အစွန်းရောက်ဝါဒီများ၊ အကြမ်းဖက်မှုများနှင့် တစ်ဖက်သတ်စီးပွားရေးပိတ်ဆို့မှုများကို ရင်ဆိုင်နေရကြောင်း မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ ပြောကြားလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် ဆားဘီးယားအစိုးရသုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Institution of International Politics and Economics သည် ဆားဘီးယားနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများနှင့် Non-Aligned Movement နှစ် (၆၀)ပြည့်အထိမ်းအမှတ် Ambassadorial Conference on the Occasion of the 60th Anniversary of the Non-Aligned Movement ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ရာတွင် သံအမတ်ကြီးမှ ပြော ကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသည် Non-Aligned Movement စတင်ထူထောင်ခဲ့သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Non-Aligned Movement အဖွဲ့ကြီး၏ အခြေခံမူ (၅) ချက်အား ယနေ့အချိန်ထိ လေး စားလိုက်နာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်၊ တက်ကြွ၍ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒတွင်လည်း Non-Aligned Movement ၏ အခြေခံမူကြီး (၅) ချက်နှင့်အညီ ကျင့်သုံးလျက်ရှိကြောင်း၊ လက်ရှိ ကမ္ဘာကြီး တွင် လူမှုရေး၊ စီးပွားရေးလွှမ်းမိုးမှုများဖြင့် ခေတ်သစ်နယ်ချဲ့ ဝါဒများကျင့်သုံးလျက်ရှိကြောင်း ၎င်းက ပြော သည်။

 

လက်ရှိအချိန်တွင် အကြီးမားဆုံးစိန်ခေါ်မှုမှာ Covid-19 ကပ်ရောဂါဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြန်အလှန်ကူညီနားလည်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)နှင့်အတူတကွ ရပ်တည်ကာ ကပ်ရောဂါဆိုးအား ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ Covid-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အခွင့်အရေးတန်းတူမရှိသည်မှာ ဝမ်းနည်းစရာကောင်းပြီး အဖွဲ့ ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ဆေးတန်းတူညီမျှ ရရှိစေရေးအတွက် ဖွံ့ဖြိုးပြီးနိုင်ငံများကို တိုက်တွန်း ရန်လိုကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့ကြီး၏ မူများကိုလေးစားလိုက်နာပြီး ဖွံ့ဖြိုးတိုးတက်မှု၊ တန်းတူညီမျှရှိမှုနှင့် တရားမျှတမှုရှိစေရန်တို့အတွက် အတူတကွ ရပ်တည်ဆောင်ရွက်ရန် အရေးကြီးကြောင်း မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ ပြောကြားခဲ့သည်။

 

အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်မှ တက်ရောက်ခဲ့ပြီး ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ State Secretary  H.E. Mr. Nemanja Starovic ၊ Institution of International Politics and Economics မှ Director Prof. dr Branislav Dordevic၊ ဘဲလ်ဂရိတ်အခြေစိုက် Non-Aligned Movement အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စိတ်ပါဝင်စားသူများနှင့် မီဒီယာများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

#PeopleMedia #နိုင်ငံခြားရေး

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 



Share this post