NSCN(K) အဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိသူတစ်ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်
PUBLISHED - October 1, 2019
နေပြည်တော်၊ စက်တင်ဘာ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ချင်းတွင်းတံတား၌ လုံခြုံရေး ဆောင်ရွက်နေေ သာ တပ်ဖွဲ့ဝင်များထံသို့ စက်တင်ဘာ ၂၉ ရက် ညနေ ၃ နာရီခန့်တွင် NSCN(K) အဖွဲ့မှ လဟယ်မြို့နယ်၊ ဝမ်တုံကျေးရွာနေ မြို့နယ်မှူး အဆင့်ရှိ ဦးဝမ်ဝမ်(ဘ)ဦးကမ်ဝမ်သည် ၎င်းကိုင်ဆောင်သည့် ၉ မမပစ္စတိုတစ်လက်၊ ၎င်း ကျည်အိမ်တစ်ခု၊ ကျည်နှစ်တောင့်နှင့် အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
၎င်းအနေဖြင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့် အတူ ယခုကဲ့သို့ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူအား တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။