• Follow Us on

Home NSPNC၊ NCA ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ သုံးပွင့်ဆိုင်တွေ့ဆုံ

NSPNC၊ NCA ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ သုံးပွင့်ဆိုင်တွေ့ဆုံ

Share this post

နေပြည်တော်၊ ဩဂုတ် ၂၄

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ၏ အလုပ်အဖွဲ့တို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့သည်။

 

တွေ့ဆုံရာတွင် တက်ရောက်လာကြသူများက ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ လက်ရှိပကတိ ဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးရာတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုဦးစား ပေးဆောင်ရွက်စေလိုသည့်အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင်ဒေသများအတွင်း ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာ၌ လိုအပ်သည့်ပူးပေါင်းမှုများဆောင်ရွက် ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

ယင်းတွေ့ဆုံ ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post