• Follow Us on

Home NUG၊ CRPH နှင့် PDF အဖွဲ့များသည် ပြည်တွင်း၊ ပြည်ပအကြမ်းဖက်သမားများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကိုသာ ဦးတည်ဆောင်ရွက်နေသည့်အခြေအနေများကို ဗိုလ်ချုပ်ကြီး မောင် မောင်အေးက ဆွေးနွေးတင်ပြ

NUG၊ CRPH နှင့် PDF အဖွဲ့များသည် ပြည်တွင်း၊ ပြည်ပအကြမ်းဖက်သမားများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကိုသာ ဦးတည်ဆောင်ရွက်နေသည့်အခြေအနေများကို ဗိုလ်ချုပ်ကြီး မောင် မောင်အေးက ဆွေးနွေးတင်ပြ

Share this post

နေပြည်တော်၊ မတ် ၁၈

 

NUG၊ CRPH နှင့် PDF အဖွဲ့များသည် ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားများနှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကိုသာ ဦးတည်ဆောင်ရွက်နေသည့် အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းတွင် ဖနောင်းပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတွင် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဆွေးနွေးပြောကြားခဲ့သည်။

 

မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဆွေးနွေး ပြောကြားရာတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုရှိစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးဟူသည့် အာဆီယံ၏ အခြေခံစည်းမျဉ်းကို ကျော်လွန်၍ အဖွဲ့ဝင်နိုင်ငံများအကြား ပြည်တွင်းရေးများတွင် ပါဝင်စွက်ဖက်ရန် သွယ်ဝိုက်၊ သို့မဟုတ် တိုက် ရိုက်နည်းလမ်းများဖြင့် ဖိအားပေး တိုက်တွန်းလျက်ရှိသည်ကို တွေ့ရှိနိုင်သည့်အခြေအနေများ၊ အာဆီယံအဖွဲ့ ကြီးသည် စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးနှင့် စုပေါင်းတာဝန်ယူမှုများရှိနေသည့် အသိုက်အဝန်းဖြစ်သည့် အားလျော်စွာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရဆဲ၊ ကြုံတွေ့ရလာနိုင်သည့် စိန်ခေါ်မှုများကို အာဆီယံဒေသတွင်း နိုင်ငံ အချင်းချင်း ဟန်ချက်ညီညီစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ထိုသို့ပူးပေါင်း ဆောင်ရွက်ရာတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာ ဏာပိုင်ဆိုင်မှုနှင့် နိုင်ငံအချင်းချင်း တန်းတူရည်တူရှိမှုကို အပြန်အလှန် လေးစားတန်ဖိုးထားရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တည်ဆဲအစိုးရကို ဆန့်ကျင်နေသော အကြမ်းဖက်အဖွဲ့အစည်း များဖြစ်သည့် NUG၊ CRPH နှင့် PDF အဖွဲ့များသည် ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားများနှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းကိုသာ ဦးတည်ဆောင်ရွက်နေကြသည့် အခြေအနေများ၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် မြန်မာနိုင်ငံ၏ အဓိကရည်မှန်းချက်များကို ဖော် ဆောင်ရန်အတွက် မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတစ်ရပ်ကို သတ်မှတ်ကာလတွင် အမြန်ဆုံး အောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ရန် လွန်စွာအရေး ကြီးသည့် အခြေအနေများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပနိုင်ရန် မလွဲမသွေလိုအပ်သည့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်း မှုနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုတို့ကို ထိခိုက်စေလျက်ရှိသည့်အတွက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကို သတ်မှတ်ကာလအတွင်း ကျင်းပနိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………..

 


 


 


 


 

#PeopleMedia


Share this post