• Follow Us on

Home NUG၊ PDF ကို လက်မခံဖို့ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ညွှန်ကြားထား၊ အဆိုပါ ညွှန်ကြား ချက်သည် KNU အဖွဲ့အစည်း၏ သဘောထားမဟုတ်ဟုဆို

NUG၊ PDF ကို လက်မခံဖို့ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ညွှန်ကြားထား၊ အဆိုပါ ညွှန်ကြား ချက်သည် KNU အဖွဲ့အစည်း၏ သဘောထားမဟုတ်ဟုဆို

Share this post

နေပြည်တော်၊ သြဂုတ် ၂၇ (People media)

 

NUG၊ PDF ကို လက်မခံဖို့ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ညွှန်ကြားထားမှုသည် အဖွဲ့အစည်း၏ သဘောထားမဟုတ်ကြောင်း KNU မှ ဗဟိုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံးတွင် အဖွဲ့အစည်းအသီးသီးနှင့် ခေါင်းဆောင်အသီးသီးရှိသည့်အတွက် ယခု ညွှန်ကြားမှုသည် စာထုတ်သူ၏ သဘောထားသာဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

“အဲ့ဒီစာ လိုင်းပေါ်မှာ ပြန့်နေတာကိုတော့တွေ့တယ်၊ ဒါပေမယ့် အခု စာထုတ်တာက တစ်ဦးထဲ သဘော ထားနဲ့သာ ဆိုင်လိမ့်မယ်၊ အဖွဲ့အစည်းရဲ့ သဘောထားတော့ မဟုတ်ဘူး” လို့ KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

 

KNU ဗဟိုအနေဖြင့် NUG နှင့် PDF အပေါ် ထားရှိသည့် သဘောထားများနှင့် ပတ်သက်၍ ယနေ့တိုင် ထုတ်ပြန်ထားခြင်းမရှိသည့်အတွက် ယခင်အတိုင်းသာ ဆက်လက်ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

 

“ကျွန်တော်တို့ဗဟိုက ဒီနေ့အထိ အဲ့ဒါနဲ့ ပတ်သက်ရင် စာထုတ်တယ်ဆိုတာ လုံးဝမရှိသေးဘူး၊ ကျွန်တော်တို့ အနေနဲ့ အရင်အတိုင်း ဆက်လက်ကူညီသွားမှာဖြစ်ပါတယ်” ဟု ပြောပါတယ်။

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နေရာတချို့မှာ NUG၊ PDF အဖွဲ့ဝင်တွေခိုလှုံနေတယ်လို့ သတင်းရရှိတဲ့အတွက် အဲ့ဒီနေရာတွေမှာ NUG၊ PDF ရှိ မရှိစုံစမ်းပြီး အကြောင်းပြန်ဖို့ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူတပ်မဟာ ၆ ဒူးပယာခရိုင်ဥက္ကဋ္ဌညွှန်ကြားစာတစ်စောင်အား ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

 

Photo – credit (KNU တပ်မဟာ ၆ မှ ထုတ်ပြန်ထားသည့်စာ)

 

#PeopleMedia #KNU တပ်မဟာ၆ #NUG #PDF

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 



Share this post