• Follow Us on
Latest News

Home NUG နှင့် စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်း MNDAA အကြမ်းဖက်အဖွဲ့ ထုတ်ပြန်

NUG နှင့် စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်း MNDAA အကြမ်းဖက်အဖွဲ့ ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

NUG အကြမ်းဖက်အဖွဲ့နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အကြမ်းဖက်အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟုတ်မိတ်မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်ကြောင်း၊ MNDAA အနေဖြင့် NUG အကြမ်း ဖက်အဖွဲ့နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်း သို့သော် မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးဝါးသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင် စေ့စပ်ဖြေရှင်းပေးရန် အထူးမေတ္တာရပ်ခံကြောင်း၊ မိမိတို့အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အဖွဲ့များအဖြစ် စက်တင်ဘာလဆန်းပိုင်းက ကြေညာထားသည်။

 

#PeopleMedia


Share this post