NUG နှင့် ထိတွေ့ဆက်ဆံခဲ့သည့် တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ ထွက်ခွာ ရန် နစက အကြောင်းကြား

PUBLISHED - August 28, 2023
နေပြည်တော်၊ ဩဂုတ် ၂၈
ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နေ့မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သြဂုတ်လ ၂၅ ရက်နေ့၌ သံ တမန်စာဖြင့် အကြောင်းကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်၊၊
တီမောလက်စ်တေ အစိုးရအနေဖြင့် မြန်မာအစိုးရမှ တီမောလက်စ်တေအစိုးရအား ဆက်တိုက်ဆိုသလို သတိပေးပြောကြားမှုများ ပြုလုပ်လျက်ရှိသည့်ကြားမှ မြန်မာ−တီမော လက်စ်တေ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည့် လုပ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများအား အားပေးအားမြှောက်ပြုလျက် အကြမ်းဖက်မှုများ ကျူးလွန်ဆောင်ရွက်နေသည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် ထိတွေ့ဆက် ဆံမှုများပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီမှ မြန်မာ နိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများ အဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ဖြင့် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည့်အချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်မံအသိပေးအပ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တီမောလက်စ်တေအစိုးရ၏ အဆင်အခြင်မဲ့သော လုပ်ရပ်များမှာ နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီး သော ဆက်ဆံရေးကို ထိခိုက်စေသည်သာမက အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG မှ ကျူးလွန်လျက်ရှိ သည့် အကြမ်းဖက်ဆောင်ရွက်ချက်များ ပိုမိုလုပ်ဆောင်စေရန် အားပေးအားမြှောက်ပြုရာလည်း ရောက်လျက်ရှိ ကြောင်း သိရသည်၊၊
သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် မကိုက်ညီသည့် တီမောလက်စ်တေ အစိုးရ၏ ပြောကြား ချက်နှင့် လုပ်ဆောင်ချက်များအား ပြင်းထန်စွာ ကန့်ကွက်ကြောင်းကိုလည်း အသိပေးလိုက်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သိရသည်၊၊
#PeopleMedia