NUG ပြည်ပြေးအစိုးရက အမေရိကန်ထံ ဒေါ်လာ သန်း ၅၀၀ ကျော် အကူအညီတောင်းခံ
PUBLISHED - July 17, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၇
မြန်မာအတိုက်အခံလက်နက်ကိုင်အုပ်စုတွေကို ဦးဆောင်နေတဲ့ NUG ပြည်ပြေးအစိုးရဟာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများနဲ့ လက်နက်မဟုတ်တဲ့တခြားအကူအညီများအတွက် ဒေါ်လာသန်း ၅၀၀ ကျော် အကူအညီပေးဖို့ အမေရိကန်အစိုးရထံတောင်းခံထားကြောင်း VOA မှာရေးသားဖော်ပြထားပါတယ်။
NUG အစိုးရလက်အောက်ခံ လက်နက်ကိုင်အုပ်စုတချို့က NUG အစိုးရကတစ်ဆင့် စစ်လက်နက်ပစ္စည်းနဲ့ မ သက်ဆိုင်တဲ့အကူအညီ ဒေါ်လာ သန်း ၂၀၀ အပါအဝင် လာမယ့်ဘဏ္ဍာရေးနှစ်အတွင်း စစ်ဘေးရှောင်များအ တွက် လူသားချင်းစာနာမှုအကူအညီများထောက်ပံ့နိုင်ဖို့ ဒေါ်လာ ၅၂၅ သန်းကို အမေရိကန်ကွန်ဂရက်လွှတ် တော်ကို အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
NUG အစိုးရဟာ မြန်မာ နစက အစိုးရကို တော်လှန်နေတဲ့ လက်နက်ကိုင်အုပ်စုတွေကို ဦးဆောင်နေတဲ့ ပြည် ပြေးအစိုးရဖြစ်သလို မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ မဟာမိတ်အဖွဲ့လည်းဖြစ်ပြီး မြန်မာ နိုင်ငံတွင်း လက်ရှိအချိန်မှာ ကျေးလက်ဒေသ တစ်ဝက်လောက်ကို ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထိန်းနိုင်တယ်လို့ ယူဆရကြောင်း VOA က ရေးသားထားပါတယ်။
NUG ပြည်ပြေးအစိုးရက ၎င်းတို့အနေနဲ့ အမေရိကန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ရန်ပုံငွေကော် မတီတွေထံကို အဆိုပြုထားတဲ့ရန်ပုံငွေပမာဏကိုဖော်ပြပြီး လျှောက်တင်တောင်းဆိုထားကြောင်း VOA ကိုပြော ပေမဲ့ တစ်ဖက် ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
NUG ဦးဆောင်တဲ့ လက်နက်ကိုင်အုပ်စုတွေဟာ အနောက်နိုင်ငံတွေထံက စစ်ရေးအကူအညီတွေတောင်းခံခဲ့ ပေမဲ့ ဒီကနေ့အချိန်အထိ စစ်ရေးအကူအညီပေးဖို့ ငြင်းပယ်ခံခဲ့ရပါတယ်။ အဲဒီလိုငြင်းပယ်ခံရတဲ့အတွက် NUG ဦးဆောင်တဲ့ လက်နက်ကိုင်အုပ်စုတွေဟာ နစက အစိုးရတပ်တွေထက် လက်နက်အင်အားမယှဉ်သာအောင် ပိုမိုဝေးကွာသွားရတယ်လို့ဆိုပါတယ်။
နစက အစိုးရဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ဒီကနေ့အချိန်အထိ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၁ ဘီလျံဖိုးခန့်ဝယ်ယူခဲ့ရာ အများစုကို ရုရှား၊ တရုတ်နဲ့ စင်္ကာပူနိုင်ငံတို့က ဝယ်ယူခဲ့တယ်လို့ဆိုပါတယ်။
Ref: Myanmar Resistance Asks US for Over $500 Million in Nonlethal and Humanitarian Aid
#PeopleMedia