• Follow Us on

Home NUG မှ အခွန်ကောက်ခံမည့် ဥပ‌ဒေပြဠာန်း၊ တစ်နှစ်လစာဝင်ငွေ သိန်း ၁၂၀ ကျော်ရလျှင် အခွန်ငွေ ထမ်း ဆောင်ရမည်ဟုဆို

NUG မှ အခွန်ကောက်ခံမည့် ဥပ‌ဒေပြဠာန်း၊ တစ်နှစ်လစာဝင်ငွေ သိန်း ၁၂၀ ကျော်ရလျှင် အခွန်ငွေ ထမ်း ဆောင်ရမည်ဟုဆို

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၃ (People Media)

 

NUG မှ အခွန်ကောက်ခံရန် ၂၀၂၁ ခုနှစ် အခွန်အကောက်ဥပဒေကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက် နေ့မှာ ပြဠာန်းလိုက်တယ်လို့ NUG မှ ထုတ်ပြန်ထားပါတယ်။

 

NUG ရဲ့ အခွန်ဥပဒေမှာ လစာဝင်ငွေခွန်အဖြစ် လစာ တစ်လကို ၁၀ သိန်း ဒါမှမဟုတ် တစ်နှစ်လစာဝင်ငွေ သိန်း ၁၂၀ ကျော်ရရင် ဝင်ငွေခွန်ဆောင်ရမှာဖြစ်ပြီး၊ တစ်နှစ်လစာဝင်ငွေ သိန်း ၁၂၀ မကျော်ရင် ဆောင်စရာ မလိုကြောင်း ဖော်ပြထားပါတယ်။

 

အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း အများဆုံး သိန်း ၁၀၀ နဲ့ တစ်နှစ်လစာဝင်ငွေ သိန်း ၁၂၀ ကျော်ရရင် မိဘ တစ်ဦးစီအတွက် သိန်း ၂၀ စီ၊ အိမ်ထောင်ဖက်တစ်ဦးအတွက် သိန်း ၂၀ နဲ့ သား၊ သမီး တစ်ဦးစီအတွက် ၁၀ သိန်းစီ နုတ်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

 

ကျန်တဲ့အသားတင် ဝင်ငွေအပေါ်မှာ ပထမ သိန်း ၂၀ ကို ဝ ရာခိုင်နှုန်း၊ ဒုတိယ သိန်း ၁၈၀ ကို ၅ ရာခိုင်နှုန်း၊ တတိယ သိန်း  ၃၀၀ ကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၅၀၀ အထက်ရသောငွေကို ၁၅ ရာခိုင်နှုန်းတို့ စည်းကြပ်ခွန် ပေးဆောင်ရမှာဖြစ်ပြီး၊ ကုန်သွယ်လုပ်ငန်းခွန်ကိုတော့ ကင်းလွတ်ခွင့်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။

 

အခွန်များကောက်ခံရန် မူလလျာထားချက်မှာ ကုန်သွယ်ခွန်မပါ အထူးကုန်စည်ခွန် ၄၁၅,၀၈၂ သန်း၊ ကျောက်မျက်ရတနာခွန် ၁,၁၅၅ သန်း၊ နွေဦးထီမှ ၁၀၁,၄၄၀ သန်း၊ ဝင်ငွေခွန် ၉၂၆,၂၂၈ သန်း စုစုပေါင်း  ကျပ်သန်း ၁,၄၄၃,၉၀၅  ရရှိဖို့ မှန်းထားတယ်လို့ NUG ရဲ့ အခွန်အကောက်ဥပဒေမှာ ဖော်ပြထားပါတယ်။

 

#PeopleMedia #NUG

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #NUG


Share this post