• Follow Us on

Home NUG အစိုးရက ၎င်းတို့ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် ဂျပန်အစိုးရထံ တောင်းဆို

NUG အစိုးရက ၎င်းတို့ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် ဂျပန်အစိုးရထံ တောင်းဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈ (People Media)

 

မြန်မာနိုင်ငံတွင် ဖော်ဖော်ဝါရီလစစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့် အတိုက်အခံအစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG အစိုးရ) က ၎င်းတို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပါရန် ဂျပန် အစိုးရထံသို့ စာတစ်စောင်ရေးသားပေးပို့ တောင်းဆိုခဲ့ကြောင်း NUG အစိုးရနှင့် ရင်းနှီးသော သတင်းရင်းမြစ် များက ဒီဇင်ဘာလ ၇ ရက်နေ့က ပြောသည်။

 

ဂျပန်ဝန်ကြီးချပ် ဖူမီယိုကီရှီဒါနှင့် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီတို့ထံ လိပ်မူထားသောစာတွင် “ စစ် အစိုးရလက်အောက်ရှိ တိုကျိုမြို့မှ မြန်မာသံရုံးကို ရင်ဆိုင်တုံ့ပြန်ရန်အတွက် ဂျပန်နိုင်ငံတွင် ကိုယ်စားလှယ်ရုံး တစ်ရုံးဖွင့်လှစ်သွားရန် အတိုက်အခံအစိုးရက စီစဉ်နေကြောင်း” ဖော်ပြထားသည်။

 

NUG အစိုးရသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် တောင်ကိုရီးယားအပါအဝင် နိုင်ငံသုံးလေးနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲများဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

 

ဂျပန်နိုင်ငံသည် တပ်မတော်အဖြစ်သိထားကြသည့် စစ်တပ်ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖွဲ့အစည်းအ ဖြစ် အသိအမှတ်မပြုသော်လည်း တပ်မတော်၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးအီချီရိုမာရူယာမာနှင့် အ ခြားအဖွဲ့အစည်းများကြား “independent pipeline” ၏ အရေးကြီးပုံကို အလေးထားနေစဉ်အတွင်း ဂျပန် နိုင်ငံ ကိုယ်တိုင်က အနောက်နိုင်ငံများကချမှတ်သည့် စီးပွားရေးအရေးယူပိတ်ဆို့မှုများနှင့် ကင်းကွာအောင်နေနေရ သည်။

 

NUG အစိုးရကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် မျှော်လင့်မထားကြေင်းကိုလည်း ဂျပန်နိုင်ငံခြားရေးဝန် ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် NUG အစိုးရပေးပို့ခဲ့သည့်စာ ရမရကို ပြန်လည်ဖြေကြားခြင်းမရှိပေ။

 

NUG စာထဲတွင် ဂျပန်ဝန်ကြီးချပ် ဖူမီယိုကီရှီဒါနှင့် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီတို့၏ ရာထူးလက်ခံ မှုနှင့်ပတ်သက်၍ ဝမ်းမြောက်ကြောင်း၊ NUG အစိုးရနှင့် သံတမန်ဆက်သွယ်ရေးထူထောင်ပါရန် မေတ္တာရပ်ခံ ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီနှင့် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံ ရန်တောင်းဆိုပါကြောင်း ဖော်ပြထားသည်။

 

ဂျပန်နိုင်ငံတွင်နေထိုင်သော မြန်မာများအပါအဝင် မြန်မာလူမျိုးများသည် UNG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် မျှော်လင့်နေကြောင်း NUG အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးက ကျိုဒိုသတင်းဌာနသို့ပြောသည်။

 

Ref: Myanmar’s shadow gov’t asks Japan to recognize its legitimacy

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Myanmar’s shadow gov’t asks Japan to recognize its legitimacy

 

#PeopleMedia


Share this post