• Follow Us on

Home NUG အနေဖြင့် အောင်မြင်မယ်လို့ယုံကြည်ရင် ခင်ဗျားတို့ကိုယ်တိုင်ထွက်လာခဲ့လို့ ပြောဆိုလိုက်သည့် ဗိုလ်ချုပ် ဇော်မင်းထွန်း

NUG အနေဖြင့် အောင်မြင်မယ်လို့ယုံကြည်ရင် ခင်ဗျားတို့ကိုယ်တိုင်ထွက်လာခဲ့လို့ ပြောဆိုလိုက်သည့် ဗိုလ်ချုပ် ဇော်မင်းထွန်း

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃၀ (People Media)

 

NUG အနေနဲ့ လုပ်ရပ်တွေ အောင်မြင်မယ်လို့ယုံကြည်ရင် ခင်ဗျားတို့ကိုယ်တိုင်ထွက်လာခဲ့လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

 

စက်တင်ဘာ ၃၀ ရက်နေ့၌ နေပြည်တော်တွင်ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း စာရှင်းလင်းပွဲတွင် ၎င်းမှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါရှင်းလင်းပွဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များမှ ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခြင်းခံ ခဲ့ရသည့် သူများနှင့်ပတ်သက်ပြီး Video ဖိုင်များဖြင့် ရှင်းလင်းပြောကြားစဉ် “သူတို့သတ်ခဲ့တဲ့သူတွေဟာ အွန်လိုင်းပေါ်ကနေ မြှောက်ပင့်ပေးပြီး ဒလန်ဆိုလို့သာ သတ်ရတာ ဒလန်ဟုတ်မှန်း မဟုတ်မှန်းလည်း သူတို့ ကိုယ်တိုင်မသိဘူး။ ဒီလိုသွေးဆူလွယ်တဲ့ တက်ကြွတဲ့ကလေးတွေကို မိမိတို့ရဲ့ နိုင်ငံရေး လိုဘပြည့်စေဖို့ အတ္တစိတ်တစ်ခုထဲနဲ့ လမ်းမှားရောက်အောင် ဒီ NUG အကြမ်းဖက်တွေ၊ အစွန်းရောက် NLD တွေက အသုံးချပြီး တွန်းပို့နေတာဖြစ်ပါတယ်။ တချို့နယ်တွေဆိုရင် ပိုဆိုးပါတယ်။ အကြမ်းဖက်သင်တန်းကို မဖြစ်မနေတက်ခိုင်း ပါတယ်။ မတက်ရင် ဒလန်လို့စွပ်စွဲတယ်” ဟု ၎င်းမှပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းမှ “ပြောချင်တာကတော့ ဒီ NUG အစွန်းရောက်တွေအနေနဲ့ ခင်ဗျားတို့ ကိုယ်တိုင် ခင်ဗျားတို့ရဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေဟာ အောင်မြင်မယ်လို့ ယုံကြည်ရင် ဒီကလေးတွေကို မြှောက်ပင့်သွေးထိုးပေးနေဖို့မလိုပါဘူး။ အသုံးမချပါနဲ့။ ခင်ဗျားတို့ကိုယ်တိုင်ထွက်လာခဲ့လို့ ကျွန်တော်ပြောချင်ပါ တယ်” ဟု ပြောကြားခဲသည်။

 

ထို့အပြင် အဆိုပါ ကလေးတွေကို ယခုအခြေအနေမျိုးရောက်အောင် မြှောက်ပင့်ပေးသည့် ပြည်ပတွင် ထွက် ပြေးနေသည့် NUG ခေါင်းဆောင်တွေ တာဝန်ယူ၊ တာဝန်ခံရလိမ့်မည်ဖြစ်ပြီး ပေးဆပ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

အလားတူ နီပိန်း နီပိန်းလို့ ခေါ်ဝေါ်သုံးနှုန်းနေတာတွေရှိပါတယ်။ အဲဒီအခေါ်အဝေါ်အသုံးအနှုန်း ကျွန်တော် ဘယ်တုန်းကမှ မသုံးခဲ့ဘူး။ ဒီနေရာမှာတော့ ပြောရတော့မယ်။ နီပိန်းတင်မကတော့ဘူး။ ပိတ်ပါပိတ်နေတာ နီပိတ်ဖြစ်နေပါပြီဟု ၎င်းမှ ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #ဗိုလ်ချုပ်ဇော်မင်းထွန်း #သတင်းစာရှင်းလင်းပွဲ

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 



Share this post