• Follow Us on

Home NUG ၏ တရားရေးဝန်ကြီးဖြစ်သူ ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေ ဦးသိန်းဦး၏ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းခံရ

NUG ၏ တရားရေးဝန်ကြီးဖြစ်သူ ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေ ဦးသိန်းဦး၏ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းခံရ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁၆ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သန်လျှက်မှော်အနောက်ရပ်ကွက်ရှိ NUG ၏ တရားရေးဝန် ကြီးဖြစ်သူ ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေ ဦးသိန်းဦး၏ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိတ်ပိတ် သိမ်းဆည်းခံရသည်။

 

ဦးသိန်းဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင်တစ်ဦးဖြစ်ပြီး NLD ပါတီကိုယ်စားလှယ်ဟောင်းများက NUG ဖွဲ့စည်းပြီးနောက် နေအိမ်မှ တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

 

“မနေ့က မနက် ၁၁ နာရီလောက်က လာပိတ်သွားတာ နေအိမ်မှာက မိသားစုတွေမရှိဘူး အိမ်က ပိတ်ထားတာ တော်တော်ကြာနေပြီ။ အခုလောလောဆယ်တော့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ပတ်သက်လို့ဆိုပြီး ဆရာရဲ့ နေ အိမ်ကို ချိပ်ပိတ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ရှေ့နေ ဦးသိန်းဦးသည် NLD ပါတီထောက်ခံသူတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နှင့်ပတ်သက်သည့်ဟောပြောပွဲများ၊ ဆန္ဒပြပွဲများနှင့် ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်သူ ဖြစ်သည်။

 

#PeopleMedia #ဦးသိန်းဦး #NUG

 

(unicode)


………………………………………………………………..

 

မန်တလေး၊ ဒီဇငျဘာ ၁၆ (People Media)

 


 


 


 


 



Share this post