• Follow Us on

Home NUG ၏ နွေဦးထီနှင့်ပတ်သက်ပြီး Wave Money အပါအဝင် ပြည်တွင်းငွေလွှဲလုပ်ငန်းများအနေဖြင့် ငွေကြေးလွှဲ ပြောင်းပေးပို့မှုများအား ဗဟိုဘဏ်သို့ သတင်းပေးပို့ရမည်ဖြစ်ပြီး မပေးပို့လျှင်အရေးယူမည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြော

NUG ၏ နွေဦးထီနှင့်ပတ်သက်ပြီး Wave Money အပါအဝင် ပြည်တွင်းငွေလွှဲလုပ်ငန်းများအနေဖြင့် ငွေကြေးလွှဲ ပြောင်းပေးပို့မှုများအား ဗဟိုဘဏ်သို့ သတင်းပေးပို့ရမည်ဖြစ်ပြီး မပေးပို့လျှင်အရေးယူမည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပြော

Share this post

နေပြည်တော်၊ သြဂုတ် ၁၈ (People Media)

 

NUG ၏ နွေဦးထီနှင့်ပတ်သက်ပြီး Wave Money အပါအဝင် ပြည်တွင်းငွေလွှဲလုပ်ငန်းများအနေဖြင့် ငွေကြေးလွှဲ ပြောင်းပေးပို့မှုများအား ဗဟိုဘဏ်သို့ သတင်းပေးပို့ရမည်ဖြစ်ပြီး မပေးပို့လျှင်အရေးယူမည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်မှ ပြောသည်။

 

CRPH နှင့် NUG တို့မှ အောင်လံလွှင့်ချီနွေဦးထီအမည်ဖြင့် ထီဖွင့်လှစ်ရောင်းချနေရာ ပြည်တွင်းတွင် ဖွင့် လှစ်ထားသည့် ဘဏ်အကောင့်များကို အသုံးပြုပြီး ငွေလက်ခံခြင်း၊ Mobile Payment, Mobile Banking များအသုံးပြုပြီး ငွေလွှဲပြောင်းခြင်းများ ပြုလုပ်နိုင်သည့်အတွက် စိစစ်ပေးရန် စီမံဘဏ္ဍာဝန်ကြီးဌာနမှ အကြောင်းကြားလာသည့်အတွက် စိစစ်အရေးယူမည်ဖြစ်ကြောင်း ၎င်းမှပြောသည်။

 

၎င်းမှဆက်လက်ပြီး ပါဝင်ပတ်သက်အားပေးကူညီသူများကို အကြမ်းဖက်ဥပဒေ၊ ငွေရေးကြေးရေးဥပဒေများနှင့် အရေးယူသွားမည်ဟုလည်း ပြောကြားခဲ့သည်။

 

NUG ၏ နွေဦးထီကို သြဂုတ် ၁၅ ရက်နေ့ ညနေပိုင်းအချိန်တွင် စတင်ရောင်းချခဲ့ပြီး ယင်းနေ့တစ်ရက်တည်းမှာ ပင် သတ်မှတ်ထားသည့် ထီအစောင်ရေ ငါးသောင်းအထိ ရောင်းခဲ့ရကြောင်း NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

အဆိုပါ ထီမရောင်းချခင် သြဂုတ် ၁၄ ရက်နေ့တွင် အောင်ဘာလေထီဌာန၏ စီမံညွှန်ကြားရေးမှူး ဦးညီညီလှိုင်မှ အွန်လိုင်းမှတစ်ဆင့် တရားမဝင်ထီထိုးသူများ၏ ဘဏ်အကောင့်များကို ပိတ်သိမ်းသည်အထိ အရေးယူနိုင် ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြောကြားထားသည်။

 

ထို့ကြောင့် ဘဏ်များ၊ ဘဏ်မဟုတ်သောငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် မိုဘိုင်းငွေရေးကြေးရေးဝန် ဆောင်မှုပေးသူများအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး နေ့စဉ်ငွေလွှဲပြောင်းဆောင်ရွက်ခြင်းတွင် ငွေလွှဲပြောင်း ပေးချေရသည့်အကြောင်းအရင်းအပြည့်အစုံ၊ ငွေလွှဲသူစာရင်း အမှတ်လက်ခံသူစာရင်းအမှတ်၊ ငွေသားပမာဏ စသည့်အချက်အလက်များ စိစစ်ရန် မည်သည့်အွန်လိုင်းစနစ်ဖြင့်မဆို ပေးချေမှုများတွင် သတင်းအချက် အလက်များပြည့်စုံစွာ ထည့်သွင်းရန် ဗဟိုဘဏ်မှ ညွှန်ကြားထားသည်။

 

အလားတူ အကြောင်းကြားရန်ပျက်ကွက်ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ စီမံခန့် ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူမည်ဖြစ်ကြောင်း ဘဏ်များအားလုံး၊ ဘဏ်မဟုတ်သော ငွေရေး ကြေးရေးအဖွဲ့အစည်းများ(ငွေရေးကြေးရေးကုမ္ပဏီများ) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများအား အကြောင်းကြားထားသည်ဟုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #NUG #နွေဦးထီ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 


 



Share this post