• Follow Us on

Home NUG နှင့် စစ်ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းမရှိကြောင်း RCSS ထုတ်ပြန်

NUG နှင့် စစ်ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းမရှိကြောင်း RCSS ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈ (People Media)

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမသဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်းမရှိကြောင်း RCSS မှ ယနေ့ ထုတ် ပြန်လိုက်သည်။

 

လက်ရှိ တိုင်းပြည်နိုင်ငံရေး အကျပ်အတည်းကာလတွင် မိမိကြိုက်နှစ်သက်အားပေးထောက်ခံသော အဖွဲ့ အစည်းတစ်ခုခုကို မျက်စိစုံမှိတ်၍ တစ်ဖက်စွန်းထောက်ခံသူများသည် အခြားအဖွဲ့အစည်းတစ်ခုခုကို အမြင် အထင်လွဲမှားစေရေးနှင့် မိမိထောက်ခံသော အဖွဲ့အစည်းတစ်ခုခုကို ထောက်ခံအားပေးလာစေရေးအတွက် သတင်းအမှားများကို နည်းလမ်းပေါင်းစုံဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းကျင့်ဝတ်သိက္ခာမဲ့စွာ အဆက်မပြတ် ဖော်ပြလာသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်သည်။

 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့အကြား နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ပဏာမသဘောတူညီချက်ဟူသော တကယ့် သဘောတူစာချုပ်ကဲ့သို့ ထင်ရသော စာချုပ်အတုတစ်ခု၊ သတင်းအမှားတစ်ရပ်ကို တစ်စုံတစ်ဦး  သို့မဟုတ် တစ်စုံတစ်ခုသော အဖွဲ့အစည်းက လူမှုကွန်ရက်ပေါ်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ချိ သတင်းတင် ဖော်ပြခဲ့သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

 

RCSS သည် PPST အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်သည်နှင့်အညီ လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်း ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်နေ ကြောင်း ထုတ်ပြန်ခဲ့သည်။

 

ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော NUG နှင့် RCSS ပဏာမ သဘောတူညီချက် ဟူသော သဘောတူညီချက်သည် အတုအယောင်သာဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း RCSS ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်လိုက်သည်။

 

#PeopleMedia #RCSS

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #RCSS


Share this post