• Follow Us on

Home NUG နှင့် PDF အဖွဲ့များထံ ထောက်ပံ့လှူဒါန်းသည့် ဘဏ် အကောင့်များ၊ Wave Pay အကောင့်များ အပိတ်ခံရ

NUG နှင့် PDF အဖွဲ့များထံ ထောက်ပံ့လှူဒါန်းသည့် ဘဏ် အကောင့်များ၊ Wave Pay အကောင့်များ အပိတ်ခံရ

Share this post

အကြမ်းဖက်အဖွဲ့၏ အကောင့်များကို ပိတ်ထားခြင်းဖြစ်ပြီး လူမှုရေးအဖွဲ့အစည်းများ၏ အကောင့်များကို ပိတ်ထားခြင်း မရှိကြောင်း တာဝန်ရှိသူရှင်းလင်း
………………………………………………

ရန်ကုန်၊ သြဂုတ် ၇ (People Media)

NUG နှင့် PDF အဖွဲ့များထံ ထောက်ပံ့လှူဒါန်းသည့် ဘဏ်
အကောင့်များ၊ Wave Pay အကောင့်များ အပိတ်ခံရတယ်
လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထိုကဲ့သို့ NUG နှင့် PDF အဖွဲ့တို့ထံ ထောက်ပံ့လှူဒါန်းထားသည့် အလှူငွေများ၏ ဘဏ်အကောင့်များ pay များ အ
ပိတ်ခံထားရမှုအပေါ် People Media မှ ငွေရေးကြေးရေး
နှင့်ပတ်သက်သည့် တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေး
မြန်းရာ”လူမှုရေးအဖွဲ့အစည်းအသီးသီးတွေရဲ့ ဘဏ်အကောင့်တွေ၊ Pay အကောင့်အမျိုးမျိုးကို ပိတ်ထားခြင်း မရှိပါဘူး။ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ထားတဲ့ အဖွဲ့တွေ ဖြစ်လို့ သူတို့နဲ့ သက်ဆိုင်တဲ့ အလှူခံတဲ့ အကောင့်တွေကို ပိတ်ထားရခြင်း ဖြစ်ပါတယ်လို့”အဆိုပါ တာ
ဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်၌ NUG နှင့် သက်ဆိုင်သည့်အဖွဲ့များ၊ PDF
နှင့် သက်ဆိုင်သည့်အဖွဲ့များ၏ ဘဏ်အကောင့်များ၊ Pay အကောင့်များ အပိတ်ခံထားရပြီး ငွေထုတ်ယူမှု မပြုလုပ်
နိုင်သေးကြောင်း PDF အဖွဲ့ဝင်က ပြောပါတယ်။

ထိုကဲ့သို့ ငွေရေးကြေးရေး အာဏာပိုင်အဖွဲ့က ထိုကဲ့သို့
ပိတ်ပင်ရခြင်းနှင့် ပတ်သက်၍ People Media က ဆက်
လက်မေးမြန်းရာ “အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို
သြဂုတ်လ ၁ ရက်နေ့က ပြင်ဆင်လိုက်တယ်။ အဲ့ဒီမှာ ပုဒ်မ ၅၂(က)အရ အကြမ်းဖက်အုပ်စုနဲ့ အကြမ်းဖက်လုပ်ငန်းများအတွက် ပါဝင်ခြင်း၊ စည်းရုံးခြင်း၊ ထောက်ပံ့ခြင်းများ စသည်
ဖြင့် ဆောင်ရွက်ရင် ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်ထိ
သတ်မှတ်ထားပါတယ်။ ဒါကြောင့် အကောင့်တွေ ပိတ်ရ
ခြင်း ဖြစ်ပါတယ်။ အဲ့ဒီလို အဖွဲ့တွေနဲ့ ပတ်သက်ပြီး အလှူခံပေးတာတွေဆိုလည်း အရေးယူခံရမှာပါ”လို့ ပြောပါတယ်။

#PeopleMedia #PDF #NUG

(unicode)
NUG နှင့် PDF အဖွဲ့များထံ ထောက်ပံ့လှူဒါန်းသည့် ဘဏ်
အကောင့်များ၊ Wave Pay အကောင့်များ အပိတ်ခံရ