• Follow Us on

Home NUG/CRPH နဲ့ PDF အဖွဲ့များ၏ ကျောင်းမတက်ရေး လှုံ့ဆော်ချက်များသည် ပြည်သူလူထုရဲ့ သားသမီးများကို ပညာမဲ့တွေဖြစ်စေပြီး တိုင်းပြည်နှင့် လူထုကို ကျွန်ဘဝရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်၍ သတိပြုရန် န-စ-ကဥက္ကဋ္ဌ ပြောကြား

NUG/CRPH နဲ့ PDF အဖွဲ့များ၏ ကျောင်းမတက်ရေး လှုံ့ဆော်ချက်များသည် ပြည်သူလူထုရဲ့ သားသမီးများကို ပညာမဲ့တွေဖြစ်စေပြီး တိုင်းပြည်နှင့် လူထုကို ကျွန်ဘဝရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်၍ သတိပြုရန် န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ (People Media)

 

 

NUG/CRPH နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ကျောင်းမတက်ရေး လှုံ့ဆော်ချက်များသည် ပြည်သူ လူထုရဲ့ သားသမီးများကို ပညာမဲ့တွေဖြစ်စေပြီး တိုင်းပြည်နှင့် လူထုကို ကျွန်ဘဝရောက်အောင် လုပ်ဆောင်နေ ခြင်းဖြစ်၍ သတိပြုရန် န-စ-ကဥက္ကဋ္ဌ ပြောကြားလိုက်ပါတယ်။

 

 

ဖေဖော်ဝါရီ ၁ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်ပြည့် ဆောင်ရွက်ချက်များနှင့် ပတ်သက် သည့် မိန့်ခွန်း၌ န-စ-ကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

 

ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီး သူတွေထဲမှ အလယ်တန်းအဆင့်နဲ့ ၎င်းအဆင့်အောက် ပညာမသင်ကြားခဲ့ရသူပေါင်း ၁၈ ဒဿမ ၂ သန်းနီးပါး ခန့်ရှိတာကို တွေ့ရှိရတဲ့အတွက် နိုင်ငံလူဦးရေရဲ့ ၃ ပုံ ၁ ပုံခန့်ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးမြှင့်တင်ရေး လုပ်ငန်းတွေကို အလေးထားဆောင်ရွက်လျှက်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အခြေခံပညာအထက်တန်း အဆင့်ကျောင်းပေါင်း ၆,၁၇၈ ကျောင်း၊ အလယ်တန်းအဆင့်ကျောင်းပေါင်း ၁၅,၈၇၇ ကျောင်း၊ မူလတန်း အဆင့်ကျောင်းပေါင်း ၂၅,၇၀၅ ကျောင်း၊ စုစုပေါင်း အခြေခံပညာအဆင့်ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်းရှိပါ တယ်။ စာသင်ကျောင်းတွေကို ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ပါတယ်။ ယခုအခါတော့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်တဲ့အတွက် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို ဖွင့်လှစ်ရာမှာ အထက်တန်းအဆင့် ၅,၂၀၉ ကျောင်း၊ အလယ်တန်းအဆင့် ၁၂,၇၈၉ ကျောင်း၊ မူလတန်းအဆင့် ၂၁,၂၄၇ ကျောင်း၊ စုစုပေါင်း ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင် ချိန်မှာ ကျောင်းတက်ဖို့ လာရောက်စာရင်းသွင်းထားသူတွေအနက် ၈၀ ရာခိုင်နှုန်းကျော် ကျောင်းလာတက် ရောက်နေကြပါတယ်။ ကျွန်တော်တု့ိအနေနဲ့ ကြေညာထားတဲ့အတိုင်း မတ်လနောက်ဆုံးပတ်နဲ့ ဧပြီလပထမ အပတ်အတွင်း အတန်းတင်စာမေးပွဲတွေ စစ်မေးမှာဖြစ်တဲ့အတွက် ကျောင်းတက်ဖို့ နှောင့်နှေးနေတဲ့ ကျောင်း သားတွေနဲ့ မိဘတွေအနေနဲ့ နစ်နာမှုမရှိစေဖို့ အသိပေးလိုပါတယ်။ ကျွန်တော်တို့ကတော့ ကြိုဆိုနေပါတယ်။ ပညာသင်ကြားခြင်းဟာ အစိုးရတွက် မဟုတ်ပါဘူး။ ကာယကံရှင်ရဲ့ဘဝတိုးတက်စေဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ NUG၊ CRPH နဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေရဲ့ ကျောင်းမတက်ရေးလှုံ့ဆော်ချက်တွေဟာ တိုင်းရင်း သားပြည်သူလူထုရဲ့ သားသမီးတွေကို ပညာမဲ့တွေဖြစ်စေပြီး တိုင်းပြည်နဲ့လူထုကို ကျွန်ဘဝကိုရောက်အောင် လုပ်ဆောင်နေတာပဲဖြစ်လို့ သတိရှိကြဖို့ပြောလိုပါတယ်” လို့ န-စ-ကဥက္ကဋ္ဌက ပြောကြားသည်။

 

 

#PeopleMedia

 

 

(unicode)


…………………………………………………………………

 

 


 

 


 

 


 

 


 

 

#PeopleMedia


Share this post