• Follow Us on

Home NUG/NLD/PDF လက်ချက်ဖြင့် သံဃာတော် (၇၆) ပါး ပျံလွန်တော်မူပြီး (၅၇) ပါး ဒဏ်ရာရ

NUG/NLD/PDF လက်ချက်ဖြင့် သံဃာတော် (၇၆) ပါး ပျံလွန်တော်မူပြီး (၅၇) ပါး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၃

 

တပ်မတော်မှ နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ခဲ့သည့် ကာလမှ စတင်၍ ယနေ့ထိ မြန်မာနိုင်ငံ တစ်ဝန်းလုံး ၌ သံဃာတော် (၇၆) ပါးသည် NUG/NLD/PDF လက်ချက်ဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး (၅၇) ပါး ဒဏ် ရာရရှိခဲ့သည်။

 

လက်ရှိအချိန်ထိ NUG/NLD/PDF လက်ချက်ဖြင့် သံဃာတော် (၇၆) ပါး ဘဝနတ်ထံ ပျံလွန်တော်မူပြီး (၅၇) ပါး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

 

သံဃာတော်များကို OIC ၏ ငွေကြေးထောက်ပံ့မှု ရယူထားသည့် NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားမှုဖြင့် မြို့ပေါ်ရောက် အစွန်းရောက် NLD ထောက်ခံသူများ၏ ခိုင်းစေမှုဖြင့်လည်းကောင်း၊ NUG ၏ ငွေကြေး ထောက်ပံ့မှု ရယူထားသည့် ခရစ်ယာန် EAOs (KIA/KNU) အကြမ်းဖက်အဖွဲ့များ၏ ပူးပေါင်းလုပ်ဆောင်မှုဖြင့် လည်းကောင်း၊ ကွန်မြူနစ်/ ဘာသာမဲ့စိတ်ဓာတ် မှိုင်းသွင်းခံထားရသည့် အသုံးချခံ ဗုဒ္ဓဘာသာဝင် PDF လူငယ် များ၏ အကြမ်းဖက်လုပ်ရပ်ကျူးလွန်မှုကြောင့်လည်းကောင်း သတ်ဖြတ်မှုများ ကျူးလွန်နေခြင်းဖြစ်သည်။

 

ဇူလိုင်လ (၁၁)ရက် ညနေ (၃)နာရီအချိန်က မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုးကျေးရွာ အရှေ့ဘက်ပိုင်းရှိ စိတ္တသုခ ကျောင်းဝန်းအတွင်းတွင် ဆရာတော် ဦးပညာသာမိအား PDF အဖွဲ့ဝင် (၅) ဦးမှ လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဆရာတော် ပျံလွန်တော်မူသွားခဲ့သည်။

 

NUG/PDF အဖွဲ့အနေဖြင့် သာသနာပိုင် အဆောက်အဦးများ၊ ဘုန်းတော်ကြီးကျောင်းများကို လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ Drone ယာဉ်များအသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းနှင့် ရဟန်း သံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိနေကြသည်။

 

ယင်းနောက်တွင် NUG/PDF အဖွဲ့ဝင်များအနေဖြင့် ထွေအုပ်ရုံးများ၊ ရဲစခန်းများ၊ လဝက ရုံးများ၊ လမ်းတံတား များကိုလည်း Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပြီး အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများအားလည်း ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

 

#PeopleMedia


Share this post