NUG/PDF အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျောင်း ဆရာ/ဆရာမ အပါအဝင် ပညာရေးဝန်ထမ်း စုစုပေါင်း ၂၃ ဦး သေဆုံး၊ ၂၈ ဦး ဒဏ်ရာရရှိခဲ့

PUBLISHED - March 8, 2022
မန္တလေး၊ မတ် ၈
NUG/PDF အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျောင်း ဆရာ/ဆရာမများ အပါအဝင် ပညာရေးဝန်ထမ်း စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့သလို ၂၈ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
NUG ၏ ညွှန်ကြားချက်ကြောင့် ၎င်းတို့အဖွဲ့၏ လက်အောက်ခံ PDF အဖွဲ့များသည် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျောင်းများအနီး မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိသလို CDM ပြုလုပ်ခြင်း မရှိ သည့် ဆရာ/ဆရာမများ၊ ပညာရေးဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ဓါးပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း များကို ပြုလုပ်ခဲ့ကြသည်။
တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီတာဝန်ထမ်းဆောင်ပြီးနောက် CDM မပြုလုပ်သည့် ကျောင်းဆရာ/ ဆရာမများကို ရည်ရွယ်ချက်ရှိရှိ လိုက်လံ၍ PDF အဖွဲ့များက ကျူးလွန်လျက်ရှိသည်။
“NUG ရဲ့ ညွှန်ကြားချက်ကို PDF က အကောင်အထည်ဖော်တာ။ PDF ရဲ့ ဆောင်ရွက်ချက်တိုင်းက NUG က ညွှန်ကြားတာဖြစ်တယ်။ ပညာရေးဝန်ထမ်းတွေကို သတ်တာက တိတိကျကျ ပြောရရင် NUG ရဲ့ ညွှန်ကြား ချက်ပါ” လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ PDF များသည် ပညာရေး၊ ကျန်းမားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးပါတီဝင်များ၊ သံဃာ တော်များကို လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်လျက်ရှိသည်။
#PeopleMedia
(unicode)
……………………………..
မန်တလေး၊ မတျ ၈
#PeopleMedia